သေးငယ်တဲ့ကိုယ်ပိုင်ထိုင်ခုံပေါ်မှာထိုင်နေခဲ့တဲ့ ၄ လသားအရွယ်သမီးလေးရဲ့ချစ့်စဖွယ်ပုံများကို မျှဝေပေးခဲ့တဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူမိခင်တစ်ဦး

တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ နှင့် တိရိစ္ဆာန်ဥယျာဉ်မှူးဖြစ်တဲ့ Bindi Irwin အမည်ရှိအမျိုးသမီး နှင့် သူမရဲ့ခင်ပွန်း Chandler Powell တို့ဟာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ Grace Warrior Irwin Powell အမည်ရှိကလေးကို ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ကြိုဆိုခဲ့ကြပြီး ဩစတေးလျတိရိစ္ဆာန်ဥယျာဉ်မှာဘဲ Grace ရဲ့ငယ်ဘဝကို ရင်းနှီးကျွမ်းဝင်စေခဲ့ပါတယ်။ Bindi ဟာ အညိုရောင်ဝတ်စုံဝတ်ဆင်ပြီး ၄ လသားအရွယ်ရှိတဲ့ သူမရဲ့သမီးလေးအား ဝက်ဝံ တစ်ကောင် ၊ သားပိုက်ကောင်ကလေးတစ်စုနှင့်အတူတူ အချိန်တစ်ခုထိ တွေ့ဆုံစေခဲ့ပြီး မိတ်ဆက်ပေးခဲ့ပါသေးတယ်။

.

သမီးလေး Grace ဟာ ကွယ်လွန်သူ Steve Cervile Hunter ရဲ့မြေးဖြစ်ပြီး အမွေအနှစ်များကို သူမရဲ့မိသားစုမှတဆင့် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်မဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ Bindi ရဲ့Instagram မှာ မျှဝေထားတဲ့ ချစ်စဖွယ်ပုံရိပ်များစုစည်းမှုမှာ သဘာဝအားဖြင့် လူငယ်မိသားစုရဲ့တစ်နေ့တာကို ပျော်ရွှင်စွာဖမ်းယူထားတဲ့ပုံ နှင့် သေးငယ်တဲ့ကိုယ်ပိုင်ထိုင်ခုံလေးပေါ်မှာထိုင်နေတဲ့ Grace လေးရဲ့ပုံရိပ်ကလည်း အလွန်ပင် ချစ်စရာကောင်းလှပါတယ်။

.

“ ငါတို့ရဲ့တောရိုင်းတိရိစ္ဆာန်စစ်သည်တော် မင်းသမီးလေး ၊ ဒီဓာတ်ပုံကို ရိုက်နေချိန်မှာ Grace လေးရဲ့မပီကလာ ပီကလာပြောတဲ့ ‘Ah-Gooo’ နဲ့ ‘Gheeeee’ ဆိုတဲ့အသံများအားလုံးကို သင်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ Grace လေးရဲ့အပြုံးက ငါတို့ရဲ့နေ့တစ်နေ့ရဲ့အကောင်းဆုံးအစိတ်အပိုင်းဖြစ်တယ် ” လို့ Bindi က သူမရဲ့ Caption မှာ ရေးသားထားခဲ့ပါတယ်။

.

Bindi ဟာ သူမရဲ့မိသားစုကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် Social media မှ တစ်လကျော်အကြာအနားယူခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅) ရက်နေ့မှ သူမရဲ့အကြိုက်ဆုံးအချိန်က ဓာတ်ပုံများကို ပြန်လည်စုစည်းကာ တင်ပေးခဲ့ပါတယ်။

“ ငါတို့ရဲ့လှပတဲ့နတ်သမီးလေးက တစ်ချိန်လုံးရယ်မောနေစမြဲပါ၊ သူလေးက ငါတို့နဲ့အတူတောရိုင်းတိရိစ္ဆာန်တွေကို လိုက်ကြည့်တဲ့အခါ ငါတို့က အရမ်းပျော်ရွှင်ကြရတယ် ၊ သူလေးက မကြာခင်မှာ ၄ လပြည့်တော့မယ်ဆိုတာကို မင်းယုံနိုင်လား ၊ ငါ့နှလုံးသားထဲက အတိုင်းအဆမရှိတဲ့ချစ်ခြင်း နှင့် ကျေးဇူးတင်တယ် “ လို့လည်း Bindi က ရေးသားထားခဲ့ပါသေးတယ်။ Grace ရဲ့ ၎င်းဓာတ်ပုံဟာ တောရိုင်းတိရိစ္ဆာန်ပရိတ်သတ်များအပါအဝင် အခြားသော လူများစွာရဲ့ အာရုံကို ဖမ်းစားစေခဲ့ပြီး လူအများက Grace လေးအား သဘောကျကာ ချစ်မဆုံးဖြစ်နေခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

Source : mymodernmet

Be the first to comment on "သေးငယ်တဲ့ကိုယ်ပိုင်ထိုင်ခုံပေါ်မှာထိုင်နေခဲ့တဲ့ ၄ လသားအရွယ်သမီးလေးရဲ့ချစ့်စဖွယ်ပုံများကို မျှဝေပေးခဲ့တဲ့ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူမိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*