ဖျားနာနေတဲ့ အသက် ၈၀ အရွယ်သားဖြစ်သူကို စိတ်မချလို့ဆိုပြီး သားရှိရာ စောင့်ရှောက်ရေးဂေဟာအထိလိုက်သွားကာ အနီးကပ်ပြုစုပေးခဲ့တဲ့ ၉၈ နှစ်အရွယ် မိခင်

မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာဟာ အမြဲတမ်းခြွင်းချက်မရှိသလို မိခင်နဲ့သူမကလေးအကြားက ခိုင်မာမှုထက် ပိုခိုင်လုံတဲ့အရာလည်းမရှိပါဘူး။ အသက် ၉၈ နှစ်အရွယ်အမေတစ်ဦးဖြစ်တဲ့ Ada Keating ဟာ ဖျားနာနေတဲ့ အသက် ၈၀ အရွယ်သားဖြစ်သူ Tom အား စောင့်ရှောက်ပေးပြီး အတူရှိနေနိုင်ရန် သားရှိရာ Liverpool ရှိ ပြုစုစောင့်ရှောက်ရေးအိမ်သို့လိုက်သွားခဲ့ပါတယ်။ အဘိုး Tom ဟာ အနားမယူမီ HE Building Services တွင် ပန်းချီဆရာနှင့်ပန်းအလှဆင်သူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

ယခင်က အဘိုးဟာ အမေဖြစ်သူ Ada နှင့်အတူနေခဲ့ပြီး အသက်ကြီးလာတာနဲ့အမျှ ထောက်ပံ့မှုများ လိုအပ်လာတာကြောင့် အဘိုးဟာ Moss View စောင့်ရှောက်ရေးဂေဟာသို့ တစ်ကိုယ်တည်းပြောင်းရွေ့နေနိုင်ခဲ့ပါတယ်။ သို့ပေမဲ့ မကြာခင်မှာဘဲ အဘွား Ada ကလည်း သားဖြစ်သူနှငိ့အတူ နေနိုင်ရန် ၎င်းဂေဟာသို့ လိုက် join ခဲ့ပါတယ်။

၎င်းစောင့်ရှောက်ရေးဂေဟာမှ မန်နေဂျာဖြစ်တဲ့ Philip Daniels က အဘွား Ada နှင့် သားဖြစ်သူ Tom တို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို မြင်ရတာက အလွန်ကို စိတ်ကြည်နူးစရာကောင်းပြီး ၎င်းတို့နှစ်ဦးက အဲဒီမှာ နေရတာပျော်ရွှင်ကြကြောင်းနှင့် ၎င်းတို့အား ဘယ်လိုခွဲထားလို့လည်း မရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဘွား Ada က “ ငါ ညတိုင်း သူ့အခန်းဆီသွားပြီး goodnight လို့ ပြောသလို မနက်တိုင်းလည်း သူ့ကို good morning လို့သွားပြောတယ် ၊ ငါ ဆံပင်ညှပ်ဖို့အပြင်သွားတိုင်း သူက ငါ့ကို စောင့်နေတတ်ပြီး ငါ ပြန်လာရင်လည်း သူ့လက်နှစ်ဖက်ကို ဆန့်ပြီး ငါ့ကို လှမ်းဖက်ပေးတတ်တယ်” ဟု ဆိုခဲ့ပါတယ်။ အဘိုး Tom ကလည်း အဘွား Ada က သူ့အား အမြဲဂရုစိုက်တတ်တာကြောင့် အဘွားနဲ့ ယခုလို ဂေဟာမှာ အတူနေထိုင်ရတာကို အရမ်းကြိုက်နှစ်သက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဘိုး Tom မှာ စောင့်ရှောက်ရေးဂေဟာရှိ သူနှင့်အမေဖြစ်သူတို့အား အမြဲပုံမှန်လာလည်လေ့ရှိတဲ့ ညီမများဖြစ်တဲ့ Margi နှင့် Barbara တို့လည်း ရှိပါတယ်။

စောင့်ရှောက်ရေးဂေဟာရှိဝန်ထမ်းများက ၎င်းတို့သားအမိရဲ့ဆက်ဆံရေးကို သဘောကျကြောင်းထုတ်ဖော်ကာ ပြောဆိုခဲ့ကြရုံတင်မကဘဲ ဒီချစ်ခင်စရာကောင်းတဲ့အမေနဲ့သူမရဲ့သားတို့ကြားက ခိုင်မာတဲ့နှောင်ကြိုးတို့ဟာ netizens များစွာကိုပါ အံ့သဩသွားစေခဲ့ပါတယ်။

အသက်အရွယ်ကြီးလာတဲ့အချိန်အထိ သူ့ရဲ့အနားမှာ ဂရုစိုက်တတ်တဲ့မိခင်ရှိနေခြင်းက အဘိုး Tom အတွက် ကံကောင်းလှတဲ့အရာတစ်ခုပါဘဲ။ အဘွား Ada ကလည်း သူမရဲ့သားလေးကို အသက်ကြီးတဲ့အထိ အနီးကပ်ပြုစုခွင့်ရတဲ့အတွက်လည်း အလွန်ပင်ဝမ်းမြောက်မိမှာ အသေအချာပါဘဲဗျာ။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "ဖျားနာနေတဲ့ အသက် ၈၀ အရွယ်သားဖြစ်သူကို စိတ်မချလို့ဆိုပြီး သားရှိရာ စောင့်ရှောက်ရေးဂေဟာအထိလိုက်သွားကာ အနီးကပ်ပြုစုပေးခဲ့တဲ့ ၉၈ နှစ်အရွယ် မိခင်"

Leave a comment

Your email address will not be published.


*