အသည်းကွဲနေတဲ့ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးက မိုးတွေရွာနေတာတောင် မိုးရေထဲမှာ ရပ်ပြီး အချစ်ကြောင့်ငိုကြွေးနေတဲ့ drama အချစ်ဇာတ်လမ်းဆန်လွန်းတဲ့မြင်ကွင်းမျိုးကို စာဖတ်သူတို့မြင်ဖူးကြမှာပါ။ ဒါမှမဟုတ် ကိုယ်တိုင်လည်း ကြုံဆုံဖူးကြမှာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ် ၂၂ ရက်တွင် Instagram စာမျက်နှာ တစ်ခုဖြစ်တဲ့ yplovestories acc ဟာ အမှန်တကယ်အမှတ်ရစေမဲ့ ၎င်းကဲ့သို့သောမြင်ကွင်းဗီဒီယိုတစ်ခုကိုမျှဝေခဲ့ပါတယ်။
ဗီဒီယိုထဲအရ အနက်ရောင် top အင်္ကျီဝတ်ထားတဲ့ အသည်းကွဲနေပုံရတဲ့ အမျိုးသမီးတစ်ဦးဟာ မိုးရွာနေပေမဲ့လည်း စင်္ကာပူနိုင်ငံ Kallang MRT ဘူတာရုံရဲ့အပြင်ဘက်မှာ မိုးအစိုခံကာ မှိုင်တိုင်တိုင်နဲ့ ရပ်နေခဲ့ပါတယ်။ ၎င်းမြင်ကွင်းဟာ ရုပ်ရှင်တစ်ခုရဲ့တိုက်ရိုက်မြင်ကွင်းတစ်ခုနှင့်တူနေပါတယ်။ သိပ်မကြာခင်မှာတော့ SMRT ဘူတာဝန်ထမ်းအနည်းငယ်က အဆိုပါသူမကို နှစ်သိမ့်ပေးပြီး သူမအား ဘူတာရုံထဲကို ခေါ်ဆောင်သွားခဲ့ရပါတယ်။
ဘူတာထဲသို့ မဝင်ခင်မှာ အပြင်မှာရပ်နေတဲ့သူမအား ဝန်းရံထားတဲ့ SMRT ဝန်ထမ်းအနည်းဆုံး ၄ ဦး ရှိနေတာကို မြင်နိုင်ပါတယ်။ ထို့အပြင် အမျိုးသမီးဝန်ထမ်းတစ်ဦးက သူမကိုစကားပြောနေရင်း သူမကို နှစ်သိမ့်ပေးနေခဲ့ပါတယ်။
ခဏအကြာတွင် အမျိုးသမီးဝန်ထမ်းက အဆိုပါမိန်းကလေးအား မိုးခိုရန် စည်းရုံးသိမ်းသွင်းခဲ့ပုံရပြီး အဆိုပါမိန်းကလေးကို သူမရဲ့လက်များဖြင့် အကာအကွယ်ပေးထားရင်း အတူတူ ဘူတာရုံထဲသို့ ဦးတည်ဝင်သွားခဲ့ပြီး အခြား SMRT ဝန်းထမ်း ၃ ယောက်ကလည်း နောက်ကနေလိုက်ခဲ့ကြပါတယ်။ ၎င်းဗီဒီယိုကို လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးခဲ့ပုံရပါတယ်။
ဗီဒီယိုထဲအရ အဆိုပါမိန်းကလးဟာ ချစ်သူကောင်လေးထံမှ လမ်းခွဲခံခဲ့ရပြီး ၎င်းနေရာမှာ အစောပိုင်းမိုးစရွာကတည်းက ရပ်နေခဲ့ပါတယ်။ ထို့အပြင် “ အကယ်လို့ သူက မင်းကို ငို့အောင်လုပ်ရင် မင်းရဲ့ငိုကြွေးခြင်းက သူ့နဲ့မထိုက်တန်ဘူး ကောင်မလေး ” ဟုတဲ့ caption ဖြင့် မျှဝေခဲ့ပါတယ်။
သူမဟာ စိတ်ပျက်နေပုံရပေမဲ့ သူမ ထိုကဲ့သို့ဖြစ်ပျက်ခဲ့ရတဲ့တကယ့်အကြောင်းအရာကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။ ၎င်း caption မှာ အဆိုပါမိန်းကလေးကို ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ထားပါတယ်။ ဤကဲ့သို့သော ကြေကွဲဖွယ်မြင်ကွင်းကို မြင်လျှင် ကျွန်တော်တို့အများစုက ဘာလုပ်လို့လုပ်ရမှန်းကိုသေချာမသိပေမဲ့လည်း ၎င်းဝန်ထမ်းများက တစ်ခါတစ်ရံ ကြင်နာမှုစကားအချို့နှင့်ရိုးရှင်းသည့်အမူအရာတစ်ခုလိုအပ်သည်ကို ကျွန်တော်တို့အားသေချာစွာ ပြသခဲ့ကြပါတယ်။ ထိုအချက်နှင့်အတူ ၎င်းမြင်ကွင်းဟာ ကြည်နူးစရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။
ကျွန်တော်တို့အနေနဲ့ လူတစ်ဦးရဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတို့ကိုသိရှိရန် လက်လှမ်းမမီသလို လွယ်လည်းမလွယ်ကူပေမဲ့ ၎င်းတို့ရဲ့လုံခြုံမှုက သေချာစေရန် အမြဲအရေးကြီးတာကြောင့် ၎င်းတို့အတွက် ကျွန်တော်တို့လုပ်သင့်တာကို လုပ်ပေးသင့်ပါတယ်။
Mia (Mckzone Daily)
Source : mustsharenews
Be the first to comment on "အသည်းကွဲလို့ မိုးရေထဲမှာနာရီပိုင်းအကြာထိ မှိုင်တိုင်တိုင်နဲ့ရပ်နေခဲ့တဲ့အမျိုးသမီးအား ချော့မော့ပြီး အထဲသို့ခေါ်ဆောင်ပေးခဲ့ကြတဲ့ လူတစ်စု"