အမႈိက္ပုံအျပည့္နဲ႔ ကင္းၿမီးေကာက္၊ ႂကြတ္၊ပိုးဟပ္ေတြရွိတဲ့အိမ္မွာ အိမ္ယာထဲလွဲေနတဲ့ မသန္စြမ္းဇနီးသည္ကို ဂ႐ုစိုက္ေနခဲ့တဲ့ အဘိုးအို

အမႈိက္ပုံေပၚမွာ အဘိုးအဘြားႏွစ္ေယာက္ရဲ႕ အခ်စ္ကိုဆုပ္ကိုင္ထားတဲ့ သူတို႔ရဲ႕ဘဝကိုျမင္တဲ့အခါ အြန္လိုင္းကလူေတြ အံ့အားသင့္သြားခဲ့ရပါတယ္ ။ ကင္းေျခမ်ားပိုးဟပ္မ်ားနဲ႔ ႂကြက္မ်ားအၾကား အဘိုးဟာ အိပ္ရာထဲက မသန္စြမ္းအဖြားကို ျပဳစုသူျဖစ္ပါတယ္ ။ ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ အိမ္ဟာ ထိတ္လန႔္စရာအမႈိက္မ်ားနဲ႔ ျပည့္ႏွက္ေနခဲ့တာပါ ။ ၎အေၾကာင္းကို Coast Destroyer Pop ဆို႔ အဖြဲ႕က ဒီဒုကၡိတအဘိုးအဘြားမ်ားရဲ႕ ဘဝဇာတ္ေၾကာင္းကို သူတို႔ရဲ႕ Facebook မွာ တင္ခဲ့ပါတယ္ ။ လူေတြအမ်ားႀကီးျမင္ရတဲ့ပုံက အိမ္ထဲမွာ အမႈိက္ပုံေတြေနရာအျပည့္ရွိေနတဲ့အျပင္ ကင္းၿမီးေကာက္ေတြ၊ ႂကြက္ေတြနဲ႔ ပိုးဟပ္ေတြလို လည္း ရွိေနခဲ့ပါတယ္ ။

အဘိုးအဘြား ၂ ဦး ျဖစ္တဲ့ ဦးေလး Krishna Thiamsuwan ရဲ႕ ေၾကကြဲဖြယ္အေၾကာင္းေလးက အဘိုးဟာ အိမ္ယာထဲလွဲေနတဲ့ သူရဲ႕ ဇနီး Srirat Thiamsu ကိုျပဳစုဖို႔အတြက္ အမႈိက္ေတြကို စုေဆာင္းေရာင္းခ်ျခင္းျဖင့္ အသက္ရွင္သန္ရန္ မွီခိုေနရပါတယ္ ။ ဦးေလး Krishna က နဂိုက Sattahip ေက်ာင္းမွာ သန႔္ရွင္းေရးဆရာအျဖစ္နဲ႔ အလုပ္လုပ္ခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္ ၂၀ ေက်ာ္က သူ႔ရဲ႕ဘဝဟာ ေျပာင္းသြားတယ္လို႔ ေျပာခဲ့ပါတယ္ ။ ဇနီးသည္မွာ သည္းေျခေက်ာက္ ရွိၿပီး ခြဲစိတ္ကုသမႈခံယူခဲ့ေသာ္လည္း ေနာက္ပိုင္းမီာလမ္းမေလွ်ာက္ႏိုင္ေတာ့တာေၾကာင့္ အခုလို အိပ္ယာထဲမွာ လွဲေလ်ာင္းေနခဲ့တာပါ ။ သူတို႔ေလးကို ကူညီႏိုင္မဲ့ ေစသနာရွင္ေတြကို အျမန္ေတြ႕ပါေစ ။

.

.

.

JRose (Mckzone Daily)

Source : thainewsonline

.

.

.

Unicode

အမှိုက်ပုံပေါ်မှာ အဘိုးအဘွားနှစ်ယောက်ရဲ့ အချစ်ကိုဆုပ်ကိုင်ထားတဲ့ သူတို့ရဲ့ဘဝကိုမြင်တဲ့အခါ အွန်လိုင်းကလူတွေ အံ့အားသင့်သွားခဲ့ရပါတယ် ။ ကင်းခြေများပိုးဟပ်များနဲ့ ကြွက်များအကြား အဘိုးဟာ အိပ်ရာထဲက မသန်စွမ်းအဖွားကို ပြုစုသူဖြစ်ပါတယ် ။ ဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ဟာ ထိတ်လန့်စရာအမှိုက်များနဲ့ ပြည့်နှက်နေခဲ့တာပါ ။ ၎င်းအကြောင်းကို Coast Destroyer Pop ဆို့ အဖွဲ့က ဒီဒုက္ခိတအဘိုးအဘွားများရဲ့ ဘဝဇာတ်ကြောင်းကို သူတို့ရဲ့ Facebook မှာ တင်ခဲ့ပါတယ် ။ လူတွေအများကြီးမြင်ရတဲ့ပုံက အိမ်ထဲမှာ အမှိုက်ပုံတွေနေရာအပြည့်ရှိနေတဲ့အပြင် ကင်းမြီးကောက်တွေ၊ ကြွက်တွေနဲ့ ပိုးဟပ်တွေလို လည်း ရှိနေခဲ့ပါတယ် ။

အဘိုးအဘွား ၂ ဦး ဖြစ်တဲ့ ဦးလေး Krishna Thiamsuwan ရဲ့ ကြေကွဲဖွယ်အကြောင်းလေးက အဘိုးဟာ အိမ်ယာထဲလှဲနေတဲ့ သူရဲ့ ဇနီး Srirat Thiamsu ကိုပြုစုဖို့အတွက် အမှိုက်တွေကို စုဆောင်းရောင်းချခြင်းဖြင့် အသက်ရှင်သန်ရန် မှီခိုနေရပါတယ် ။ ဦးလေး Krishna က နဂိုက Sattahip ကျောင်းမှာ သန့်ရှင်းရေးဆရာအဖြစ်နဲ့ အလုပ်လုပ်ခဲ့ပြီး လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူ့ရဲ့ဘဝဟာ ပြောင်းသွားတယ်လို့ ပြောခဲ့ပါတယ် ။ ဇနီးသည်မှာ သည်းခြေကျောက် ရှိပြီး ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း နောက်ပိုင်းမီာလမ်းမလျှောက်နိုင်တော့တာကြောင့် အခုလို အိပ်ယာထဲမှာ လှဲလျောင်းနေခဲ့တာပါ ။ သူတို့လေးကို ကူညီနိုင်မဲ့ စေသနာရှင်တွေကို အမြန်တွေ့ပါစေ ။

JRose (Mckzone Daily)

Be the first to comment on "အမႈိက္ပုံအျပည့္နဲ႔ ကင္းၿမီးေကာက္၊ ႂကြတ္၊ပိုးဟပ္ေတြရွိတဲ့အိမ္မွာ အိမ္ယာထဲလွဲေနတဲ့ မသန္စြမ္းဇနီးသည္ကို ဂ႐ုစိုက္ေနခဲ့တဲ့ အဘိုးအို"

Leave a comment

Your email address will not be published.


*