ကလေးမရှိသလို အိမ်ထောင်လည်းမရှိတဲ့အမျိုးသမီးများက အပျော်ရွှင်ဆုံးလူသားများသာဖြစ်ကြောင်းဆိုခဲ့တဲ့ ကျွမ်းကျင်ပါမောက္ခတစ်ဦး

လူတို့ဟာ အိမ်ထောင်ရေးနှင့်ကလေးများယူခြင်းကဲ့သို့သော ပျော်ရွှင်မှုများရရှိရန် အချို့သောမှတ်တိုင်များကို ရယူသင့်တယ်လို့လူ့အဖွဲ့အစည်းက မကြာခဏဆုံးဖြတ်တတ်ကြပေမဲ့လည်း ဤပညာရှင်တစ်ဦးကတော့ မကြာသေးခင်က ကျွန်ုပ်တို့ထဲမှအချို့ဟာ လူမှုစံနှုန်းများကို မလိုက်နာဘဲ ပျော်ရွှင်နေဆဲဟု ထောက်ပြခဲ့ပါတယ်။ အဆိုပါ ပါမောက္ခ Dolan က သူ့ရဲ့တွေ့ရှိချက်များအပေါ် အခြေခံ၍ “ ရေရှည်တည်တံ့ခိုင်မြဲသောရိုးရာအောင်မြင်မှုသင်္ကေတများ” က ပျော်ရွှင်မှုအဆင့်နှင့်အမြဲမသက်ဆိုင်ဘူးဟုကောက်ချက်ချခဲ့ပါတယ်။ ပါမောက္ခက အိမ်ထောင်ရေးဟာ အမျိုးသားများအား“ စိတ်အေးချမ်းမှု” ပေးနိုင်သောကြောင့် ၎င်းမှအကျိုးကျေးဇူးရပုံပေါ်သော်လည်း အမျိုးသမီးများအနေနဲ့ အိမ်ထောင်မရှိ၊ ကလေးမရှိတဲ့အခါ ၎င်းတို့အတွက် အပျော်ဆုံးဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ပါမောက္ခက “ အိမ်ထောင်ရှိအမျိုးသားများအနေနဲ့ မင်းအန္တရာယ်ပိုနည်းလာမယ် ၊ အလုပ်မှာငွေပိုဝင်မယ် ၊ အသက်ပိုရှည်မယ် ၊ အခြားတစ်ဖက်မှာတော့ အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ပြုရင် ၎င်းအရာအားလုံးကို ထိန်းသိမ်းရပြီးခံနိုင်ရည်လည်းရှိရမယ် ၊ ဒါကြောင့် အကျန်းမာဆုံးနဲ အပျော်ရွှင်ဆုံးလူဦးရေအုပ်စုက အိမ်ထောင်မရှိ ၊ ကလေးမရှိတဲ့မိန်းကလေးတွေဘဲဖြစ်တယ်” ဟု ဆိုခဲ့ပါတယ်။

ထို့နောက် ပါမောက္ခက “ အိမ်ထောင်သည်တွေဟာ အခြားလူဦးရေအုပ်စုတွေထက် ပိုပျော်ရွှင်ကြတာမှန်ပေမဲ့ အိမ်ထောင်ရေးမှာ အခက်အခဲတွေရှိလာတဲ့အခါ ၎င်းတို့က အချင်းချင်းအဆင်မပြေကြရပြန်ပါဘူး ” ဟုလည်း ဆိုခဲ့ပါတယ်။

ပါမောက္ခဟာ ၎င်းကို အိမ်ထောင်သည်အမျိုးသားများနှင့်အမျိုးသမီးများအတွက် ငွေရေးကြေးရေးနှင့်ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို ပြသတဲ့လေ့လာမှုများကို ကိုးကားထားခဲ့ပြီး အိမ်ထောင်ရေးဟာ ၀င်ငွေမြင့်မားခြင်းနှင့်ပိုမိုကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတို့ကြောင့် လူတို့အား ဆေးဘက်ဆိုင်ရာအကူအညီများကို ရှာဖွေနိုင်စေကြောင်းဆိုခဲ့ပါတယ်။ အိမ်ထောင်သည်အမျိုးသားများဟာ ကျန်းမာရေးအကျိုးကျေးဇူးများပိုမိုရရှိသည်ကိုတွေ့ရှိရသော်လည်း အိမ်ထောင်သည်အမျိုးသမီးများဟာလည်း ကျန်းမာရေးအရ အနည်းနှင့်အများထိခိုက်မှုမရှိပါဘူး။

သို့သော်လည်း သက်လတ်ပိုင်းအိမ်ထောင်သည်အမျိုးသမီးများက သက်လတ်ပိုင်းအရွယ် single အမျိုးသမီးများထက် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများထိခိုက်ရန် အလားအလာပိုများကြောင်းကို တွေ့ရှိရပါတယ်။ သို့ပေမဲ့ ပါမောက္ခ Dolan က အစဉ်အလာလူမှုအောင်မြင်မှုများမရရှိခြင်းကလည်း single အမျိုးသမီးများကို မပျော်ရွှင်စေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။

ထို့အပြင် ပါမောက္ခက ကလေးမွေးဖွားခြင်းဟာ လူတစ်ဦးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုခဲ့ပြီး “သူတို့တစ်ခုခုဖြစ်သွားရင် အဲ့တာက ဆိုးရွားသွားလိမ့်မယ်၊ ဒါမဲ့ ကလေးတွေနဲ့ ငါတို့တွေ့ကြုံရတဲ့အတွေ့အကြုံတွေက ပိုဆိုးနေလိမ့်မယ်”ဟုဆိုခဲ့ပါတယ်။

“ လူအများကြီးအတွက် အိမ်ထောင်ပြုတာက (အံ့သြစရာအတွေ့အကြုံ) တော့ မဟုတ်ပါဘူး၊ ဒါမဲ့ ငါတို့အတွက်က အိမ်ထောင်ပြုဖို့ ဘာကပြဿနာဖြစ်နေလဲဆိုတာကို ပွင့်ပွင့်လင်းလင်းမပြောပြနိုင်တဲ့အခြေအနေမှာရှိနေတယ် ” ဟုလည်း ပါမောက္ခက အိမ်ထောင်မပြုဘဲ ကိုယ့်ဘဝကို အလှပဆုံးနေထိုင်ကြတဲ့ single များရဲ့ကိုယ်စားအတွက်ပါ ပြောပြပေးသွားခဲ့ပါသေးတယ်။ စာဖတ်သူတို့ကော ပါမောက္ခ Dolan ရဲ့ထင်မြင်ချက်ကို ဘယ်လိုထင်မိပါသလဲဗျာ။

Mia (Mckzone Daily)

Source : worldofbuzz

Be the first to comment on "ကလေးမရှိသလို အိမ်ထောင်လည်းမရှိတဲ့အမျိုးသမီးများက အပျော်ရွှင်ဆုံးလူသားများသာဖြစ်ကြောင်းဆိုခဲ့တဲ့ ကျွမ်းကျင်ပါမောက္ခတစ်ဦး"

Leave a comment

Your email address will not be published.


*