မိဘတွေကွဲကွာသွားကြလို့ ကျောင်းသို့မောင်လေးခေါ်လာခဲ့ရတဲ့ ကျောင်းသူကြောင့် ဂရုတစိုက်ကလေးထိန်းပေးနေခဲ့ရတဲ့ ဆရာမလေး



.

.

.

.

JRose (Mckzone Daily)

Source : sanook

Unicode

ဆရာတိုင်းက သူတို့ရဲ့ကျောင်းသားတွေကိုသာ တာဝန်ယူရတာမဟုတ်ဘဲ လူတိုင်းအတွက် ကောင်းမွန်တောက်ပတဲ့အနာဂတ်ရှိစေချင်ခဲ့တာပါ ။ ထိုင်းနိုင်ငံက Pookpik လို့ခေါ်တဲ့ ဆရာမတစ်ယောက်ဟာ Nakhon ပြည်နယ်ရှိ Benjawan Ban Bueng No ကျောင်းမှ အထက်တန်းကလေးတွေကို သင်ကြားပေးတဲ့ ဆရာမဖြစ်ပါတယ် ။ ဆရာမက သူမရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထိထိမိမိအကြောင်းအရာတစ်ခုကို မျှဝေလာခဲ့ပါတယ် ။”အမေနဲ့အဖေ ကွဲသွားတဲ့အခါမှာ ဘဝကရွေးချယ်စရာမရှိတော့ပါဘူး ။ အမေက ကလေးနှစ်ယောက်ကိုပြုစုဖို့ ငွေရှာရမာဖြစ်တဲ့အတွက် ကလေးမတစ်ယောက်က သူ့ရဲ့မောင်လေးကိုပါ ကျောင်းခေါ်လာခဲ့တယ် ။ ကျွန်မတို့က အခန်းတွင်းဆရာမဖြစ်လို့ သူတို့ကို ကူညီဖို့ လိုတယ် ” လို့ ဆရာမက ဆိုခဲ့ပါတယ် ။

အထက်တန်းကျောင်းသူနှစ်ယောက်က သူတို့တွေ စာလေ့လာလို့ရအောင် တစ်ယောက်တစ်လဲ့ ဂရုစိုက်ဖို့ အလှည့်အပြောင်းနဲ့ လုပ်ခဲ့ပါတယ် ။ ဒီလောကမှာ ဆင်းရဲတဲ့ဘဝ၊ ငါတို့ထက် ပိုခက်ခဲတဲ့ လူတွေအများကြီးရှိတာပါ ။ ဒီကလေးလေးကြုံတွေ့ရတဲ့ အဖြစ်က ငါတို့ထက်အများကြီးပိုခက်ခဲ့ပါတယ် ။ ဒါကြောင့်လည်း သင်ကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ ကြုံတွေ့ခဲ့တဲ့အရာတွေအတွက် စိတ်ဓာတ်မကျပါနဲ့။

JRose (Mckzone Daily)

Be the first to comment on "မိဘတွေကွဲကွာသွားကြလို့ ကျောင်းသို့မောင်လေးခေါ်လာခဲ့ရတဲ့ ကျောင်းသူကြောင့် ဂရုတစိုက်ကလေးထိန်းပေးနေခဲ့ရတဲ့ ဆရာမလေး"

Leave a comment

Your email address will not be published.


*