အရောင်အသွေးစုံလင်တဲ့လောကကြီးကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရလို့ ဝမ်းသာမျက်ရည်များကျခဲ့ရတဲ့ color binldness ဖခင်တစ်ဦး (ရုပ်သံ)

အရာရာကို သေချာမမြင်ရဘဲမှုန်ဝါးနေသလိုခံစားနေရတဲ့လူတစ်ဦးအတွက် ၎င်းကိုကုသရန် ပါဝါပါတဲ့ မျက်မှန် (သို့) မျက်ကပ်မှန်တို့ကို တပ်ဆင်နိုင်ပေမဲ့ Color blindness ( အရောင်တွေကို ခွဲခြားမသိနိုင်သလို အရာရာကို အမည်းရောင်အဖြစ်ဘဲ မြင်တွေ့ရခြင်း) နှင့်ပတ်သက်လာရင်တော့ ကုသစရာနည်းလမ်းမရှိသေးပါဘူး။ သို့ပေမဲ့လည်း ထိရောက်တဲ့ရလဒ်များပေးစွမ်းနိုင်တဲ့ ရွေးချယ်မှုများစွာ နေရှိပါတယ်။ မကြာသေးခင်က color blindness သမားများအတွက် အလွန်ဈေးကြီးပြီး limited ဖြင့် ထုတ်လုပ်ထားတဲ့ အရောင်ခွဲခြားနိုင်တဲ့မျက်မှန်တစ်မျိုး ပေါ်ထွက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးဟာ အရောင်ကာလများကိုခွဲခြားမရတဲ့ Color blindness တစ်ဦးအဖြစ်မွေးဖွားလာခဲ့တဲ့ သူမရဲ့အစ်ကိုဖြစ်သူအတွက် ထို limited မျက်မှန်ကို ဝယ်ယူပေးရန်အတွက် ရန်ပုံငွေရှာဖွေရေးလှုံ့ဆော်မှုတစ်ခုကို စတင်ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ပန်းတိုင်သို့ရောက်လာခဲ့ပြီး အစ်ကိုဖြစ်သူအတွက် အံ့ဩစရာအစီအစဉ်ကို စီစဉ်ပေးခဲ့ပါတော့တယ်။ မှာထားတဲ့ထိုမျက်မှန်က အိမ်ကိုရောက်လာတဲ့အခါ အဆိုပါအစ်ကိုဖြစ်သူဟာ အိမ်ရှေ့မှာထိုင်ရင်း သူ့ရဲ့ကလေးများရှေ့မှာပင် ၎င်းအထုပ်ကို ဖွင့်နေခဲ့ပါတယ်။

အစပိုင်းမှာတော့ အစ်ကိုဖြစ်သူဟာ ၎င်းအထုပ်ကို ဖြေကြည့်လိုက်ပေမဲ့လည်း ၎င်းမျက်မှန်က သာမန်နေကာမျက်မှန်များနှင့်သာတူနေခဲ့တာကြောင့် သူဟာ ဘယ်လိုမှကို သံသယမဖြစ်နေခဲ့ပါဘူး။

ထို့နောက် ညီမဖြစ်သူက သူ့အား ၎င်းမျက်မှန်ကိုတပ်ကြည့်ဖို့တောင်းဆိုပြီးတဲ့နောက်မှာတော့ အစ်ကိုဖြစ်သူဟာ ချက်ချင်းပင်အံ့ဩသွားခဲ့ရပြီး ရောင်စုံအင်္ကျီထူများဝတ်ထားတဲ့ သူ့ရဲ့ကလေးတွေကိုမြင်လိုက်ရတဲ့အခါ အစ်ကိုဖြစ်သူဟာ မျက်ရည်များစီးကျကာ ငိုကြွေးသွားခဲ့ရပါတယ်။

ထို့အပြင် အစ်ကိုဖြစ်သူဟာ သူ့ကလေးများရဲ့တောက်ပတဲ့မျက်လုံးအရောင်များကို ပထမဆုံးအကြိမ်အဖြစ်မြင်လိုက်ရတော့ အလွန်ကိုဝမ်းသာသွားခဲ့ရပြီး မြေပြင်ပေါ်သို့ထိုင်ချလိုက်တဲ့အခါ သူ့ရဲ့ကလေးများကလည်း ဖခင်ဖြစ်သူရဲ့အနားသို့ ချဉ်းကပ်ခဲ့ကြပြီး အချင်းချင်းပွေ့ဖက်ရင်း အတူတကွငိုကြွေးခဲ့ကြပါတယ်။

ထို့နောက် အဆိုပါအစ်ကိုဖြစ်သူဟာ အနည်းငယ် လမ်းထလျှောက်လာကာ သူ့ကားရဲ့အရောင်နှင့် သူ့အိမ်ရှေ့မှာ စိုက်ထားတဲ့ပန်းမျိုးစုံရဲ့အရောင်များကိုလည်း သေချာစွာလိုက်ကြည့်နေခဲ့ပါတယ်။ သူ့အတွက် ဒီအတွေ့အကြုံက အရမ်းဈေးကြီးနေပေမဲ့လည်း သူဟာ ၎င်းမျက်မှန်ကိုအရမ်းကြိုက်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

အင်တာနက်သုံးစွဲသူများက အဆိုပါအမျိုးသားအတွက် ဝမ်းသာပေးခဲ့ကြပြီး အချို့ကလည်း ၎င်းတို့ရဲ့အရောင်မခွဲခြားနိုင်တဲ့မိသားစုဝင်များရဲ့အကြောင်းများနှင့် ၎င်းတို့အား ထိုကဲ့သို့သောမျက်မှန်ကို ဝယ်ပေးချင်ကြောင်းကို အချင်းချင်းပြောပြခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "အရောင်အသွေးစုံလင်တဲ့လောကကြီးကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရလို့ ဝမ်းသာမျက်ရည်များကျခဲ့ရတဲ့ color binldness ဖခင်တစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*