ဒုက္ခိတမိခင်နဲ့အတူ နေ့တိုင်း ထီလိုက်ရောင်းရပြီး ကြင်နာတတ်တဲ့ သူဆီက ထမင်ကျွေးခဲ့လို့ မျက်ရည်ကျသွားခဲ့တဲ့ မိန်းကလေး



.

.

JRose (Mckzone Daily)

Source : thainewsonline

.

.

Unicode

Khun Nawat.Muangchon Jikko အမည်ရှိ Facebook အဖွဲ့ဝင် Generous က မသန်စွမ်းမိခင်ကို ကူညီရန် တွန်းလှည်းတွန်းပေးတဲ့ ၉ နှစ်အရွယ်မိန်းကလေး Yod Khun Yu ရဲ့ ဝမ်းနည်းစရာအဖြစ်လေးကို ဝေမျှခဲ့ပါတယ် ။ မိန်းကလေးက သူ့ကိုကူညီတဲ့ကြင်နာတတ်တဲ့သူတစ်ယောက်နဲ့တွေ့တဲ့အခါ သူမက အရမ်းစိတ်လှုပ်ရှားပြီး ငိုနေခဲ့ပါတယ် ။ ထိုအခိုက်အတန့်မှာ မိန်းကလေးငယ် နဲ့ မိခင်တို့က အတိတ်မှာ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရတာကို ချက်ချင်းပင် သဘောပေါက်မိပါတယ် ။

မစ္စတာ Nawat.Muangchon Jikko လို ရက်‌ရောတက်တဲ့သူက မိန်းကလေး နဲ့ မိခင်ရဲ့ ဗီဒီယိုကို ပထမဆုံးအကြိမ်တင်ခဲ့ပါတယ် ။ ဒီကြင်နာတက်တဲ့ အမျိုးသမီး မစ္စတာ Nawat.Muangchon က မိန်းကလေးငယ်နဲ့ တစ်ခါမှမတွေ့ဖူးပေမဲ့ သူမက ထမင်းဘူးပေးခဲ့တာကြောင့် ကလေးမ Yod Khun Yu က သူမကိုကျေးဇူးတင်လွန်းလို့ ငိုခဲ့မိတာပါ ။ ဒီကလေးမှာဖခင်လည်းမရှိတဲ့အပြင် မသန်စွမ်းမိခင်တစ်ဦး နဲ့ သာ နေထိုင်ပြီး ဂရုစိုက်ခဲ့ရပါတယ် ။ မိန်းကလေးငယ် နဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်လေးကို လူသိများပြီး ကူညီလိုတဲ့ netizens များစွာရှိခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဒုက္ခိတမိခင်နဲ့အတူ နေ့တိုင်း ထီလိုက်ရောင်းရပြီး ကြင်နာတတ်တဲ့ သူဆီက ထမင်ကျွေးခဲ့လို့ မျက်ရည်ကျသွားခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*