ငယ်ရွယ်စဉ်က အပြစ်ကင်းတဲ့အလှတရားနှင့်ဆန့်ကျင်ပြီး မတူကွဲပြားတဲ့ပုံစံဖြင့် ကြီးပြင်းလာရင်း လူအများအား အံ့ဩသွားစေခဲ့တဲ့ ကလေးမော်ဒယ်တစ်ဦး




Mia (Mckzone Daily)

Source : everytruenews24

Unicode

ယခင်က အသက် ၉နှစ်အရွယ် Anna Grudina အမည်ရှိကလေးမလေးလေးဟာ သူမရဲ့အလှအပ၊ အထူးသဖြင့် သူမရဲ့စွဲဆောင်မှုရှိတဲ့မျက်လုံးများကြောင့် လူအများအား အထင်ကြီးစေတဲ့ကလေးမော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမကြီးလာသည့်တိုင် သူမဟာ သူမရဲ့အလှတရားကို နွေးထွေးစွာကြိုဆိုနေခဲ့ပြီး သူမရဲ့အထူးဆွဲဆောင်မှုကိုလည်း ထိန်းသိမ်းလာခဲ့ပါတယ်။ Anna Grudina ဟာ ငယ်ရွယ်စဉ်ကတည်းက သူမရဲ့ချစ်စဖွယ်မျက်နှာလေးကြောင့် လူများစွာရဲ့မျက်လုံးများကို ဖမ်းစားစေခဲ့ပါတယ်။ ၉ နှစ်အရွယ်မှာ Little Princess of Gomel ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက်မှာ သူမဟာ လူသိများလာခဲ့ပါတယ်။

ထို့နောက် Anna Grudina ဟာ သူမရဲ့အနာဂတ်အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရန်ခိုင်မာတဲ့ အခြေခံအုတ်မြစ်ဖြစ်စေမဲ့ စံပြ မော်ဒယ်ကျောင်းတွင် ပညာသင်ခဲ့ပါတယ်။ Anna Grudina ဟာ ငယ်ရွယ်သော်လည်း ကျွမ်းကျင်တဲ့အတွေ့အကြုံများစွာရှိနေပါတယ်။ သူမဟာ ကွဲပြားခြားနားတဲ့ကြော်ငြာစာချုပ်များစွာကို လက်ခံရရှိပြီး သူမအလုပ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒါတင်မက သူမရဲ့ဆွဲဆောင်မှုနှင့်ယုံကြည်မှုတို့က သူမအား ပို၍ရင့်ကျက်လာစေပြီး အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။

လက်ရှိ အသက် ၁၆ နှစ်အရွယ်ရောက်လာပြီးဖြစ်တဲ့ မိန်းမပျိုလေး Anna Grudina ဟာ အံ့မခန်းဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကို သင်လိုက်ကြည့်မယ်ဆိုရင်တော့ သူမ ယခင်ထက်ပိုရင့်ကျက်လာတာကို သင်သတိပြုမိနေပါလိမ့်မယ်။ ကျော့ရှင်းလှပတဲ့မျက်နှာ ၊ ကောင်းမွန်တဲ့ကျွမ်းကျင်မှုအရည်အချင်းများနှင့် မော်ဒယ်လုပ်ခြင်းကို နှစ်သက်သောအားဖြင့် Anna Grudina ကိုလူများစွာက ပို၍ပင် ချစ်မြတ်နိုးလာခဲ့ကြပြီးလူသိလည်းများလျက်ရှိနေပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ငယ်ရွယ်စဉ်က အပြစ်ကင်းတဲ့အလှတရားနှင့်ဆန့်ကျင်ပြီး မတူကွဲပြားတဲ့ပုံစံဖြင့် ကြီးပြင်းလာရင်း လူအများအား အံ့ဩသွားစေခဲ့တဲ့ ကလေးမော်ဒယ်တစ်ဦး"

Leave a comment

Your email address will not be published.


*