ဈေးထဲမှာ ထင်းထိုင်ရောင်းနေတဲ့ အဘိုးအိုကိုမြင်ပြီး မခံစားနိုင်တာကြောင့် လေးနက်တဲ့ အကူအညီအချို့နဲ့ ကူညီခဲ့တဲ့ လူငယ်တစ်ဦး



JRose (Mckzone Daily)

Source : thainewsonline

Unicode

Nakhon Ratchasima ပြည်နယ်၊ Pak Chong ခရိုင် ဇာတိဖြစ်တဲ့ Chotiphon Udomchai အမည်ရှိ Facebook သုံးစွဲသူတစ်ဦးက ယနေ့ သူမြင်ခဲ့တဲ့ ပုံကိုတင်ခဲ့ပါတယ် ။ သူဟာ ဈေးထဲမှာ ထင်းရောင်းနေတဲ့ အဖိုးအိုကို တွေ့ပြီး ထင်းကို ဝယ်ယူအားပေးဖို့ သွားလိုက်ပါတယ် ။ Chotiphon က ထင်းတစ်စီးကို ဘတ် ၄၀ ဖြင့် ဝယ်လိုက်ပြီး အဘိုးက ” အဘိုး ၂၅ ဘတ်ဘဲ ရောင်းတယ် ။ သားပေးတဲ့ ဘတ် ၄၀ မယူပါရစေနဲ့” ဆိုပြီး ပြောလိုက်ပါတယ် ။ နောက်ပိုင်းမှာ Chotiphon က လေးနက်တဲ့ အကူအညီအချို့နဲ့ အဘိုးအိုကို ကူညီရန် အခြားသူတွေဆီ အလှူငွေကောက်ခံခြင်းအားဖြင့် မကြာသေးမီက သူဟာ စုစုပေါင်းအလှူငွေပမာဏ ၃,၉၈၇ ရရှိခဲ့ပါတယ် ။ ၎င်းအရာက အဘိုးနဲ့ အဘိုးရဲ့မိသားစုကို ထောက်ပံ့ရန် လုံလောက်တဲ့ ငွေရရှိခြင်းဖြစ်ပါတယ် ။

အဖွားနဲ့အဘိုးရဲ့အိမ်ကို သွားလည်ပြီး သူ့ရဲ့ခရီးအကြောင်းကိုလည်း သူက အသေးစိတ်ရှင်းပြထားပါတယ် ။ “အဘိုးကို ကျွန်တော်ကောက်ခံလို့ရဲ့တဲ့ ဘတ် ၃,၉၈၇ ကို လှူဒါန်းခဲ့တယ် ။ ဒါပေမဲ့ အဖိုးက အလှူငွေလက်မခံ ခဲ့ဘူး ” လို့ ဆိုပါတယ် ။ ဒါပေမဲ့ အဘွားဖြစ်သူက ထိုထောက်ပံ့ကြေးကို လက်ခံရရှိပြီးနောက် အဘွားကြီးက သူ့ကိုကောင်းချီးတွေ ပေးခဲ့ပါတယ် ။ လှူဒါန်းဖို့ကူညီပေးခဲ့တဲ့ ပရဟိတသမားတွေကို အားလုံးကျန်းမာချမ်းသာပါစေလို့ အဘွားက ဆုတောင်းခဲ့ပါတယ်။ ဒီအမျိုးသားက အရမ်းကိုကြင်နာတက်တဲ့ လူငယ်တစ်ဦးပါ ။ ထိုအဘိုးရဲ့မိသားစုကို ကူညီပေးတဲ့အတွက် သင်ကံကောင်းခြင်းတွေ ရရှိမှာအမှန်ပါ ။

JRose (Mckzone Daily)

Be the first to comment on "ဈေးထဲမှာ ထင်းထိုင်ရောင်းနေတဲ့ အဘိုးအိုကိုမြင်ပြီး မခံစားနိုင်တာကြောင့် လေးနက်တဲ့ အကူအညီအချို့နဲ့ ကူညီခဲ့တဲ့ လူငယ်တစ်ဦး"

Leave a comment

Your email address will not be published.


*