မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောက်ကမ်းပါးပေါ်မှာ ထွင်းထုထားတဲ့ ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်တုရဲ့ခြေတော်များအထိ ရေများလွှမ်းမိုးခဲ့တဲ့အဖြစ်




JRose (Mckzone Daily)

Unicode

ရက်သတ္တပတ်များစွာမိုးသည်းထန်စွာ ရွာသွန်းမှုက ၁၉၄၉ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်တရုတ်ကမ်းခြေမှာ ကျော်ကြားတဲ့ တရုတ်ဗုဒ္ဓရုပ်ပွားတော်များရဲ့ ခြေရာများအထိ ရေလျှံစေခဲ့ပါတယ် ။ “Le San Buddha” လို့ အမည်ပေးထားပြီး ၎င်းဟာ ၈ ရာစုအတွင်း Tang မင်းဆက်ရဲ့ ချောက်ကမ်းပါးတွေမှာ ထွင်းထုထားတဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်တုဖြစ်ပါတယ် ။ အမြင့် ၇၁ မီတာရှိရုပ်တုဟာ Sichuan ပြည်နယ်ရဲ့ မြို့တော် Sing Tu အတွက် နှစ် ၁၂၀၀ သက်တမ်းရှိ ရှေးဟောင်းနေရာတစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ရေးထိုးခဲ့ပါတယ် ။

ဗုဒ္ဓရဲ့ ခြေရာများစိုနေလျှင် ဒေသခံလူဦးရေ ၁၆ သန်းရှိတဲ့ Singtu မြို့က ရေလွှမ်းလိမ့်မယ်လို့ ဒေသခံများက ယုံကြည်ကြပါတယ် ။ ပုံမှန်အားဖြင့် ထိုကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်သက Ophan မြစ်ရဲ့ ရေမျက်နှာပြင်အထက်ဖြစ်တာကြောင့် နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုကြောင့် မြစ်ရဲ့ ရေမျက်နှာပြင်က ဗုဒ္ဓခြေတော်များအထိ မြင့်တက်စေခဲ့တာပါ ။

ရေလွှမ်းမိုးမှုကြောင့် Shengdu မြို့ဟာ အမြင့်ဆုံးတုံ့ပြန်မှုအစီအမံများကို ကြေညာခဲ့ပြီး လူ ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ယန်စီမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကြီးသုံးခုဖြစ်တဲ့ Gorges Dam နောက်ကွယ်မှ ရေအမြောက်အမြားကို တရုတ်အရာရှိများက သတိပေးခဲ့ပြီး Songxing ကဲ့သို့မြို့ကြီးများမှာ ရေကြီးမှုများဖြစ်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောက်ကမ်းပါးပေါ်မှာ ထွင်းထုထားတဲ့ ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်တုရဲ့ခြေတော်များအထိ ရေများလွှမ်းမိုးခဲ့တဲ့အဖြစ်"

Leave a comment

Your email address will not be published.


*