ပလက်စတစ်အမှိုက်များ နဲ့ ဟင်းသီးဟင်းရွက်များကို ရောင်းပြီး မိသားစုအတွက် ငွေရှာနေခဲ့တဲ့ လုံလဝရီယနဲ့ ကျေးဇူးသိတတ်တဲ့ကလေး




.

.

.

.

.

JRose (Mckzone Daily)

Source : sanook77

Unicode

သတင်းထောက်များက ဘဝသတင်းများကို လိုက်ကြည့်ရန် ဒေသများသို့ သွားရောက်ခဲ့ပြီး ကလေးတစ်ယောက်က ဟင်းသီးဟင်းရွက်ရောင်းနေတာကို တွေ့ပြီး စကားစမြည်ပြောဆိုခဲ့ပါတယ် ။ ကောင်လေးဟာ ချွန်ဘူရီပြည်နယ်က အသက် ၁၃ နှစ်အရွယ် Nong Oat ဆိုပြီး သိရပါတယ် ။ သူက သူ့ကိုယ်သူ ကျောင်းသို့ပို့ရန်နဲ့ နောက်ထပ် မိသားစုတွေကို ထောက်ပံ့ရန်ငွေရှာခဲ့ပါတယ် ။ အဖွားတစ်ယောက်၊ အမေတစ်ယောက်၊ စိတ်အထီးကျန်ဝေဒနာခံစားနေရတဲ့ဦးလေးတစ်ယောက် တို့ကို ပြုစုပေးရတာပါ ။ သူတို့က အိမ်ခေါင်မိုးတွေ အင်္ဂတေတွေ ယိုစိမ့်နေတဲ့ သစ်မာတန်းလျားမှာ နေထိုင်ပြီး ​​စုစုပေါင်းမိသားစု ၅ ယောက်ရှိပြီး သူတို့မိသားစုက ဆင်းရဲပြီး အခက်အခဲတွေ အမြဲကြုံနေရပါတယ် ။

Nong Oat ရဲ့ဘဝနဲ့ နေထိုင်မှုအကြောင်းမေးမြန်းခြင်းမှ Nong Oat က သူဟာ ပုလင်းများ စုဆောင်းခဲ့တယ်လို့ ဆိုပါတယ် ။ သူက တခြားကလေးလို မပြည့်စုံသောကြောင့် မိသားစုကိုဂရုစိုက်ရန် အမှိုက်များ စုဆောင်းရောင်းချရပြီး သူက သူများထက် ပိုဝီရိယရှိရမှာဖြစ်ပါတယ် ။ ကိုဗစ်အကျပ်အတည်းနဲ့မတွေ့ခင်အထိ အသီးအရွက်တွေ ရောင်းဖို့အတွက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းဖြင့် ပိုက်ဆံရှာခဲ့ပါတယ် ။ Nong Oat က ဟင်းသီးဟင်းရွက်ကို သေချာစွာ ဆေးကြောပြီး အိမ်နဲ့ ၃ ကီလိုမီတာခန့် ဝေးတဲ့ ဂျေးလမ်းဆုံ၊ Sensiri ဈေး၊ နေ့တိုင်းသွားရောင်းနေခဲ့ရပါတယ် ။

အချို့နေ့တွေမှာ ဟင်းသီးဟင်းရွက်များမရှိရင် ပုလင်းများ (သို့) ရောင်းရန်အမှိုက်များကို အပြင်ထွက်ပြီး လိုက်ရှာခဲ့ရပါတယ် ။ ပုံမှန်လုပ်ခြင်းအားဖြင့် စိတ်ဓာတ်မကျတော့ဘဲ မိဘတွေကို လုပ်ကျွေးရလို့ Nong Oat က မိမိကိုယ်ကို ဂုဏ်ယူမိတယ်လို့ ဆိုပါတယ် ။ ငယ်ရွယ်တယ်လို့ ယူဆရတဲ့ လုံ့လဝီရိယနဲ့ ကျေးဇူးသိတတ်တဲ့ ဒီကလေးတစ်ဦးကို ကလေးတိုင်း စံနမှုနာယူထိုက်တဲ့ ကောင်လေးရဲ့ဥပမာတစ်ခုဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ပလက်စတစ်အမှိုက်များ နဲ့ ဟင်းသီးဟင်းရွက်များကို ရောင်းပြီး မိသားစုအတွက် ငွေရှာနေခဲ့တဲ့ လုံလဝရီယနဲ့ ကျေးဇူးသိတတ်တဲ့ကလေး"

Leave a comment

Your email address will not be published.


*