သွေးတိုး၊ဆီးချို နှင့် ဆီးမထိန်းနိုင်တဲ့နာတာရှည်ရောဂါများခံစားနေရပေမဲ့လည်း အချိုရည်ဆိုင်မှာ နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေဆဲဖြစ်တဲ့ ၇၇ နှစ်အရွယ်အဘိုးတစ်ဦး

Singapore နိုင်ငံရှိ အသက် ၇၇ နှစ်အရွယ် Hawker အမည်ရှိအဘိုးတစ်ဦးဟာ သူ့မှာ သွေးတိုး၊ဆီးချိုရောဂါ နှင့် ဆီးမထိန်းနိုင်ခြင်းကဲ့သို့သော နာတာရှည်ရောဂါများခံစားနေရပေမဲ့လည်း ယခုအချိန်ထိ Beo Crescent Market ရှိ အချိုရည်အရောင်းဆိုင်မှာ နေ့စဉ် နံနက် ၇ နာရီ မှ ညနေ ၇ နာရီအထိ အလုပ်လုပ်နေဆဲဖြစ်ပါတယ်။ အဘိုး Hawker က Beo Crescent Market ရှိ ၎င်းအချိုရည်အရောင်းဆိုင်မှာ ၅၇ နှစ်ကြာသည်အထိ လုပ်ကိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဘိုး Hawker ဟာ ဇနီးဖြစ်သူဆုံးပါးသွားပြီးနောက်မှာ တစ်ယောက်တည်းကျန်ရစ်ကာ နေထိုင်ခဲ့ပြီး သူ့ရဲ့နေ့စဉ်အလုပ်များကိုသာ တိတ်ဆိတ်စွာ ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ သို့ပေမဲ့ ကူးစက်ရောဂါကြောင့် နှင့် အဘိုး Hawker ရဲ့ကျန်းမာရေးအခြေအနေမကောင်းခြင်းတို့က အဘိုးရဲ့အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်လာစေခဲ့ပါတယ်။

ခြေထောက်များတောင့်တင်းခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါအပြင် ဆီးမထိန်းနိုင်တာကြောင့် အဘိုး Hawker ဟာ လူကြီး diaper များကို အမြဲတမ်းဝတ်ဆင်ထားရတဲ့အပြင် diaper ကို လည်း တစ်နေ့ ၂-၃ ကြိမ်အထိလဲပေးရကြောင်း သိရှိရပါတယ်။

အဘိုးက “ ငါ့မှာ စုဆောင်းထားတဲ့ငွေတွေ အများကြီးမရှိဘူး၊ ငါ ဆရာဝန်နဲ့ပုံမှန်သွားတွေ့ပြီး နေ့တိုင်းဆေးသောက်ရမယ်၊ အဲဒါကြောင့် ငါ့ကိုယ်ငါထောက်ပံ့နိုင်အောင် ငါဆက်ပြီး ကြိုးစားဖို့လိုနေသေးတယ်” လို့ဆိုခဲ့ပါတယ်။

ကူးစက်ရောဂါကြောင့် အဘိုးသွားနေကျ့၎င်းဈေးကလည်း မကြာသေးမီက အကန့်အသတ်များဖြင့်ပိတ်ထားလိုက်တာကြောင့် ၀င်ပေါက်နှင့်ထွက်ပေါက်နှစ်ခုသာ ရှိပါတယ်။ထို့ကြောင့် အဘိုး Hawker အတွက် သန့်စင်ခန်းသို့ ၅ မိနစ်သာ လမ်းလျှောက်ခဲ့ရတဲ့အရာက ယခုအခါ အဘိုးအတွက် မိနစ် ၂၀ ခရီးထိဖြစ်လာခဲ့တာကြောင့် အဘိုးအတွက် သန့်စင်ခန်းသို့ အသွားအပြန်လမ်းလျှောက်ရန် မိနစ် ၄၀ အထိကြာမြင့်သွားခဲ့ပါတယ်။

ထို့အပြင် အဘိုးက သူ့ရဲ့လက်ရှိအခြေအနေကြောင့် သူဟာ လာမဲ့ ၂ နှစ်အတောအတွင်းမှာ အငြိမ်းစားယူဖွယ်ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။ ထို့ကြောင့် MS News သတင်းက အဘိုး Hawker အား လူမှုဖူလုံရေးနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်ပေးဖို့ ကြိုးစားခဲ့ကြတာကြောင့် ၎င်းဌာနက အဘိုးလိုအပ်မဲ့ အထောက်အပံ့ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြပါတယ်။

လက်ရှိမှာတော့ အဘိုးဟာ သူ့ရဲ့အလုပ်ကနေ ခဏတာအနားယူထားပြီးဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတစ်ဦးက သူ့ကိုယ်တိုင်အတွက် အသက်မွေးဝမ်းကျောင်းပြုဖို့ ကြိုးစားလုပ်ကိုင်နေတာကိုမြင်ရခြင်းက ဝမ်းနည်းစရာကောင်းလှပါတယ်။ လူအများက အဘိုးကို ထောက်ပံ့ပေးနေမယ်လို့မျှော်လင့်ရင်း အဘိုးလည်း အလုပ်နားပြီး သက်တောင့်သက်သာနဲ့ နေထိုင်နိုင်မယ်လို့လည်း ဆုတောင်းမိပါတယ်။

Mia (Mckzone Daily)

Source : mustsharenews

Be the first to comment on "သွေးတိုး၊ဆီးချို နှင့် ဆီးမထိန်းနိုင်တဲ့နာတာရှည်ရောဂါများခံစားနေရပေမဲ့လည်း အချိုရည်ဆိုင်မှာ နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေဆဲဖြစ်တဲ့ ၇၇ နှစ်အရွယ်အဘိုးတစ်ဦး"

Leave a comment

Your email address will not be published.


*