အသက် ၁၄ နှစ်အရွယ်သာရှိသေးပေမဲ့ ပရောဖက်ရှင်နယ်ပန်းချီဆရာလို့တောင် တင်စားရလောက်တဲ့ ပုံဆွဲတော်တဲ့ ကောင်လေးတစ်ဦး (ရုပ်သံ)



.

.

.

.

.

.

.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : sanook

Unicode

Nong Amani (သို့) Dr.Wachirawit Samart လို့ခေါ်တဲ့ လူငယ်တစ်ယောက်ဟာ အနုပညာစွမ်းရည်နဲ့မွေးဖွားလာသူဖြစ်ပါတယ် ။ သူဟာ လက်တွေ့ကျတဲ့ ပုံကိုဆွဲနိုင်ခြင်းကြောင့် လူများစွာက သူ့ရဲ့လက်ရာကို မြင်ပြီးတိုင်း Nong Amani ဟာ ၁၄ နှစ်အရွယ်သာရှိသေးတာကို မယုံသင်္ကာဖြစ်နေကြပါတယ် ။ Nong Amani ဟာ ဖူးခက်မှ လူငယ်တစ်ဦးဖြစ်ပြီး ဖူးခက်ခရိုင် Ploak Panya မြူနီစီပယ်ကျောင်းမှာ ပညာသင်ခဲ့စဉ်က သူဟာ အသက် ၅ နှစ်သားကတည်းက ပုံဆွဲခြင်းကို စိတ်ဝင်စားခဲ့တာပါ ။ ပုံဆွဲရန် သူ့ရဲ့ လှုံ့ဆော်မှုဖြ‌စ်စေတဲ့အရာများက နိုင်ငံခြားသားများအတွက် အမှတ်တရပစ္စည်းရောင်းတဲ့ သူ့ရဲ့မိသားစုမှဖြစ်ပါတယ် ။ ငယ်စဉ်က သူတို့ဆိုင်မှာ မြွေတစ်ကောင်ပုံကို သူမြင်ခဲ့ပြီး သူက မြွေရုပ်ကို စံပြအနေဖြင့် ပန်းချီဆွဲ လေ့ကျင့်ခဲ့ပါတယ် ။ ကျွမ်းကျင်မှုဖွံ့ဖြိုးလာပြီး အနုလက်ရာ skill ဖြစ်လာသည်အထိ လေ့ကျင့်ခဲ့ပါတယ် ။

ယေဘူယျအားဖြင့် သူဟာ တစ်နေ့လျှင် ၅-၆ နာရီလောက် လေ့ကျင့်ပြီး ပုံတစ်ပုံကို ဆွဲဖို့ သူက ၁-၂ ပတ် ကြာခဲ့ပါတယ် ။ Nong Amani က ပုံဆွဲတာကောင်းတဲ့လက်ရာတွေအကြောင်း သူ့ကို ထိုင်းမားလူသိများပြီး သူကထိုင်းလူမျိုးကို ထိန်းသိမ်းလိုတဲ့ စိတ်ကူးရှိတာကြောင့် အပြင်ကသူ့ရဲ့လက်ရာတွေကို နိုင်ငံခြားသားတွေမြင်နိုင်အောင်လည်း တင်ပြနိုင်အောင် ကြိုးစားနေပါတယ် ။ ထို့အပြင် Amani က မိသားစုရဲ့ ဝန်များကို ပေါ့ပါးစေရန် ပုံများဆွဲရုံသာမက သူဟာ လေလံဆွဲရန်လည်း သုံးပြီး လေလံပွဲမှ ငွေကိုကလေးဆေးရုံသို့ လှူဒါန်းခြင်းဖြင့် ကူညီခဲ့ပါတယ် ။ သူက ကလေးများရဲ့ ခံစားချက်များကိုနားလည်တာကြောင့် ၎င်းက လိုအပ်နေတဲ့ဆင်းရဲနွမ်းပါးသောကလေးများကို သူ့ရဲ့ အစွမ်းအစနဲ့ ရတဲ့ဝင်ငွေနဲ့ ကူညီပေစခဲ့တာပါ ။

JRose (Mckzone Daily)

Be the first to comment on "အသက် ၁၄ နှစ်အရွယ်သာရှိသေးပေမဲ့ ပရောဖက်ရှင်နယ်ပန်းချီဆရာလို့တောင် တင်စားရလောက်တဲ့ ပုံဆွဲတော်တဲ့ ကောင်လေးတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*