ကျောင်းချိန်အတွင်းမှာ အလုပ်ပါလုပ်ပြီး ငွေများ စုဆောင်းနိုင်ခဲ့တဲ့ အတုယူ လေးစားဖွယ်ကောင်းတဲ့ ၄ တန်းကျောင်းသူလေး




JRose (Mckzone Daily)

Source : sanook

Unicode

Ban Makha Spp.nm ကျောင်းမှ Nong Aum အမည်ရှိ ၄ တန်းကျောင်းသူဟာ ကျောင်းတက်ချိန်အတွင်း ငွေစုရန် အလုပ်လုပ်ခဲ့ပြီး ယခုဆိုရင် သူမဆီမှာ ဘတ် တစ်သောင်းနီးပါး ရှိနေခဲ့ပါပြီ ။ ဒီအ‌ကြောင်းကို ဖေ့စ်ဘွတ်ခ်သုံးသူ ဆရာ Art Hemaraj Suangsombat သူ့ကျောင်းသူလေး စုဆောင်းထားတဲ့ ငွေဒင်္ဂါးနဲ့ ငွေစက္ကူလေးတွေနဲ့ပုံကို မျှဝေခဲ့တာပါ ။ ကလေးမက သူမစုဆောင်းထားတဲ့ငွေကို ဆရာဆီယူလာပြတဲ့အခါမှာ ဆရာက “ ဒီငွေတွေဘယ်ကရဒါလဲ ” လို့မေးတော့ Nong Aum က “ သမီး အားလပ်ရက်တွေမှာ အလုပ်တွေလုပ်ပြီး စုထားတာပါဆရာ။ ဒီပိုက်ဆံတွေကို ဆရာနားသိမ်းထားချင်လို့ပါ” ဆိုပြီး ပြန်ဖြေလိုက်ပါတယ် ။

Nong Aum ဟာ မိသားစုအပေါ် အလွန်သိတက်တဲ့ကလေးလည်းဖြစ်ပြီး လုံလဝီရိယရှိသူဖြစ်ပါတယ် ။ သူမဟာ ပညာရေးမှာလည်း ထူးချွန်ထက်မြတ်တယ်လို့ ဆရာက ဆိုခဲ့ပါတယ် ။ ဆရာဖြစ်သူက ကလေးမရဲ့ငွေတွေကို ယူပြီး ဆရာရဲ့ဘဏ်အကောင့်မှာ ထည့်ထားပေးခဲ့လိုက်ပါတယ် ။ လောလောဆယ် Nong Aum က ဆရာရဲ့ အကောင့်ထဲမှာ ဘတ် ၈၀၀၀ ကျော်ရှိနေပါတယ် ။

၎င်းပို့စ်ကိုမျှဝေပြီးနောက် like ၊ share လုပ်လာကြတဲ့ လူများ အပြတ်အသတ်ပေါ်လာခဲ့ပါတယ် ။ သူမဟာ သူမရဲ့ဆုံးဖြတ်နိုင်စွမ်း၊ ချင့်ချင့်ချိန်ချိန်လုပ်တက်ခြင်းနဲ့ ဝီရိယရှိခြင်းတို့ အပြည့်ရှိပြီး Nong Aum က ငွေတန်ဖိုးကိုလည်း သိတက်သူတစ်ယောက်ဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ကျောင်းချိန်အတွင်းမှာ အလုပ်ပါလုပ်ပြီး ငွေများ စုဆောင်းနိုင်ခဲ့တဲ့ အတုယူ လေးစားဖွယ်ကောင်းတဲ့ ၄ တန်းကျောင်းသူလေး"

Leave a comment

Your email address will not be published.


*