တန်ဖိုးကြီးဇိမ်ခံကားကို မတော်တဆဝင်တိုက်မိခဲ့ပေမဲ့ လျော်ကြေးမတောင်းတဲ့အပြင် ကားပိုင်ရှင်ရဲ့ရိုးရှင်းတဲ့တုံ့ပြန်မှုကြောင့် အံ့ဩသွားခဲ့ရတဲ့ တံငါသည်စုံတွဲ

မကြာသေးမီက ထိုင်းနိုင်ငံ Nonthaburi ပြည်နယ်၌ ငါးဖမ်းလုပ်သားဟောင်းစုံတွဲတစ်တွဲဟာ ဇိမ်ခံကားတစ်စီးနှင့်မတော်တဆမှုဖြစ်ပွါးခဲ့ပါတယ်။ ၎င်းတို့က ထို Lamborghini ကားကို ၎င်းတို့ရှေ့မှာ မတော်တဆတိုက်မိလိုက်ပြီးကားပိုင်ရှင်က ၎င်းတို့အား ပြောခဲ့တဲ့စကားကတကယ်ကို အံ့သြဖို့ကောင်းပြီး ထိထိမိမိဖြစ်သွားစေခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ အဆိုပါငါးဖမ်းသမားစုံတွဲဟာ ဟောင်းနေတဲ့ကားအစုတ်ကို မောင်းနှင်လာခဲ့ပြီးလမ်းဘေးမှာ ရပ်နေတဲ့ Lamborghini ကားကိုမတော်တဆ ဝင်တိုက်မိသွားခဲ့ပါတယ်။ ငါးဖမ်းသမားစုံတွဲဟာ Lamborghini ကားပျက်စီးမှုကိုကြည့်ရင်း ချက်ချင်းသတိမေ့လုနီးပါးဖြစ်ခဲ့ရပါတယ်။ ၎င်းတို့ရဲ့ကားကို ပြန်ပြုပြင်ဖို့ပိုက်ဆံတောင်းမှာဖြစ်သလို ပိုကြီးမားတဲ့ပြဿာနာက Lamborghini ကားကိုမှဝင်တိုက်ခဲ့မိပြီး ၎င်းကို ပျက်စီးစေခဲ့တာပါဘဲ။

၎င်း Lamborghini ကားရဲ့နောက်ဘက်တွင် ကုတ်ခြစ်ရာများစွာရှိခဲ့ပြီးငါးဖမ်းသမားစုံတွဲက ကားပိုင်ရှင်အား တောင်းပန်ခဲ့ပြီး သူတို့က ငါးဖမ်းသမားများအဖြစ်သာအလုပ်လုပ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ၎င်းတို့က ငွေလုံးဝကိုမတတ်နိုင်တာကြောင့် Labmborghini ရဲ့စုစုပေါင်းပြုပြင်စရိတ်အတွက် အရစ်ကျပေးချေနိုင်မလားဟု မေးမြန်းခဲ့ပါတယ်။

ထို့နောက် Lamborghini ပိုင်ရှင်ဟာ အဆိုပါစုံတွဲရဲ့ကြောက်လန့်နေတဲ့မျက်နှာများနှင့် ၎င်းတို့ရဲ့ကားအတွက်အာမခံဖြင့်မ၀ယ်ထားကြောင်းကို သိလိုက်ရတဲ့အခါ ကားပိုင်ရှင်က ၎င်းတို့ကို နောက်ထပ်ဒုက္ခမပေးချင်ဘဲ ၎င်းတို့လုပ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးစရာမလိုကြောင်း ပြောခဲ့ပါတယ်။

သို့ပေမဲ့ အပြန်အလှန်အနေနဲ့ ၎င်းတို့က လျော်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ကို ဘုရားမှာ ၁၀ ကြိမ်တိတိလှူဖို့ ကတိပြုစေခဲ့ပါတယ်။ ဤကြင်နာတတ်တဲ့သူဌေးကြီးရဲ့သတင်းက social media ပေါ်မှာ ပျံ့နှံ့သွားတဲ့အခါ သူက “ ငါ ချမ်းသာတာကို ကြွားချင်လို့မဟုတ်ပါဘူး၊ လူတွေကို ခွင့်လွတ်တတ်ဖို့ သင်ယူစေချင်တာကြောင့် ပျက်စီးသွားတဲ့ငါ့ကားရဲ့လျော်ကြေးကိုလည်း မလိုချင်ခဲ့ဘူး ၊ ငါ့ကားက အရမ်းဈေးကြီးတယ် ၊ ဒါမဲ့ အဲ့ဒါက ဘာဖြစ်လို့လဲ ၊ ဒီမတော်တဆမှုက တမင်လုပ်တာမဟုတ်ခဲ့ရင် ငါတို့က အခြားလူတွေကို ပွင့်လင်းတဲ့နှလုံးသားနဲ့ ခွင့်လွတ်သင့်တယ်မဟုတ်လား ၊ ငါတို့အားလုံးက ထိုင်းလူမျိုးတွေဖြစ်ပြီး ငတ်မွတ်တဲ့လူတွေကိုလည်း ကူညီသင့်တယ်” ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

Netizen တော်တော်များများက အဆိုပါသူဌေးကြီးကိုကြင်နာတတ်တဲ့သူလို့ ချီးကျူးခဲ့သလို ငါးဖမ်းသမားစုံတွဲဟာ သူ့ရဲ့တုံ့ပြန်မှုကြောင့် ထိမိသွားခဲ့ပြီး ကတိအတိုင်း ဘုရားသို့လှူဒါန်းကာ သူဌေးကြီးရဲ့နာမည်ကိုလည်း အလှူရှင်အဖြစ် ထည့်ပေးခဲ့ကြပါတယ်။

ဒီလိုအပြုအမူတွေကမြင်သူတိုင်းရဲ့နှလုံးသားတကယ်ထိမိသွားစေပြီး ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း အဆိုပါကားပိုင်ရှင်ကြီးလိုကြင်နာတတ်တဲ့သူဌေးကြီးတွေ ပိုရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

တစ်ခါတစ်ရံမှာ ကိုယ်ဖက်ကမမှားပေမဲ့ ကိုယ့်ထက်ပိုခက်ခဲနေတဲ့အခြားတစ်ဖက်အတွက် အနစ်နာခံပေးလိုက်ခြင်းက သူ့အား ကူညီပေးရာကျသလို ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ်ကူညီပေးလိုက်ရလို့ရလာတဲ့ပီတိက အရမ်းကိုခံစားလို့ကောင်းနေစေမှာ အမှန်ပါဘဲ။

Mia (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "တန်ဖိုးကြီးဇိမ်ခံကားကို မတော်တဆဝင်တိုက်မိခဲ့ပေမဲ့ လျော်ကြေးမတောင်းတဲ့အပြင် ကားပိုင်ရှင်ရဲ့ရိုးရှင်းတဲ့တုံ့ပြန်မှုကြောင့် အံ့ဩသွားခဲ့ရတဲ့ တံငါသည်စုံတွဲ"

Leave a comment

Your email address will not be published.


*