ကျောင်းရဲ့ဖျော်ဖြေမှုကို လက်လွတ်မခံစေချင်တာကြောင့် ဆွံ့အနားမကြားမိခင်အား လက်သင်္ကေတပြဘာသာစကားဖြင့် သရုပ်ဖော်ပြပေးခဲ့တဲ့ သားလိမ္မာလေး

ထိုနေ့ဟာ ချီလီနိုင်ငံ Rancagua မြို့ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများဟာ ထိုအထူးနေ့လေးမှာ ၎င်းတို့ရဲ့မိခင်များအတွက် ကြည်နူးစရာကောင်းတဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “When I’m Watching You” သီချင်းအား ပြင်ဆင်ကာသီဆိုခဲ့ကြပါတယ်။ သို့ပေမဲ့ ကောင်လေးတစ်ယောက်ဟာ မိခင်ဖြစ်သူက ဆွံ့အနားမကြားသူတစ်ဦးဖြစ်တာကြောင့် သူဘာသီချင်းဆိုမယ်ဆိုတာကို မိခင်ဖြစ်သူကမသိနိုင်တဲ့အတွက် သူဟာ အနည်းငယ်စိတ်ညစ်ခဲ့ရပါတယ်။

ထို့နောက် မိခင်ဖြစ်သူကို မသိရင်မသိသလိုမထားခဲ့ဘဲ အဆိုပါလိမ္မာသိတတ်တဲ့ကောင်လေးဟာ သူမသီချင်းကို ခံစားနိုင်ဖို့အတွက် အထူးအံ့ဩစရာတစ်ခုကို ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် ထိုအထူးနေ့လေးမှာ အခြားကျောင်းသူကျောင်းသားများက ၎င်းတို့ရဲ့စိတ်နှလုံးသားအပြည့်ဖြင့် စင်မြင့်ထက်တွင် သီချင်းဆိုဖို့လုပ်နေကြချိန်မှာတော့ အဆိုပါကောင်လေးဟာ စင်ပေါ်မှဆင်းပြီး ပရိသတ်များရှေ့၌ထိုင်နေတဲ့မိခင်ဖြစ်သူရဲ့ရှေ့မှာ သွားရပ်လိုက်ပါတယ်။

သီချင်းတီးလုံးစလာတဲ့အချိန်မှာတော့ ကောင်လေးဟာ သူ့ရဲ့မိခင်အား သူဘယ်လောက်ချစ်ကြောင်းကို လက်ဟန်များဖြင့် ပြောပြနေခဲ့ပါတယ်။ ထို့နောက် သူဟာ မိခင်ဖြစ်သူ ခံစားသိရှိနိုင်ရန်အတွက် သီချင်းတစ်ပုဒ်လုံးရဲ့စာသားများကို sign language များဖြင့် အသေးစိတ်သေချာစွာ ဖော်ပြပေးနေခဲ့ပါတယ်။

၎င်းကိုကြည့်ခြင်းအားဖြင့် မိခင်ဖြစ်သူဟာ သီချင်းကိုမကြားနိုင်ခဲ့သော်လည်း သူမမှာ စိတ်နှလုံးထဲထိအကြွင်းမဲ့ချစ်တတ်တဲ့သားလေးတစ်ယောက်ရှိတယ်ဆိုတာကို သူမသေချာပေါက်သိသွားခဲ့ရပါတယ်။ ဒါဟာ သိပ်ကြည်နူးစရာကောင်းလှတဲ့ အဖြစ်အပျက်တစ်ခုပါဘဲ။

ကောင်လေးဟာ အမေ့ကို အရမ်းချစ်တဲ့သားလေးတစ်ယောက်ဖြစ်ပြီး အမေဖြစ်ချင်တာတွေကိုလည်း မဖြစ်မနေလုပ်ပေးတတ်တဲ့ သားလိမ္မာလေးတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သား၊သမီးတွေက မိဘတိုင်းရဲ့မျှော်လင့်ချက်ဖြစ်သလို အားဆေးတစ်လုံးလိုပါဘဲ။

ဒီတော့ သား၊သမီးများအနေနဲ့ မိဘများအတွက် ၎င်းတို့အား ဘယ်လောက်ချစ်မြတ်နိုးကြောင်းကို ပြသဖို့ ဘယ်တော့မှဝန်မလေးကြဘဲ မိဘများ သက်ရှိထင်ရှားရှိတုန်းမှာ ၎င်းတို့အတွက် ပျော်ရွှင်စေတဲ့အားဆေးလေးအဖြစ် အနီးအနားမှာ အမြဲရှိနေပေးဖို့ လိုအပ်ပါတယ်ဗျာ။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "ကျောင်းရဲ့ဖျော်ဖြေမှုကို လက်လွတ်မခံစေချင်တာကြောင့် ဆွံ့အနားမကြားမိခင်အား လက်သင်္ကေတပြဘာသာစကားဖြင့် သရုပ်ဖော်ပြပေးခဲ့တဲ့ သားလိမ္မာလေး"

Leave a comment

Your email address will not be published.


*