ကင်ဆာရောဂါခံစားရတဲ့ မိခင်ရဲ့ ဆေးကုသမှုစရိတ်အတွက် ငွေရှာချင်ခဲ့တာကြောင့် အနုပညာလောကထဲ ဝင်လာခဲ့တဲ့ အမျိုးသား



.

.

.

.

.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : sanook

Unicode

ချောမောလှပတဲ့မိသားစုအဖြစ် လူသိများတဲ့ Earth PiraPhat သရုပ်ဆောင်မင်းသားဟာ ကျောင်းတက်စဉ်ကတည်းက ချစ်စရာကောင်းပြီး ထူးချွန်သူလို့ ခေါ်တွင်ခံခဲ့ရပါတယ် ။ သူဘွဲ့ယူဖို့ အချိန်ရောက်တော့ သူက Fine and Applied Arts ရဲ့တစ်လရာထူးနဲ့ဘွဲ့ရပြီး Srinakharinwirot တက္ကသိုလ်ရဲ့ ဒုတိယလမှာ ဖျော်ဖြေရေးကို စတင်ဖို့ အခွင့်အရေးရလာခဲ့ပါတယ် ။ ဒါပေမယ့် သူဝါသနာမပါဘူးလို့ ဆိုခဲ့ပါတယ် ။ ဒါပေမဲ့ သူ့မိခင်က ကင်ဆာရောဂါနဲ့ဖျားတဲ့အခါ သူက အလုပ်လုပ်ချင်လာပြီး ငွေရှာချင်လာခဲ့ပါတယ် ။ သူ့အမေရဲ့ဆေးကုသစရိတ်အတွက် ကူညီပေးချင်ဒါကြောင့် PiraPhat က ပိုကြိုးစားပြီး သရုပ်ဆောင်ဖို့ သူ့စိတ်ကိုဖွင့်လိုက်ပါတယ် ။

Earth PiraPhat ရဲ့ နာမည်အရင်းက Piraphat Wattanasetsiri လို့ခေါ်ပါတယ် ။ Piraphat ရဲ့ ပင်ကိုယ်စရိုက်က သစ်ပင်များစွာရှိတဲ့နေရာတွေ သဘာဝအလှတရားတွေကို ချစ်မြတ်နိုးတယ်လို့ ဆိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ သဘာဝက သူ့ကို သက်တောင့်သက်သာဖြစ်စေတဲ့အပြင် သူက အားကစားမျိုးစုံကစားခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ရတာကိုနှစ်သက်တဲ့ သူလည်းဖြစ်ပါတယ် ။ လက်ဝှေ့ထိုးခြင်း၊ နဲ့ အခြားလေ့ကျင့်ခန်းများဖြစ်စေ ၎င်းတို့က သူ့ကို ခိုင်မာတောင့်တင်းတဲ့ ပုံသဏ္ဏာန်ရှိစေခဲ့တာကြောင့်ပါ ။ ဒီသရုင်ဆောင်မင်းသားလေးဟာ မိဘရဲ့ ကျေးဇူးတရားကို အလွန်ပင်သိတက်တဲ့ ချောမောခန့်ညားတဲ့ အမျိုးသားဘဲဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ကင်ဆာရောဂါခံစားရတဲ့ မိခင်ရဲ့ ဆေးကုသမှုစရိတ်အတွက် ငွေရှာချင်ခဲ့တာကြောင့် အနုပညာလောကထဲ ဝင်လာခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*