ရနံ့အဆီထုတ်တဲ့ diffuser စက်ကနေ မျက်နှာအပူလောင်ခြင်းကိုခံလိုက်ရပြီး မျက်နှာတစ်ခြမ်းနီးပါး ဒဏ်ရာရသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

လန်ဒန်မြို့ခံ အသက် ၂၄ နှစ်အရွယ် Emily Smith အမည်ရှိအမျိုးသမီးတစ်ဦးဟာ social media မှာ အန္တရာယ်များတဲ့သူမရဲ့ဇာတ်လမ်းကို အခြားသူများအား သတိပေးချက်တစ်ခုအဖြစ် ပြန်လည်မျှဝေခဲ့ပါတယ်။ Smith ဟာ ညတစ်ညမှာ နေအိမ်ရှိ cozy fire ရှေ့မှာ ရုပ်ရှင်ကြည့်နေစဉ် electric diffuser scenting ထဲကို patchouli နှင့် အခြားမရှိမဖြစ်လိုအပ်တဲ့အဆီများကို ရောနှောခဲ့ကာ ၎င်းကိုအသုံးပြုခဲ့တယ် လို့ဆိုပါတယ်။ Smith ဟာ စက္ကန့်အတော်ကြာမှာ ၎င်း diffuser စက်ဆီသို့ လျှောက်သွားပြီး စက်ခလုတ်ကိုပိတ်ပစ်တဲ့အချိန်မှာ diffuser ထဲက အခိုးအငွေ့တစ်ချို့က သူမမျက်နှာပေါ်သို့ ဖြန်းကနဲ အငွေ့ပျံထွက်လာခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ထို့နောက် သူမဟာ diffuser မှအငွေ့ပျံစေတဲ့အဆီက အန္တရာယ်ရှိနိုင်တာကို သတိမပြုမိခဲ့တာကြောင့် မီးဖိုရှေ့မှာဘဲ TVဆက်ကြည့်နေခဲ့တယ်လို့လည်း ဆိုထားခဲ့ပါတယ်။

Smith ဟာ နာရီအနည်းငယ်အကြာမှာတော့ သူမရဲ့မျက်နှာမှ စူးရှတဲ့နာကျင်မှုကိုခံစားခဲ့ရပြီးနောက် သူမရဲ့မျက်နှာကို ရေအေးထဲမှာ စိမ်ခဲ့ပေမဲ့ အရေးပေါ်အော်ပရေတာသို့ အကူအညီလှမ်းတောင်းခဲ့ရပါတယ်။

အရေးပေါ်အော်ပရေတာထံမှပေးတဲ့ အကြံဥာဏ်အတိုင်း Smith ဟာ ထိုညမှာ သူမရဲ့မျက်နှာအေး​အောင် ရှားစောင်းလက်ပတ် နှင့် Vasiline ကို သုံးပြီး အိပ်ယာဝင်ခဲ့ပါတယ်။ သို့ပေမယ့် ရောဂါလက္ခဏာ​က ညတွင်းချင်းပိုဆိုးလာခဲ့ပြီး နောက်မနက်မှာ သူမဒဏ်ရာများကို စစ်ဆေးတဲ့အခါ သူမ ဟာ မနှစ်မြို့ချင်စရာကောင်းတဲ့အံ့ဩမှုတစ်ခုတွေ့ရှိသွားခဲ့ရပါတယ်။

ထို့နောက် Smith ဟာ ဆေးရုံသို့ အလျင်အမြန်သွားပြီး အရေးပေါ်အော်ပရေတာနှင့်တိုင်ပင်တဲ့အခါမှာ မီးလောင်ထားသလိုဖြစ်နေတဲ့သူမရဲ့ဒဏ်ရာက မနေ့ညကထက် သိသိသာသာ ပိုပြင်းထန်လာခဲ့ပါတယ်။ ၎င်းက သူမမျက်နှာမှာ တစ်သက်လုံးအမာရွတ်ဖြစ်သွားနိုင်တယ်လို့လည်း Smith က ရေးသားထားပါတယ်။

Smith က ထိုအဖြစ်အပျက်ဟာ သူမဘဝရဲ့ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပြီး သူမသာ ချက်ချင်းဆေးကုသမှုခံယူရမှာကိုသိခဲ့ရင် သူမရဲ့ဆိုးဝါးအကျဉ်းတန်လှတဲ့ဒဏ်ရာတွေကို ရှောင်လွှဲနိုင်ခဲ့မှာလို့လည်း ဆိုထားခဲ့ပါတယ်။ သို့ပေမဲ့ သူမမျက်နှာ တစ်ခုလုံးကို မလောင်သွားခဲ့တာကဘဲ အရမ်းကံကောင်းနေပြီလို့လည်း Smith က ဆိုခဲ့ပါသေးတယ်။

Smith ရဲ့အဖြစ်အပျက်က အလွန်ကို အန္တရာယ်များလှတဲ့ဖြစ်ရပ်ပါ။ သူမရဲ့မျက်လုံးတွေကို မထိမိသွားလို့ ကံကောင်းတယ်လို့ဆိုရပေမဲ့ ၎င်းဒဏ်ရာရဲ့အမာရွတ်ကလည်း Smith အတွက် အိမ်မက်ဆိုးကြီးတစ်ခုလို ဖြစ်သွားစေနိုင်ပါတယ်။ ထို့ကြောင့် diffuser သုံးတတ်တဲ့ စာဖတ်သူအမျိုးသမီးတို့လည်း သတိထားပြီး အသုံးပြုကြပါလို့ မှာခဲ့ချင်ပါတယ်ဗျ။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "ရနံ့အဆီထုတ်တဲ့ diffuser စက်ကနေ မျက်နှာအပူလောင်ခြင်းကိုခံလိုက်ရပြီး မျက်နှာတစ်ခြမ်းနီးပါး ဒဏ်ရာရသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး"

Leave a comment

Your email address will not be published.


*