သမီးဖြစ်သူရဲ့ဘဝအချို့အကွေးတိုင်းမှာအတူရှိနေပေးခဲ့တဲ့ ကြည်နူးဖွယ်အမှတ်တရဆင်တူဓာတ်ပုံများကို ဂုဏ်ယူစွာ ပြသပေးခဲ့တဲ့ ဖခင်တစ်ဦး

မကြာသေးခင်က ဖခင်နှင့်သမီးဖြစ်သူတို့ရဲ့sweet ဖြစ်တဲ့ ဓာတ်ပုံ collection တစ်ခုဟာ ပျံ့နှံ့သွားခဲ့ပြီး netizen များဟာ ၎င်းတို့လည်း မိဘများ (သို့) ကလေးများနှင့်အတူ အလားတူဓါတ်ပုံ collection တစ်ခုကို ပြုလုပ်ရန် ဆန္ဒပြုခဲ့ကြပါတယ်။ ၎င်းဓါတ်ပုံများဟာ ကျွန်တော်တို့အားလုံးရဲ့မိဘများကို ချစ်မြတ်နိုးရန် လှပတဲ့သင်ခန်းစာတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝမှာ လှပတဲ့သမိုင်းမှတ်တိုင်များစွာကို ဆင်နွှဲတတ်ကြပြီး နောင်လာနောက်သားတွေအတွက် ၎င်းအရေးကြီးတဲ့အချိန်များကို အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ထားလေ့ရှိကြပါတယ်။

ထို့ကြောင့် ရိုက်ကူးထားခဲ့တဲ့ဓါတ်ပုံများက ကျွန်တော်တို့အတွက် လှပခဲ့တဲ့အခိုက်အတန့်များကို ထာဝရအမြဲတည်တံ့နေစေပါတယ်။ နည်းပညာအသစ်ကလည်း ၎င်းကဲ့သို့ရိုက်ကူးထားခြင်းကို ပိုမိုလွယ်ကူလာစေခဲ့ပါပြီ။ ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ဓာတ်ပုံရိုက်ဖို့ကို စိတ်မပူရတော့ဘဲ ဓာတ်ပုံကို ကျွန်တော်တို့လိုသလောက်ရိုက်နိုင်နေပြီဖြစ်ပါတယ်။

Ciarán Shannon အမည်ရှိဖခင်တစ်ဦးဟာ သမီးဖြစ်သူ Niamh နှင့်အတူ ရိုက်ကူးခဲ့တဲ့ သူမရဲ့မှတ်တိုင်သုံးခုရဲ့ဓာတ်ပုံများကို မကြာသေးမီက မျှဝေခဲ့ပါတယ်။ သမီးလေးရဲ့ပညာရေးမှတ်တိုင်များကို မှတ်တမ်းတင်ကာပြသထားတဲ့ဓာတ်ပုံများကတော့ အဖေနဲ့သမီးတို့ရဲ့တစ်နေရာတည်းမှာဘဲ လက်တွဲထားခဲ့ကြတဲ့ဓာတ်ပုံတွေဘဲ ဖြစ်ပါတယ်။

၎င်းဓာတ်ပုံများကို ဂုဏ်ယူနေတဲ့ဖခင်ကြီးက “How it started, How it’s going ” ဆိုတဲ့ caption ဖြင့် မျှဝေခဲ့ပါတယ်။ ပထမဦးဆုံးပုံမှာ မူကြိုအရွယ် Niamh နှင့်လက်ချင်းကိုင်ထားသည့် ဖခင်Ciaránကို ပြသထားပြီး ၎င်းဓာတ်ပုံကို ၁၉၉၉ ခုနှစ်မှာ ဖခင်ဖြစ်သူက သမီးငယ်ကို Belfast မြောက်ပိုင်းရှိ Lisieux မူလတန်းကျောင်း St Therese သို့ ခေါ်ဆောင်သွားခဲ့စဉ်က ရိုက်ကူးထားခဲ့တာပါ။

“ အဲ့တုန်းက ငါက သူမထက် ပိုပြီးစိတ်လှုပ်ရှားနေတာ” လို့ ဖခင် Ciaránက ပြန်ပြောပြထားပါတယ်။ နှစ်တွေကြာလာသည်နှင့်အမျှ အဆိုပါအဖေနဲ့သမီးတို့က ချိုမြိန်တဲ့၎င်းအစဉ်အလာကို ဆက်လုပ်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ အထက်တန်းကျောင်းမှဘွဲ့ရသွားတဲ့ သမီး Niamh နှင့်အတူတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ထို့နောက် သူမဟာ နောက်ဆုံး၌ ကောလိပ်ကိုကျော်ဖြတ်ပြီး ၂၀၁၈ ခုနှစ်မှာ ဘွဲ့ရသွားခဲ့ပုံရပါတယ်။ ဓာတ်ပုံများက အလွန်ရိုးရှင်းနေပေမဲ့လည်း ၎င်းတို့သားအဖနှစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာကတော့ အတော်ကိုကြီးမားနေခဲ့ပြီး ၎င်းဓာတ်ပုံအားလုံးထဲမှာ ဖခင် Ciaránဟာ သမီးဖြစ်သူရဲ့ပညာရေးမှတ်တိုင်များအပေါ် ဂုဏ်ယူဝံ့ကြွားနေခဲ့တာကို မြင်တွေ့နိုင်ပါတယ်။

၎င်း post ဟာ 85k retweets ကျော် နှင့် Like ပေါင်း 950k နှင့်အတူ တုန့်ပြန်မှုများစွာကိုပါရရှိခဲ့ပြီး Twitter မှာလည်း လူသိများသွားခဲ့ပါသေးတယ်။ ဟုတ်ပါတယ် စာဖတ်သူတို့လည်း ကိုယ်ချစ်ရတဲ့သူနဲ့အတူ ၎င်းသားအဖလို sweet ဖြစ်တဲ့ memories တွေကို ဖန်တီးရင်း ၎င်းတို့ကို ရိုက်ကူးထားဖို့လည်း မမေ့ကြပါနဲ့လို့လည်း မှာခဲ့ချင်ပါတယ်ဗျာ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "သမီးဖြစ်သူရဲ့ဘဝအချို့အကွေးတိုင်းမှာအတူရှိနေပေးခဲ့တဲ့ ကြည်နူးဖွယ်အမှတ်တရဆင်တူဓာတ်ပုံများကို ဂုဏ်ယူစွာ ပြသပေးခဲ့တဲ့ ဖခင်တစ်ဦး"

Leave a comment

Your email address will not be published.


*