အသက်ကြီးမှ အချစ်စစ်နဲ့တွေ့ဆုံခဲ့ပြီး လက်ထပ်ခွင့်ရခဲ့တဲ့ သက်ကြီးစုံတွဲ



JRose (Mckzone Daily)

Source : sanook77

Unicode

Songkhla ခရိုင်၊ Saba Yoi ကျေးရွာမှာ မင်္ဂလာဆောင် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါတယ် ။ အသစ်စက်စက် စုံတွဲလေးရဲ့ ရယ်စရာကောင်းမှုနဲ့ ချစ်စရာကောင်းမှုတို့ကို ဖန်တီးတဲ့ အခမ်းအနားတစ်ခုပါ ။ Ms. Wilai Mooksitchinda အမည်ရှိ အသက် (၆၇) နှစ် သတို့သမီးနဲ့ Mr.Lap Chaikwan အမည်ရှိ အသက် (၈၀ နှစ်) သတို့သား တို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ရွာအကြီးအကဲများရဲ့ ပါတီပွဲမှာ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ ဘဝအဆုံးမှာ အတူတကွနေထိုင်ရန် သဘောတူခဲ့ကြပါတယ် ။

သတို့သား Mr. Lap က သူရဲ့ပထမဇနီးနဲ့အတူ သားသမီး ၃ ဦး ထွန်းကားခဲ့ပြီး သတို့သမီး Ms. Wilai ကလည်း သမီး ၃ ဦးရှိပြီး ခင်ပွန်းဟောင်းက မကြာသေးခင်ကဘဲ ကွယ်လွန်သွားခဲ့တာပါ ။ သတို့သား Mr. Lap က သတို့သမီးကို ငွေ ၉၉.၉၉၉ ဘတ်၊ ခန်းဝင်ပစ္စည်း၊ ရွှေ ၁ ဘတ်၊ လည်ဆွဲ ၁ ခု၊ ရွှေလက်စွပ် တို့ဖြင့် လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။

သက်ကြီးစုံတွဲနှစ်ဦးရဲ့ ဆွေမျိုးများ၊ အဘိုးအဘွားအသင်းဝင်များနဲ့ ရွာသူရွာသားများက သူတို့ရဲ့ မင်္ဂလာပွဲအတွက် အားတက်သရောပါဝင်ကူညီပြီး Saba Yoi ခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ကြီးချုပ် Mr. Panya Srithongsuk က မင်္ဂလာဆောင်အခမ်းအနားကို ဦးဆောင်ပေးခဲ့ပါတယ် ။ ဒီချစ်စဖွယ်စုံတွဲလေးနှစ်ဦးအတွက် သူတို့ရှေ့ဆက်မဲ့ ဘဝခရီးလမ်းကို အတူအတကွလျောက်လှမ်းပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲချစ်နိုင်ကြပါစေလို့ ဂုဏ်ပြုတဲ့အနေနဲ့ ဆုတောင်းပေးပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အသက်ကြီးမှ အချစ်စစ်နဲ့တွေ့ဆုံခဲ့ပြီး လက်ထပ်ခွင့်ရခဲ့တဲ့ သက်ကြီးစုံတွဲ"

Leave a comment

Your email address will not be published.


*