သင်ပြုလိုက်တဲ့ကြင်နာမှုတစ်ခုဟာ သင့်အတွက် အရာမထင်ဘူးလို့ထင်နိုင်ပေမဲ့ အခြားတစ်ယောက်အတွက်ကတော့ ကမ္ဘာကြီးတစ်ခုလိုပါဘဲ။ မကြာသေးမီက မိန်းကလေးတစ်ဦးဟာ သူမရဲ့ autism ရောဂါ(လူမှုဆက်ဆံရေးနှင့်ဆက်သွယ်ရေးတို့၌ အခက်အခဲများရှိပြီး ထပ်ခါတလဲလဲပြုလုပ်တတ်တဲ့အပြုအမူများဖြင့် သွင်ပြင်လက္ခဏာရှိတဲ့ neurodevelopmental ရောဂါ) ကိုခံစားနေရတဲ့ကျောင်းနေဖက်တစ်ဦးအား ကြင်နာမှုပြခဲ့တဲ့အပြုအမူတစ်ခုကြောင့် လူသိများသွားခဲ့ပါတယ်။
ဆရာမတစ်ဦးဟာ သူမရဲ့ကြင်နာတဲ့အပြုအမူကို သတိပြုမိကာ ၎င်းအား autism အသိအမြင်ဆိုင်ရာ စာမျက်နှာတွင် ဗီဒီယိုတစ်ခုတင်ခဲ့ပြီး ၎င်းဗီဒီယိုဖိုင်ဟာ Facebook စာမျက်နှာမှာ အတော်လေးပျံ့နှံ့သွားခဲ့ပါတယ်။
ထိုနေ့က မိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး ကားတစ်စီးကိုစီးလာခဲ့တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ Maslika Ramli က ၎င်းကလေးနှစ်ယောက်က ကျောင်းသူဖြစ်နေမှန်းသိနေခဲ့ပေမဲ့ အသက်ကြီးတဲ့ကျောင်းသူက သူမရဲ့ autistic အတန်းဖော်အား မိုးဒဏ်မှကာကွယ်ပေးရန် သူမရဲ့ကျောကုန်းပေါ်မှာကျောပိုးထားခဲ့တာကိုမြင်လိုက်တော့ အတော်လေးအံ့ဩသွားခဲ့ရပါတယ်။
သူမထက်ငယ်တဲ့အတန်းဖော်က သူမရဲ့ကျောကုန်းပေါ်မှာ ရှိနေချိန် အဆိုပါအကြီးဖြစ်တဲ့ကျောင်းသူဟာ ၎င်းတို့နှစ်ယောက်စလုံး မိုးမစိုရန်အတွက် သူမရဲ့လက်ဖြင့် ထီးကိုပါ အတတ်နိုင်ဆုံးကိုင်ထားပေးခဲ့ပါသေးတယ်။ သူမမြင်လိုက်ရတဲ့အရာကို အံ့ဩသွားခဲ့ပြီးနောက် ဆရာမဟာ သူမရဲ့ဖုန်းကို အမြန်နှိုက်ယူလိုက်ကာ ၎င်းကြည်နူးစရာကောင်းတဲ့အခိုက်အတန့်ကို ဗီဒီယိုအဖြစ်ရိုက်ကူးထားနိုင်ခဲ့ပါတယ်။
“ အထူးသဖြင့် အခုလို autistic ဖြစ်နေတဲ့ကလေးများရဲ့ မိဘများအနေနဲ့ ကိုယ့်ရဲ့သားသမီးများကို ယုံကြည်ပေးဖို့နှင့် သင်တို့ရဲ့သားသမီးတွေကို စောင့်ကြည့်ပေးမဲ့သူငယ်ချင်းကောင်းတွေရှိနေတယ်ဆိုတာကို ကျွန်မယုံကြည်တဲ့အတွက် ဒီဗီဒီယိုလေးကို မျှဝေပေးခဲ့တာပါ ၊
အမှန်တော့ သူတို့က ကျွန်မတို့အားလုံးကိုတတ်နိုင်သမျှကူညီပေးမဲ့ အရှင် Allah က ကျွန်မတို့ကိုပေးလိုက်တဲ့လက်ဆောင်ဘဲ ” ဟု ဆရာမ Maslika က Autisme Malaysia လို့ခေါ်တဲ့ Facebook Group မှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။
ဆရာက ကျောင်းသားနှစ်ယောက်လုံးရဲ့နာမည်ကိုမပြောခဲ့ပေမဲ့ အတော်များများက အကြီးဖြစ်တဲ့မိန်းကလေးက သူမရဲ့ကြင်နာတဲ့လုပ်ရပ်အတွက် ချီးကျူးကာဆုတောင်းပေးခဲ့ကြသလို အခြားသူများကလည်း သူမဟာ လူအများအား အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီးအခွင့်အရေးကောင်းယူတတ်သူများအတွက် အမှန်တကယ်ကို အားကျအတုယူစရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
Mia (Mckzone Daily)
Source : rachfeed
Be the first to comment on "Autistic ရောဂါခံစားနေရတဲ့အတန်းဖော်အား မိုးမစိုအောင် ကျောပိုးထားရင်း အိမ်သို့လိုက်ပို့ပေးခဲ့တဲ့ ကြင်နာတတ်တဲ့ကလေးမလေးတစ်ဦး"