ကလေးများက လူကြီးတစ်ယောက်ယောက်ကို ပြန်တုံ့ပြန်ဖို့ကြိုးစားတဲ့အခါ မရိုမသေပြုလုပ်ခြင်း နှင့် နှောက်ယှက်တတ်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပြန်ပြုမူတတ်ကြတယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း သိထားပြီးသားပါ။ Japan Twitter မှာ မကြာသေးမီက ဖခင်တစ်ဦးဟာ သူနဲ့သူ့ကလေးတို့အကြားကဖြစ်ပျက်ခဲ့တဲ့ချစ်စရာကောင်းတဲ့အမှားတစ်ခုကို @Zenryoku_tochan acc ဖြင့် ပြန်လည်မျှဝေခဲ့ပါတယ်။
@Zenryoku_tochan က သူ့အလုပ်သို့ ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့ laptop အိတ်ကို ဖွင့်ကြည့်ရင်း တွေ့လိုက်ရတဲ့အရာကြောင့် “ ငါ ဒီနေ့ အလုပ်ရောက်တော့ စိတ်ညစ်သွားခဲ့ရတယ် ၊ ငါ့ရဲ့အလုပ် laptop မဟုတ်ဘဲ ဒီနေ့တော့ ဒီ laptop နဲ့ အစည်းအဝေးတက်ရတော့မယ်၊ သမီးတို့ရေ အဖေ ဒီည သမီးတို့ကို အရေးကြီးပြောစရာတစ်ခုရှိနေတယ်” လို့ ရေးသားထားခဲ့ပါတယ်။
“ ကျွန်တော့်ရဲ့တုံ့ပြန်မှုက ဘာကြောင့်ဒီလောက်တောင်အံ့ဩစရာကောင်းလဲဆိုတာကတော့ မင်းတို့ထင်တဲ့အတိုင်းဘဲ ငါ့အိတ်ထဲကကွန်ပျူတာက မင်းတို့မြင်နေရတဲ့ဒီပုံထဲကအတိုင်းပါဘဲ “ လို့ လည်း ဆက်ရေးသားထားခဲ့ပါတယ်။
ထို့နောက် ၎င်း post ဟာ Likesပေါင်း ၅၀၆,၅၀၀ နှင့် retweetsပေါင်း ၁၃၆,၀၀၀ အထိ ရရှိခဲ့ပါတယ်။ ဒီသားအဖတို့ရဲ့ဟာသလေးက Twitter သုံးစွဲသူများစွာကို ပျော်ရွှင်စွာ ရယ်မောသွားစေခဲ့ပါတယ်။
ဖခင်ဖြစ်သူက သမီးများအား သူ့အပေါ် မရိုမသေမလုပ်ဖို့နှင့် သူ့အား မကျေမနပ်နဲ့မတုံ့ပြန်သင့်ကြောင်းကို ချစ်စနိုးဖြင့်ပြန်ပြောနေခဲ့တာကြောင့် လူတိုင်းက ၎င်း post ကို အပြုသဘောဆောင်တဲ့တုံ့ပြန်ချက်များဖြင့်သာ မှတ်ချက်ပေးခဲ့ကြပါတယ်။
ထို့အပြင် ဖခင်ဖြစ်သူဟာ သမီးများအား အဖေအပေါ် ထိုကဲ့သို့ပြုလုပ်ခြင်းက မှားယွင်းနေတဲ့မကြောင်းကို စိတ်ရှည်လက်ရှည်ရှင်းပြနေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုလည်း သူ့ရဲ့ YouTube channel မှာ တင်ပေးခဲ့ပါသေးတယ်။
၎င်း Sumikko Gurashi laptop ထုတ်လုပ်သူက ၎င်း post ကို တဆင့်ပြန်မျှဝေခဲ့ပြီး ၎င်းတို့မိသားစုအား ကလေးများရဲ့ PC အတွက် နောက်ဆုံးထွက်ဗားရှင်းကို ကမ်းလှမ်းခဲ့ပေမဲ့လည်း ထိုမိသားစုက ယဉ်ကျေးစွာ ငြင်းဆိုခဲ့ပါသေးတယ်။ Sumikko Gurashi laptop ဟာ ကလေးများအား ဂျပန်ဘာသာစကား၊ သင်္ချာနှင့် အခြားလိုအပ်တဲ့ ကျွမ်းကျင်မှုများကိုသင်ယူစေနိုင်တဲ့ပညာရေးကစားစရာတစ်ခု ဖြစ်ပါတယ်။
Mia (Mckzone Daily)
Source : worldofbuzz
Be the first to comment on "အရေးကြီးအစည်းအဝေးတက်ရတဲ့နေ့မှာမှ သူ့ရဲ့laptop က သမီးတွေရဲ့လက်ချက်ကြောင့် Toy laptop ဖြစ်နေခဲ့ရတဲ့အဖြစ်ကိုပြန်မျှဝေခဲ့တဲ့ ဖခင်တစ်ဦး (ရုပ်သံ)"