ချောမောလှပတဲ့အပြင် ခွေးလေခွေးလွင့်တွေကို ကောင်းမွန်တဲ့ဘဝရအောင် ကူညီခြင်းဖြင့် လူမှုရေးအလုပ်ကို လုပ်ဆောင်နေတဲ့ မိန်းကလေး




.

.

.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : sanook

Unicode

Chanya Tamada ဟာ ထက်မြက်တဲ့ မိန်းကလေးအဖြစ် လူသိများပြီး အလှတရားနဲ့ပြီးပြည့်စုံတဲ့အပြင် သူမကို ခွေးလေခွေးလွင့်ရဲ့နတ်သမီးလို့လည်း ခေါ်ကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူမက ခွေးလေခွေးလွင့်တွေကို ပိုမိုကောင်းမွန်တဲ့ ဘဝဖြစ်အောင် ကူညီပေးတဲ့ လူတွေထဲက တစ်ယောက်ဖြစ်နေလို့ပါဘဲ ။ Chanya Tamada က ထိုင်းနဲ့ ဂျပန်လူမျိုး ဖြစ်ပါပြီး သူမရဲ့ ဖခင်က Fusakasu Tamada လို့ခေါ်‌ပြီး ဂျပန်လူမျိုးဖြစ်ပါတယ် ။ သူမရဲ့အမေက Thanawadee Wasujiropas ဆိုတဲ့ ထိုင်းလူမျိုးပါ ။

သူမမှာ Chacha Tamada အမည်ရှိ အစ်မတစ်ယောက်ရှိပြီး သူမရဲ့ဖခင်က လူမှုအသိုင်းအဝိုင်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဂျပန်စီးပွားရေးသမားဖြစ်တာကြောင့် Chanya Tamada ဟာ အထက်တန်းလွှာအသိုင်းအဝိုင်းမှာ လူသိများလာပြီး ဖျော်ဖြေရေးလောကမှာလည်း အလုပ်တွေ ပါဝင်လုပ်ဆောင်ပါတယ် ။

Chanya Tamada ရဲ့ ကိုယ်ပိုင်ဘဝက လေ့ကျင့်ခန်းကို နှစ်သက်တဲ့မိန်းကလေးအပြင် သူမဟာ တိရစ္ဆာန်များရဲ့ နတ်သမီးပုံပြင်အလွန်ရှိတဲ့ မိန်းကလေးလို့လည်း ခေါ်ပါတယ် ။ သူမဟာ ခွေးတွေကို ချစ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့ သူမက #CTSavedogs ပရောဂျက်အောက်မှာ ခွေးလေခွေးလွင့်တွေကို ကူညီခြင်းအားဖြင့် လူမှုရေးအလုပ်တွေ လုပ်နေပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ချောမောလှပတဲ့အပြင် ခွေးလေခွေးလွင့်တွေကို ကောင်းမွန်တဲ့ဘဝရအောင် ကူညီခြင်းဖြင့် လူမှုရေးအလုပ်ကို လုပ်ဆောင်နေတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*