အိမ်မွေးခွေးလေးများနှင့်အတူ တိုလီမုတ်စပစ္စည်းများအား တွန်းလှည်းဖြင့် မြို့အနှံ့သို့လှည့်ပတ်ရောင်းချနေတဲ့ အဘိုးတစ်ဦး

ဖိလစ်ပိုင်နိုင်ငံရှိ တိရိစ္ဆာန်ချစ်သူဖြစ်ကြတဲ့ Mikki Ramos နှင့် သူ့ရဲ့အစ်မဖြစ်သူတို့ဟာ မနီလာမြို့လမ်းများပေါ်မှာ ကားမောင်းနေစဉ် တွန်းလှည်းကိုတွန်းနေတဲ့အဘိုးတစ်ဦးရဲ့နောက်မှာတွဲပါလာတဲ့အိမ်မွေးခွေးလေးများစွာရဲ့မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ကြပြီးနောက် သူတို့မောင်နှမနှစ်ယောက်လုံးက အဆိုပါအဘိုးနှင့် ခဏလောက်အကြာစကားစမြည်ပြောခဲ့ကြပါတယ်။ အဆိုပါအဘိုးရဲ့ခွေးလေးများအပေါ်ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ၎င်းတို့မောင်နှမက အဘိုးကို ကူညီရန် ဆုံးဖြတ်လိုက်ကြပါတယ်။ Ramos က အဘိုးနှင့်ခဏလောက်စကားပြောခဲ့ပြီးတဲ့နောက်မှာ အဘိုးဟာ တွန်းလှည်းဖြင့် ပစ္စည်းအဟောင်းများကိုရောင်းရန် မြို့အနှံ့သို့ဈေးရောင်းထွက်တိုင်း ခွေးလေးများအား သူ့နှင်အတူတူ အမြဲတစေခေါ်ဆောင်သွားတတ်မှန်း သိလိုက်ရပါတယ်။

ထို့အပြင် အဆိုပါအဘိုးဟာ သူရရှိတဲ့ဝင်ငွေတွေကို သူကိုယ်တိုင်နှင့် သူခေါ်ဆောင်လာတဲ့သူ့ရဲ့ခွေးလေးများအပြင် လမ်းဘေးရှိခွေးလေခွေးလွင့်များအတွက်ကိုပါ သုံးဖြုန်းတတ်ပါသေးတယ်။

အဘိုးနှင့် မခွဲခွါခင်မှာ Ramos က အဘိုးအား စားစရာမုန့်အချို့၊ရေနှင့် ခွေးစားအချို့ကိုပါ ပေးခဲ့ပါတယ်။ အိမ်ရောက်တော့ ညနေပိုင်းမှာ Ramos ဟာ အဆိုပါအဘိုးရဲ့ဓာတ်ပုံကို Online ပေါ် တင်ဖို့နှင့်မတင်ဖို့ကို တွေဝေနေခဲ့ပါသေးတယ်။

နောက်ဆုံး Ramos ဟာ အဆိုပါ တိရိစ္ဆာန်များအပေါ်ကြင်နာတတ်တဲ့အဘိုးနှင့်သူတို့မောင်နှမတို့ရဲ့အကျဉ်းချုပ်တွေ့ကြုံမှုအကြောင်းကို ပြန်လည်ဝေမျှရန် ဆုံးဖြတ်ခဲ့ပါတော့တယ်။

ထို့နောက် Ramos က “ ဒီခွေးလေးတွေက သူတို့ရဲ့သခင် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အဲ့တာက သူတို့အတွက် အရေးမကြီးပါဘူး ၊ သခင်ရဲ့မေတ္တာကသာ သူတို့အတွက် အရေးကြီးတာပါ ၊ ဒါကြောင့် မင်း သူ့တို့ကိုလမ်းပေါ်မှာတွေ့ခဲ့ရင် ခွေးလေးတွေကို စားစရာ ဒါမှမဟုတ် ရေပေးလိုက်ပါ ၊ ပြီးကျ့ အဘိုးမှာ နားထောင်ချင်စရာကောင်းတဲ့ပုံပြင်လေးတွေရှိလို့ သူ့နဲ့စကားစမြည်ပြောပေးပါ ၊ ခွေးလေးတွေက ငါတို့ရဲ့သစ္စာရှိတဲ့အဖော်ဖြစ်သလို သူတို့အတွက်ကတော့ မင်းပေးတဲ့အချစ်ကသာ အရေးကြီးတာပါ “ လို့ ရေးသားဖော်ပြခဲ့ပါတယ်။

၎င်း post ဟာ shareပေါင်း ၈,၀၀၀ ကျော်နှင့် reaction ပေါင်း ၂၀,၀၀၀ ကျော်ဖြင့် ပျံ့နှံ့သွားခဲ့ပါတယ်။ ” လူတွေက ခွေးလေးတွေကို သေစေဖို့လောက်ဘဲ စိတ်မကူးကြဘဲ ခွေးလေးတွေကိုကူညီနိုင်ရုံသာမက တိရိစ္ဆာန်လေးတွေကို ချစ်ဖို့ဆိုတဲ့အသိစိတ်လေးကိုသာ ထားတတ်ကြဖို့ မျှော်လင့်ပါတယ် ၊ မိသားစုဝင်ခွေးတစ်ကောင်သေတိုင်း ငါတို့အိမ်သားတွေက အမြဲငိုကြရတယ် ၊ သူတို့က ငါတို့ကိုပျော်ရွှင်စေတဲ့အပြင် ငါတို့ရဲ့ဘ၀ထဲပျော်ရွှင်မှုများစွာကိုယူဆောင်လာပေးကြတာပါ ” လို့လည်း Ramos က ဆက်လက်ရေးသားခဲ့ပါသေးတယ်။

ဟုတ်ပါတယ် ၊ ခွေးလေးတွေဟာ အပြစ်ကင်းစင်ကြပြီး သစ္စာရှိကြတာတော့ လူတိုင်းအသိပါဘဲ။ အထူးသဖြင့် လမ်းဘေးခွေးလေးတွေပါဘဲ။ ဒါကြောင့် စာဖတ်သူတို့လည်း တစ်နေရာရာသွားတဲ့အခါ ခွေးလေးတွေနဲ့ကြုံခဲ့ရင် သူတို့လေးတွေကို တတ်နိုင်သလောက် အစာရေစာများကို စွန့်ကြဲပေးခဲ့ကြဖို့ အကူအညီတောင်းကာ လေးစားစွာမှာကြားခဲ့ချင်ပါတယ်ဗျာ။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "အိမ်မွေးခွေးလေးများနှင့်အတူ တိုလီမုတ်စပစ္စည်းများအား တွန်းလှည်းဖြင့် မြို့အနှံ့သို့လှည့်ပတ်ရောင်းချနေတဲ့ အဘိုးတစ်ဦး"

Leave a comment

Your email address will not be published.


*