“ ကမ္ဘာ့အကြီးမားဆုံး ပါးရိုးပိုင်ရှင်” ဖြစ်တဲ့မော်ဒယ်ဟာ သူမ Filler များမပြုလုပ်မီ ၂၁ အရွယ်က အလွန်ခြားနားတဲ့သူမဓာတ်ပုံကို ပြန်လည်မျှဝေခဲ့

အသက် ၃၂ ​​နှစ်အရွယ် Anastasia Pokreshchuk အမည်ရှိ morden influencer တစ်ဦးဟာ သူမမျက်နှာအား ပေါင် ၁၅၀၀ တန်ဖိုးရှိတဲ့ “ ကမ္ဘာ့အကြီးဆုံးပါးရိုး “ ဖြစ်လာအောင် Filler ဆေးများမထိုးခဲ့စဉ်က သူမအသက် ၂၁ နှစ်အရွယ်ရှိသူမရဲ့သဘာဝအလှဓာတ်ပုံများကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ သူမရဲ့ယခင်ကမျက်နှာပုံက အညိုရောင် မျက်လုံးကြီးကြီးများ ၊ နက်မှောင်တဲ့ဆံပင် နှင့် ညိုရောင်တမ်းတဲ့ အသားအရည်ရှိနေတာကို သင်တွေ့ရမှာပါ။

.

Anastasia ဟာ သူမ အသက် ၂၆ နှစ်အရွယ်မှာ ပထမဆုံးအကြိမ်အဖြစ် မျက်နှာ filler ကိုပြုလုပ်ခဲ့ပြီးနောက် သူမရဲ့ပါးရိုးများကြောင့် လူသိများလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

.

Anastasia ဟာ Botoxed skin ၊ lip filler နှင့် သူမရဲ့နဖူးထဲသို့ Botox ထိုးသွင်းခဲ့တဲ့အပြင် အနက်ရောင်ဆံနွယ်များကို ကွေးကောက်နေမဲ့အစား Barbie ကဲ့သို့ တောက်ပတဲ့ပန်းရောင်အဖြောင့်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပါတယ်။

“ မင်းတို့ သတိထားမိကြလား ၊ ဘယ်ဘက်ကပုံက ကျွန်မ အသက် ၂၁ နှစ်လောက်တုန်းကဖြစ်မယ် “လို့ Anastasia က သူမရဲ့ caption မှာရေးသားခဲ့ပါတယ်။ ထို့အပြင် Anastasia က “ ဟုတ်ပါတယ်၊ အရင်က ရုပ်က ပိုကောင်းခဲ့တယ် ၊ ဒါမှမဟုတ် မကောင်းခဲ့ဘူး “လို့လည်း ရယ်ရယ်မောမောပြောခဲ့ပါသေးတယ်။

.

ထို့နောက် Anastasia ရဲ့ အဆိုပါလျှပ်တစ်ပြက်ရိုက်ချက်ဓာတ်ပုံက like ပေါင်း ၁၆,၆၀၀ ကျော်ရရှိခဲ့ပြီး မှတ်ချက်များစွာလည်း ရရှိခဲ့ပါတယ်။ အချို့က သူမအား “ ကွဲပြားပေမဲ့ အခုလည်း လှတယ် “ ဟုမှတ်ချက်ပေးခဲ့ကြသလို အချို့ကလည်း သူမရဲ့ပင်ကိုယ်ရုပ်ရည်ကသာ လှပြီး သဘောကျချင်စရာကောင်းတယ်ဆိုတဲ့မှတ်ချက်အမျိုးမျိုးကို ပေးခဲ့ကြသလို အချို့ကလည်း သူမအား ဝေဖန်ခဲ့ကြပါတယ်။

.

ပရိတ်သတ်များက မော်ဒယ်ဖြစ်တဲ့ Anastasia ကို ခုခံကာကွယ်ပေးခဲ့ကြပြီး သူမအား အခြားသူများရဲ့ထင်မြင်ယူဆခြင်းကို ဂရုမစိုက်ရန် နှင့် သူမကိုယ်တိုင်ကြိုက်နှစ်သက်ပြီး သူမအတွက် သက်တောင့်သက်သာရှိတယ်လို့ ခံစားရဖို့သာ အဓိကကျကြောင်း ထိုကဲ့သို့ပြောဆိုပေးခဲ့ကြပါတယ်။

.

“ ကျွန်မ ဆေးစစထိုးပြီးတာနဲ့ ကျွန်မပါးပြင်က အပြောင်းအလဲမြင်တာနဲ့ လူတွေက ကျွန်မကို သဘောကျပြီး ချစ်လာခဲ့ကြပါတယ်၊ ကျွန်မရဲ့ပုံစံက တစ်ခြားသူတွေအတွက် ထူးဆန်းတယ်ဆိုတာ နားလည်ပေမယ့်လည်း ကျွန်မစိတ်မ၀င်စားပါဘူး “ လို့ Anastasia က ဝေဖန်သူများအတွက် ပြန်ဖြေကြားထားခဲ့ပါတယ်။

စာဖတ်သူတို့အနေနဲ့ကော သူမရဲ့ယခင်နဲ့ယခု ရုပ်ရည်တို့ကို ဘယ်လိုထင်မြင် ယူဆမိပါသလဲဗျာ။

Mia (Mckzone Daily)

Source : dailystar

Be the first to comment on "“ ကမ္ဘာ့အကြီးမားဆုံး ပါးရိုးပိုင်ရှင်” ဖြစ်တဲ့မော်ဒယ်ဟာ သူမ Filler များမပြုလုပ်မီ ၂၁ အရွယ်က အလွန်ခြားနားတဲ့သူမဓာတ်ပုံကို ပြန်လည်မျှဝေခဲ့"

Leave a comment

Your email address will not be published.


*