မိဘေတြကိုမပူဆာဘဲ ကိုယ္တိုင္စုေဆာင္းထားတဲ့ အေႂကြေစ့နဲ႔ ဖုန္းဝယ္ယူႏိုင္ခဲ့တဲ့ လူငယ္ေလး

မၾကာေသးမီးက Mobile phone အေရာင္းဆိုင္က ဖုန္းတစ္လုံး လာဝယ္တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ ခ်စ္စရာအေၾကာင္းကို ဆိုင္ရွင္က ဂုဏ္ယူစြာေဝမွ်လာခဲ့ပါတယ္ ။ ပုံထဲမွာ ဆိုင္ပိတ္ခါးနီး ညေနခင္းခ်ိန္ခါမွာ မိခင္နဲ႔အတူ လိုက္ပါလာတဲ့ လူငယ္ေလးရဲ႕ အေၾကာင္းျဖစ္ပါတယ္ ။ ထိုလူငယ္က Noung Yi လို႔ အမည္ရၿပီး သူက ဘတ္ဂ်က္ ၅၀၀၀ ထက္မပိုတဲ့ဖုန္းကို ဝယ္ဖို႔ ေမးခဲ့ပါတယ္ ။ ဆိုင္ရွင္က Vivo Y17 ကို ေ႐ြးေပးလိုက္ၿပီး ေကာင္ေလးကို ဘတ္ေငြ ၄၉၉၉ နဲ႔ ေစ်းႏႈန္းခ်ိဳသာစြာ မိတ္ဆက္ေပးခဲ့ပါတယ္ ။ ဒါေပမဲ့ ပိုက္ဆံရွင္းဖို႔အခ်ိန္ေရာက္လာေတာ့ ေကာင္ေလးက သူ႔မွာ အေႂကြေစ့ေတြနဲ႔ ရွင္းမွာျဖစ္တဲ့အတြက္ ေျပာဖို႔ သူနည္းနည္းရွက္ေနခဲ့ပါတယ္ ။ ဒီလိုနဲ႔ေကာင္ေလးက သူကိုယ္တိုင္ စုေဆာင္းထားတဲ့ အေႂကြေစ့ေလးကို ထုတ္ၿပီး ေရတြက္ဖို႔ ဆိုင္ရွင္က ကူညီလိုက္ပါတယ္ ။

ဆိုင္ရွင္က ” Noung ဟာ အလြန္ဂုဏ္ယူစရာေကာင္းတဲ့ လူငယ္တစ္ေယာက္ဘဲ ။ သူကိုယ္တိုင္ စုေဆာင္းလို႔ရတဲ့ အေႂကြေစ့နဲ႔ ဖုန္းဝယ္သုံးခဲ့တာ ။ သူတစ္ခုခုလိုခ်င္ရင္ မိဘေတြကို မပူဆာတက္ဘဲ မိမိကိုယ္ကို ပိုက္ဆံစုၿပီး ဝယ္ယူတက္တဲ့ သူေလးပါ။ အခုေတာ့ မင္းရဲ႕ Mobile phone ကို ေပ်ာ္႐ႊင္စြာသုံးလို႔ရၿပီ ” ဆိုၿပီး ထိုေကာင္ေလးရဲ႕အေၾကာင္းကို ေဝမွ်ခဲ့ပါတယ္ ။ Nong ရဲ႕ အေၾကာင္းက လူမႈကြန္ယက္မ်ားမွ အၿပဳံးမ်ားနဲ႔ ခ်ီးက်ဴးမႈမ်ားစြာကို ဖန္တီးခဲ့ၿပီး Like 43k နဲ႔ share17k ေက်ာ္ ရရွိခဲ့ပါတယ္ ။ ဒီအေၾကာင္းေလးက သင့္ကို ၿပဳံးေပ်ာ္ေစတဲ့ ခ်စ္စရာအေၾကာင္းအရာေလးျဖစ္ပါေစ ။ ဆယ္ေက်ာ္သက္မ်ားအတြက္ ကိုယ္လိုခ်င္တဲ့ အရာမွန္သမွ်ကို မိဘေတြဆီမေတာင္းဘဲ ကိုယ့္ရဲ႕ ႀကိဳးစားမႈနဲ႔ ရယူႏိုင္ေအာင္ ႀကိဳးစားၾကပါလို႔ အႀကံျပဳခ်င္ပါတယ္ ။

