လွန်ခဲ့တဲ့ ၁၁ နှစ်က ဆေးကျောင်းတက်နိုင်ရန် ကူညီထောက်ပံ့ပေးခဲ့တဲ့မိန်းကလေးရဲ့ ကယ်တင်ခြင်းကို ပြန်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦး

အခုဖော်ပြပေးမဲ့အဖြစ်အပျက်လေးဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့စကားကို သက်သေပြနေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးငယ်တစ်ဦးကို ထောက်ပံ့ကာ ဆေးကျောင်းသို့ပို့ပေးခဲ့တဲ့အမျိုးသားတစ်ဦးဟာ မကြာသေးခင်က လက်ရှိဆရာဝန်ဖြစ်လာခဲ့တဲ့အဆိုပါမိန်းကလေးရဲ့ကယ်တင်ခြင်းကို ပြန်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ခန့်က အဆိုပါမိန်းကလေးငယ်တစ်ဦးနှင့် သူမရဲ့မိသားစုဟာ တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်သွားခဲ့တာကြောင့် ၎င်းတို့ရဲ့နေအိမ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။

ထို့နောက် သူမရဲ့အဖေဟာ အိပ်ယာထဲ၌သာလဲနေခဲ့ရပြီး သူမရဲ့အမေကလည်း ရောဂါအမျိုးမျိုးခံစားနေခဲ့ရတာကြောင့် Tam Ling အမည်ရှိ အဆိုပါမိန်းကလေးငယ်ဟာ ဖခင်နှင့်မိခင်ကိုယ်စား သူမရဲ့မောင်နှမလေးယောက်နှင့်အတူတူ ရုန်းကန်ခဲ့ရပါတယ်။

Sichuan ပြည်နယ်၌ပြင်းအား ၇.၉ magnitude ရှိတဲ့ငလျင်ကြောင့် ၎င်းတို့ရဲ့နေအိမ်ကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုဟာ အိမ်နီးချင်းများနှင့် အတူနေခဲ့ရပြီး ၎င်းကြင်နာတတ်သူများရဲ့အကူအညီအထောက်အပံ့ကို ရယူပြီး မိဘများပြန်လည်နေကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

၎င်းတို့ဟာ ၎င်းတို့ရဲ့နေအိမ်အား ပြန်ဆောက်လုပ်ဖို့နှင့် မိဘများအား ထောက်ပံ့နိုင်ဖို့ နည်းလမ်းများမရှိနေခဲ့ပါဘူး။ ထို့နောက် ၎င်းတို့မိသားစုရဲ့ဆင်းရဲကျပ်တည်းမှုထံ Zheng Hua အမည်ရှိအမျိုးသားတစ်ဦးဟာ Tam ရဲ့အထက်တန်းပညာရေးပြီးဆုံးသွားတဲ့အခါ တက္ကသိုလ်တက်နိုင်ရန်ကူညီဖို့အတွက် သူမအား ကမ်းလှမ်းခဲ့ပါတယ်။ Zheng ဟာ Tam အား သူ့ရဲ့ခေါ်ဆိုမှုကဒ်ကို ပေးခဲ့ပြီး သူမအထက်တန်းအောင်ပြီးတဲ့အခါ သူ့ထံဖုန်းခေါ်ရန် ပြောခဲ့ပါတယ်။

Zheng ဟာ ၎င်းကတိကို တည်ခဲ့ပြီး Tamကို ကောလိပ်သို့ပို့ခဲ့ပြီး နောက်ပိုင်းတွင် သူမအား ဆေးကျောင်းတက်စေခဲ့ပါတယ်။ ဦးနှောက်သွေးကြောရောင်ရောဂါခံစားခဲ့ရပြီးနောက် Zheng ဟာ ဆေးရုံတင်လိုက်ရတဲ့အခါမှာတော့ သူပြုခဲ့တဲ့ကောင်းမှုက ထိုအချိန်မှာ သူ့အပေါ်သို့ တန်ပြန်သက်ရောက်လာခဲ့ပါတယ်။

Zheng ရဲ့ဇနီးက အခြားတစ်နေရာမှာ အလုပ်လုပ်နေခဲ့ပြီး သူဟာ ချက်ချင်းဆေးရုံတင်လိုက်ရတာကြောင့် Tam နှင့်သူမရဲ့ခင်ပွန်းဟာ ဆေးရုံရှိ သူ့အား လိုအပ်သမျှ အစစအရာရာအားလုံးကို ကူညီပေးခဲ့ကြပြီး သူ့နှင့်အတူ အဖော်ရအောင် ဆေးရုံဆင်းတဲ့အချိန်အထိ အနားမှာအမြဲရှိကာ စကားစမြည်ပြောပေးခဲ့ကြပါတယ်။

“ လွန်ခဲ့တဲ့ ၁၁ နှစ်က ကျွန်တော် သူမကို ဆေးကျောင်းထားပေးခဲ့တယ် ၊ ၁၁ နှစ်အကြာမှာတော့ သူမက ကျွန်တော့်အသက်ကို ပြန်ကယ်ပေးခဲ့တယ် ၊ ကျွန်တော်က တစ်ခြားသူတွေကို ကြင်နာမှုပြန့်ပွါးဖို့လှုံ့ဆော်ချင်တဲ့သဘောနဲ့ ဒီဇာတ်လမ်းကို ကျွန်တော်ပြန်ဝေမျှပေးခဲ့တာပါ ” ဟု Zheng က ပြန်လည်ပြောကြားထားခဲ့ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာတစ်ခုခုက ဖြစ်လာစမြဲပါဘဲ။ ကျွန်တော်တို့ကလည်း စိတ်သဘောထားပြည့်ဝမှုကို လက်ကိုင်ထားသင့်ပြီး သူတစ်ပါးအတွက် ကမ်းပေးတဲ့လက်တစ်စုံအမြဲဖြစ်နေဖို့ လိုအပ်ပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "လွန်ခဲ့တဲ့ ၁၁ နှစ်က ဆေးကျောင်းတက်နိုင်ရန် ကူညီထောက်ပံ့ပေးခဲ့တဲ့မိန်းကလေးရဲ့ ကယ်တင်ခြင်းကို ပြန်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*