လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများရဲ့အကူအညီကြောင့် ဟားဗတ်တက္ကသိုလ်သို့ ကျောင်းတက်ခွင့်ရခဲ့တဲ့ အမှိုက်သိမ်းသူတစ်ဦး(ရုပ်သံ)

အမေရိကန်နိုင်ငံ Maryland ပြည်နယ်ရှိ Bowie မြို့မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် Rehan Staton အမည်ရှိကျောင်းသားတစ်ဦး ဟာ အမှိုက်သိမ်းသူအဖြစ် အလုပ်လုပ်ခဲ့ပြီးနောက် ဟားဗတ်ဥပဒေကျောင်းမှာ ကျောင်းတက်ခွင့်ရသွားခဲ့ပါတယ်။ Rehan ဟာ အမှိုက်သိမ်းသူအဖြစ် အချိန်ကုန်လွန်ခဲ့စဉ်က သူ့အား ထောက်ခံပေးခဲ့တဲ့သူများကို အထူးကျေးဇူးတင်ကြောင်းနှင့် ထိုလူများကြောင့် သူ့ဘဝမှာပထမဆုံးအကြိမ် အားပေးမှုကို ခံစားခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။ Rehan ဟာ သူ ၈ နှစ်သားအရွယ်မှာ မိခင်ဖြစ်သူက အိမ်မှစွန့်ခွါသွားခဲ့ပြီးနောက် သူတို့မိသားစုက အတော်လေးခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ Rehan ရဲ့အဖေဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး မိသားစုအတွက် အသက်မွှေးဝမ်းကျောင်းပြုရန် အလုပ် ၃ ခုလုပ်နေရပါတယ်။ တစ်ခါတစ်ရံ သူတို့မှာ စားဖို့မရှိတော့သလောက်ဖြစ်တတ်ပြီး နေအိမ်မှာလည်း လျှပ်စစ်မီးတောင်မရှိခဲ့ပါဘူး။

အိမ်မှာ Rehan နဲ့သူ့ညီ Reggie တို့နှစ်ယောက်တည်းသာရှိတဲ့အချိန်များပါတယ်။ Rehan က လက်ဝှေ့သမားတစ်ဦးဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့လည်း သူ့ဘဝအခြေအနေအရမဖြစ်နိုင်ခဲ့ပါဘူး။ သူ့မှာ အားသန်တဲ့ပညာရေးစွမ်းဆောင်ရည်ရှိပေမဲ့လည်း သူလျှောက်ထားခဲ့တဲ့ကောလိပ်များမှ သူဘာကြောင့်ငြင်းပယ်ခံရတယ်ဆိုတာကို နားမလည်ခဲ့ရပါဘူး။

သို့ပေမဲ့ Rehan ဟာ စိတ်မပျက်ဘဲ Bates Trucking & Trash Removal မှာ အမှိုက်စုဆောင်းသူအဖြစ် အလုပ်ရှာခဲ့ပြီး မိသားစုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ခဲ့ပါတယ်။

Rehan ရဲ့လုပ်ဖော်ကိုင်ဖက်များစွာလည်း အားနည်းချက်များရှိခဲ့ပေမဲ့လည်း ၎င်းတို့ကိုထောက်ပံ့ပေးတဲ့မိသားစုရှိနေတာကိုတွေ့ခဲ့ရကြောင်းနှင့် အခြားသူများက သူ့ကိုမထီမဲ့မြင်ပြုနေစဉ် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်နှင့်သူငယ်ချင်းကောင်းများကကျောင်းတက်ရင်း သူ့ရဲ့အိပ်မက်များကို လက်လှမ်းမီနိုင်ရန် သူ့အား အားပေးခဲ့ကြကြောင်း ပြောပြခဲ့ပါတယ်။

သို့ပေမဲ့ Rehan ဟာ ကောလိပ်ကို သူ့စွမ်းဆောင်ရည်နှင့် ကိုယ်တိုင်မလျှောက်နိုင်ခဲ့ပါဘူး။ သို့ပေမဲ့ Brent Bates အမည်ရှိကုမ္ပဏီပိုင်ရှင်ရဲ့သားက ၎င်းအလုပ်သို့ဝင်ရောက်လာပြီးနောက်ပိုင်းမှာ သူ့အား Bowie State တက္ကသိုလ်က ပါမောက္ခတစ်ဦးထံထောက်ခံချက်ပေးခဲ့တာကြောင့် ပါမောက္ခက ၀င်ခွင့်ဘုတ်အဖွဲ့သို့အယူခံဝင်ပြီး နောက်ဆုံးမှာ သူဟာ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတော့တယ်။

.

Rehan ဟာ 4.0 GPA ဖြင့် ၂၀၁၈ Maryland တက္ကသိုလ်မှာဘွဲ့ရခဲ့ပြီးနောက် မကြာသေးခင်က Rehan အား ဟားဗတ်ဥပဒေကျောင်းက လက်ခံစာ ပေးပို့ခဲ့ပါတယ်။

Rehan ဟာ သူ့ရဲ့အိမ်မက်များကိုအကောင်အထည်ဖော်ရာမှာ အမှိုက်သိမ်းသူအဖြစ် လုပ်ကိုင်ခဲ့ရတဲ့သူ့ရဲ့အချိန်ကိုလည်း အသိအမှတ်ပြုခဲ့ပြီး သူ့အပေါ် အစအဆုံးကူညီပေးခဲ့ကြတဲ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များရဲ့ကျေးဇူးကိုလည်း မမေ့မလျော့နဲ့ ၎င်းတို့အား ကျေးဇူးစကားဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများရဲ့အကူအညီကြောင့် ဟားဗတ်တက္ကသိုလ်သို့ ကျောင်းတက်ခွင့်ရခဲ့တဲ့ အမှိုက်သိမ်းသူတစ်ဦး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*