JRose (Mckzone Daily)

Source : sanook

Unicode

မကြာသေးမီးက Mobile phone အရောင်းဆိုင်က ဖုန်းတစ်လုံး လာဝယ်တဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ ချစ်စရာအကြောင်းကို ဆိုင်ရှင်က ဂုဏ်ယူစွာဝေမျှလာခဲ့ပါတယ် ။ ပုံထဲမှာ ဆိုင်ပိတ်ခါးနီး ညနေခင်းချိန်ခါမှာ မိခင်နဲ့အတူ လိုက်ပါလာတဲ့ လူငယ်လေးရဲ့ အကြောင်းဖြစ်ပါတယ် ။ ထိုလူငယ်က Noung Yi လို့ အမည်ရပြီး သူက ဘတ်ဂျက် ၅၀၀၀ ထက်မပိုတဲ့ဖုန်းကို ဝယ်ဖို့ မေးခဲ့ပါတယ် ။ ဆိုင်ရှင်က Vivo Y17 ကို ရွေးပေးလိုက်ပြီး ကောင်လေးကို ဘတ်ငွေ ၄၉၉၉ နဲ့ ဈေးနှုန်းချိုသာစွာ မိတ်ဆက်ပေးခဲ့ပါတယ် ။ ဒါပေမဲ့ ပိုက်ဆံရှင်းဖို့အချိန်ရောက်လာတော့ ကောင်လေးက သူ့မှာ အကြွေစေ့တွေနဲ့ ရှင်းမှာဖြစ်တဲ့အတွက် ပြောဖို့ သူနည်းနည်းရှက်နေခဲ့ပါတယ် ။ ဒီလိုနဲ့ကောင်လေးက သူကိုယ်တိုင် စုဆောင်းထားတဲ့ အကြွေစေ့လေးကို ထုတ်ပြီး ရေတွက်ဖို့ ဆိုင်ရှင်က ကူညီလိုက်ပါတယ် ။

ဆိုင်ရှင်က ” Noung ဟာ အလွန်ဂုဏ်ယူစရာကောင်းတဲ့ လူငယ်တစ်ယောက်ဘဲ ။ သူကိုယ်တိုင် စုဆောင်းလို့ရတဲ့ အကြွေစေ့နဲ့ ဖုန်းဝယ်သုံးခဲ့တာ ။ သူတစ်ခုခုလိုချင်ရင် မိဘတွေကို မပူဆာတက်ဘဲ မိမိကိုယ်ကို ပိုက်ဆံစုပြီး ဝယ်ယူတက်တဲ့ သူလေးပါ။ အခုတော့ မင်းရဲ့ Mobile phone ကို ပျော်ရွှင်စွာသုံးလို့ရပြီ ” ဆိုပြီး ထိုကောင်လေးရဲ့အကြောင်းကို ဝေမျှခဲ့ပါတယ် ။ Nong ရဲ့ အကြောင်းက လူမှုကွန်ယက်များမှ အပြုံးများနဲ့ ချီးကျူးမှုများစွာကို ဖန်တီးခဲ့ပြီး Like 43k နဲ့ share17k ကျော် ရရှိခဲ့ပါတယ် ။ ဒီအကြောင်းလေးက သင့်ကို ပြုံးပျော်စေတဲ့ ချစ်စရာအကြောင်းအရာလေးဖြစ်ပါစေ ။ ဆယ်ကျော်သက်များအတွက် ကိုယ်လိုချင်တဲ့ အရာမှန်သမျှကို မိဘတွေဆီမတောင်းဘဲ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ရယူနိုင်အောင် ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "မိဘေတြကိုမပူဆာဘဲ ကိုယ္တိုင္စုေဆာင္းထားတဲ့ အေႂကြေစ့နဲ႔ ဖုန္းဝယ္ယူႏိုင္ခဲ့တဲ့ လူငယ္ေလး"

Leave a comment

Your email address will not be published.


*