Bernhard Sobotta အမည္ရွိအမ်ိဳးသားဟာ မူလစက္ဘီးပုံစံကို အေျခခံၿပီး ကိုယ္ပိုင္စခန္းခ်လႈပ္ရွားမႈေနရာေတြမွာ အသုံးျပဳႏိုင္တဲ့ဘက္စုံသုံးစက္ဝိုင္းပုံ ေဘာင္တစ္ခုပါဝင္တဲ့ ထူးျခားတဲ့ စက္ဘီးတစ္စီးကို တီထြင္ခဲ့ပါတယ္။ ထိုစက္ဘီးရွိစက္ဝိုင္းေဘာင္ထဲမွာ ထိုင္ျခင္း၊ ခ်က္ျပဳတ္ျခင္း၊ အလုပ္လုပ္ျခင္း၊ အနားယူျခင္း ႏွင့္ အိပ္စက္ျခင္းတို႔ကို ျပဳလုပ္ႏိုင္တဲ့ ေခါက္လို႔ရတဲ့ လူတစ္ကိုယ္စာ အခင္းပုံစံကုတင္အျပားတစ္ခုပါဝင္တာေၾကာင့္ သင္ စက္ဘီးစီးၿပီး ပင္ပန္းလာတဲ့အခါမွာ ၎ေနရာမွာ အနားယူရန္ လြယ္ကူစြာ အသုံးျပဳႏိုင္ပါတယ္။ သင္ နားခိုရာမွာ လုံၿခဳံမႈအျပည့္အ၀ရရွိရန္အတြက္လည္း ၎စက္ဝိုင္းေဘာင္ရဲ႕ပတ္လည္မွာ အကာသေဘာျဖင့္ စက္ဘီးကိုတဲတစ္လုံးအျဖစ္လည္း ေျပာင္းလဲႏိုင္ပါတယ္။ ဒီစက္ဘီးဟာ သင့္အား အိမ္မွာရွိေနတဲ့ခံစားခ်က္ ၊ သြားေလရာေနရာတိုင္းမွာ သင့္အတြက္ လုံၿခဳံေစျခင္း ႏွင့္ သင္လိုအပ္တဲ့အရာအားလုံးရွိေနေစရန္အတြက္ အထူးတီထြင္ဖန္တီးထားျခင္းလည္း ျဖစ္ပါတယ္။ ဒီစက္ဘီးကေတာ့ ႀကဳံတဲ့ေနရာမွာ ခဏအနားယူႏိုင္ဖို႔ သက္ေတာင့္သက္သာျဖစ္ၿပီး အလြန္အဆင္ေျပေစတာေၾကာင့္ စက္ဘီးနင္းစေရဇီသမားမ်ားအတြက္ အထူးအသုံးဝင္ေနေစမွာ အမွန္ပါဘဲ။ ဒါဆို ထူးျခားဆန္းျပားတဲ့ Bernhard Sobotta ရဲ႕လက္ရာကို အေသးစိတ္ၾကည့္ရႈႏိုင္ဖို႔ စာဖတ္သူတို႔အတြက္ ၎စက္ဘီးရဲ႕ဓာတ္ပုံမ်ားကိုပါ ေဝမွ်ေပးခဲ့လိုက္ပါတယ္ဗ်။
.
.
.
.
.
.
.
.
Mia (Mckzone Daily)
Source : laughingsquid
Unicode
Bernhard Sobotta အမည်ရှိအမျိုးသားဟာ မူလစက်ဘီးပုံစံကို အခြေခံပြီး ကိုယ်ပိုင်စခန်းချလှုပ်ရှားမှုနေရာတွေမှာ အသုံးပြုနိုင်တဲ့ဘက်စုံသုံးစက်ဝိုင်းပုံ ဘောင်တစ်ခုပါဝင်တဲ့ ထူးခြားတဲ့ စက်ဘီးတစ်စီးကို တီထွင်ခဲ့ပါတယ်။ ထိုစက်ဘီးရှိစက်ဝိုင်းဘောင်ထဲမှာ ထိုင်ခြင်း၊ ချက်ပြုတ်ခြင်း၊ အလုပ်လုပ်ခြင်း၊ အနားယူခြင်း နှင့် အိပ်စက်ခြင်းတို့ကို ပြုလုပ်နိုင်တဲ့ ခေါက်လို့ရတဲ့ လူတစ်ကိုယ်စာ အခင်းပုံစံကုတင်အပြားတစ်ခုပါဝင်တာကြောင့် သင် စက်ဘီးစီးပြီး ပင်ပန်းလာတဲ့အခါမှာ ၎င်းနေရာမှာ အနားယူရန် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ သင် နားခိုရာမှာ လုံခြုံမှုအပြည့်အ၀ရရှိရန်အတွက်လည်း ၎င်းစက်ဝိုင်းဘောင်ရဲ့ပတ်လည်မှာ အကာသဘောဖြင့် စက်ဘီးကိုတဲတစ်လုံးအဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။ ဒီစက်ဘီးဟာ သင့်အား အိမ်မှာရှိနေတဲ့ခံစားချက် ၊ သွားလေရာနေရာတိုင်းမှာ သင့်အတွက် လုံခြုံစေခြင်း နှင့် သင်လိုအပ်တဲ့အရာအားလုံးရှိနေစေရန်အတွက် အထူးတီထွင်ဖန်တီးထားခြင်းလည်း ဖြစ်ပါတယ်။ ဒီစက်ဘီးကတော့ ကြုံတဲ့နေရာမှာ ခဏအနားယူနိုင်ဖို့ သက်တောင့်သက်သာဖြစ်ပြီး အလွန်အဆင်ပြေစေတာကြောင့် စက်ဘီးနင်းစရေဇီသမားများအတွက် အထူးအသုံးဝင်နေစေမှာ အမှန်ပါဘဲ။ ဒါဆို ထူးခြားဆန်းပြားတဲ့ Bernhard Sobotta ရဲ့လက်ရာကို အသေးစိတ်ကြည့်ရှုနိုင်ဖို့ စာဖတ်သူတို့အတွက် ၎င်းစက်ဘီးရဲ့ဓာတ်ပုံများကိုပါ ဝေမျှပေးခဲ့လိုက်ပါတယ်ဗျ။
Mia (Mckzone Daily)
Be the first to comment on "သက္ေတာင့္သက္သာရွိေစသလို ဘက္စုံအသုံးျပဳႏိုင္ၿပီး အျမင္လည္းဆန္းတဲ့စက္ဝိုင္းေဘာင္ပုံစံစက္ဘီးကိုတီထြင္ခဲ့တဲ့ အမ်ိဳးသားတစ္ဦး"