အိပ်ရင်း game streaming လုပ်ရုံနဲ့ တစ်နှစ်ကို ဒေါ်လာများစွာအထိရရှိနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ဦး (ရုပ်သံ)

Euan Garcera အမည်ရှိဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ တစ်နေ့တာအတွင်း နာရီအနည်းငယ်အကြာဂိမ်းကစားခြင်းနှင့် သူ့ရဲ့ social media ချန်နယ်ဖြစ်တဲ့ ETS Gaming မှာ stream ခဲ့တဲ့ဓာတ်ပုံများကို post တင်ပေးလေ့ရှိပါတယ်။ အခြားကစားသူများစွာကဲ့သို့ပင် Euan ဟာ ဂိမ်းကစားနေစဉ် အပျော်သဘောဖြင့် streaming လုပ်ကာ live လွှင့်လေ့ရှိပါတယ်။ သို့ပေမဲ့ Euan ဟာ အထူးသဖြင့် ကပ်ရောဂါကာလအတွင်း အမေဖြစ်သူက အလုပ်ပြုတ်သွားခဲ့တာကြောင့် သူဟာ streaming ဂိမ်းများမှ ၀င်ငွေများရရန် မျှော်လင့်လာခဲ့ပါတယ်။

.

သူ့ရဲ့ဂိမ်းကစားနည်းများကို streaming လုပ်ခြင်းကနေ Euan ရခဲ့တဲ့ဝင်ငွေက တစ်နှစ်မှာ ဒေါ်လာ ၆၀ သာရှိပါတယ်။ ဒါဟာ အများကြီးတော့မဟုတ်ပေမဲ့ Euan အတွက် အစတစ်ခုပါဘဲ။ သို့ပေမဲ့ Euan ဟာ အိပ်ရင်း game streaming လုပ်ခြင်းက သူ့အား ဝင်ငွေပိုရစေတာကို သိသွားတဲ့အခါ အံ့ဩသွားခဲ့ပါတယ်။

“ ဒါမဲ့ ကျွန်တော် အိပ်ရင်း streaming လုပ်တာကို စတဲ့အခါ follower က ပိုများလာတယ် ၊ သူတို့က ကျွန်တော့်ကို star တွေပိုပို့လာပေးကြတယ်၊ ကျွန်တော် အဲ့နည်းကိုစလုပ်တော့ တစ်လကို ဒေါ်လာ ၁၂၀ ကနေ ဒေါ်လာ ၃၀၀ အထိ ရခဲ့တယ် ” ဟု Euan က ပြောပြခဲ့ပါတယ်။

အထူးသဖြင့် သူဟာ ဖုန်းတစ်လုံးနှင့်တီဗွီဖန်သားပြင်မှ စတင် streaming လုပ်ခဲ့ခြင်းကြောင့် များစွာသောလူတို့က သူ့အား အံ့သဩသွားခဲ့ကြပါတယ်။ ထိုအချိန်မှာ Euan ဟာ PC (သို့) laptop တစ်လုံးကိုတောင် ဝယ်ယူဖို့ မတတ်နိုင်ခဲ့ပါဘူး။

သို့ပေမဲ့ ဦးလေးတစ်ဦးက သူ့ရဲ့အလုပ်ကို သတိပြုမိသွားခဲ့ပြီးနောက် သူ့ရဲ့စီးပွါးရေးကိုတိုးတက်လာအောင် သူ့အား ကွန်ပျူတာတစ်လုံးဝယ်နိုင်ရန် ငွေအနည်းငယ်လှူဒါန်းခဲ့ပါတယ်။ “ အမေရိကန်မှာနေထိုင်တဲ့ကျွန်တော့်ရဲ့ ဦးလေးမိုက်ကယ်က ကျွန်တော့်ကို ဒေါ်လာ ၄၀၀ ပေးခဲ့တယ် ၊ကျွန်တော့်ရဲ့ကျောင်းနဲ့ streaming လိုအပ်ချက်တွေအတွက် ကျွန်တော် ကွန်ပျူတာတစ်လုံးကိုဝယ်နိုင်ခဲ့တယ် ၊ ဒါ့အတွက် ကျွန်တော် တကယ်ကိုကျေးဇူးတင်ပါတယ် ၊ ဒီလောက်များတဲ့ငွေပမာဏကိုကျွန်တော့်လက်ထဲရောက်ဖို့အတွက် ဒါကပထမဆုံးအကြိမ်ဘဲ” ဟု Euan က ဆက်ပြောကြားခဲ့ပါတယ်။

Euan က ၎င်းငွေများကိုလက်ခံရရှိခဲ့ပြီးနောက် ငိုကြွေးခဲ့ရကြောင်းကို ဝန်ခံခဲ့ပေမဲ့လည်း သူဟာ ၎င်းကွန်ပျူတာကို ကောင်းမွန်စွာ အသုံးချနေပြီဖြစ်ပါတယ်။ လက်ရှိမှာ Euan ဟာ သူ့ရဲ့ဂိမ်းများကို ဆက်လက် streaming လုပ်နေပြီး သူ့ရဲ့အဓိကအလုပ်တစ်ခုလိုဖြစ်နေတဲ့ အိပ်ရင်းနဲ့လည်း streaming လုပ်နေလျက်ရှိပါတယ်။

ဟုတ်ပါတယ် ၊ ယနေ့ခေတ်မှာ Euan လို ဂိမ်းကစားရင်း streaming လုပ်ကာ ဝင်ငွေရှာလာကြတဲ့ လူငယ်တွေလည်း များပြားလာနေပြီး အမှန်တကယ်လည်း ၎င်း streaming မှ ဝင်ငွေများစွာကို လက်တွေ့ရရှိနေလျက်ရှိကြပါတယ်။

Mia (Mckzone Daily)

Source : ofwtambayan

Be the first to comment on "အိပ်ရင်း game streaming လုပ်ရုံနဲ့ တစ်နှစ်ကို ဒေါ်လာများစွာအထိရရှိနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*