၅နှစ်အရွယ်ကတည်းကပင် ဌက်ဖျားရောဂါတိုက်ဖျက်ဖို့အတွက် သန်းနှင့်ချီတဲ့ရန်ပုံငွေများဖြင့် ကူညီပေးခဲ့တဲ့ နှလုံးလှတဲ့မိန်းကလေးငယ်

ရွယ်တူများက ဂိမ်းကစားခြင်းနှင့်ကာတွန်းများကြည့်ခြင်းဖြင့်အလုပ်များနေသော်လည်း အမေရိကန်နိုင်ငံ Pensylvania ပြည်နယ်မှ Katherine Commale အမည်ရှိကလေးမလေးဟာ ကမ္ဘာတစ်ဝှမ်းရှိလူသန်းပေါင်းများစွာကိုငှက်ဖျားရောဂါမှကယ်တင်ရန် ကူညီတဲ့ကမ္ဘာလုံးဆိုင်ရာလှုံ့ဆော်မှုတွင်ပါဝင်ခဲ့ပါတယ်။ Katherine ဟာ အသက် ၅နှစ်အရွယ်ကတည်းက ငှက်ဖျားရောဂါကို တိုက်ဖျက်ရန်ကမ္ဘာလုံးဆိုင်ရာအသိပညာပေးမှု၊ ရန်ပုံငွေနှင့်အသံများကိုမြှင့်တင်ရန်ကမ္ဘာလုံးဆိုင်ရာလှုံ့ဆော်မှုဖြစ်တဲ့ Nothing But Nets ဟုခေါ်တဲ့ကုလသမဂ္ဂတွဲဖက်ပရဟိတလှုပ်ရှားမှုသို့လှူဒါန်းရန်ရန်ပုံငွေစတင်စုဆောင်းလာခဲ့သူပါ။ အစပိုင်းမှာတော့ Katherine ဟာ ဌက်ဖျားရောဂါက လူကိုသေစေနိုင်တာကို မသိခဲ့ပါဘူး။ တစ်ညမှာ Katherine ဟာ မိခင်ဖြစ်သူ Lynda နှင့်အတူ Malaria: Fever Wars ဆိုတဲ့သတင်းကို ကြည့်ခဲ့ကြပြီး ၎င်းရောဂါဟာ စက္ကန့် ၃၀ ခြားတစ်ခါ ကလေးတစ်ယောက်စီသေဆုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဆိုဖာပေါ်၌ကွေးကွေးလေးထိုင်နေခဲ့တဲ့ Katherine ဟာ သေဆုံးနှုန်းကို တစ်၊ နှစ်၊ သုံး၊ သုံးဆယ်၊ သူမသုံးဆယ်သို့ရေတွက်မိသွားတဲ့အခါ သူမဟာ ထိတ်လန့်တကြားဖြင့်“ အမေအာဖရိကန်ကလေးသေသွားပြီ၊ သမီးတို့တစ်ခုခုလုပ်မှရမယ်” လို့ဆိုခဲ့ပါတယ်။

ထို့နောက် သူမဟာ အဆာပြေစားစရာများနှင့် Barbie အရုပ်များအတွက် စုထားတဲ့ပိုက်ဆံကို ခြင်ထောင်များဝယ်ရန်လုပ်ခဲ့ပေမဲ့ ၎င်းက မလုံလောက်သေးတာကြောင့် သူမဟာ သူမရဲ့ပစ္စည်းဟောင်းများကို တစ်ပတ်ရစ်ဆိုင်များ၌ပြန်ရောင်းခဲ့သော်လည်း ရလာတဲ့ငွေက သူအား စိတ်ကျေနပ်မှုမပေးခဲ့ပါဘူး။

ထို့နောက် မိသားစုရဲ့အကူအညီဖြင့် သူမတို့ဟာ အခြားကလေးများအား ရှင်းပြရန် ရိုးရှင်းတဲ့ပိုက်ကွန်ခြင်ထောင်ဖြင့် တနင်္ဂနွေနေ့မှာ ဘုရားကျောင်းသို့သွားခဲ့ကြပါတယ်။ ထိုအချိန်မှစ၍ Katherine ဟာ ရန်ပုံငွေများစွာကို တက်ကြွစွာစုဆောင်းလာခဲ့ပါတယ်။

အိမ်နီးချင်းများနှင့် church ကျောင်း အသိုင်းအဝိုင်းများရဲ့အကူအညီဖြင့် သူမတို့မိသားစုဟာ တစ်ခုကို ဒေါ်လာ ၁၀ ပေးရတဲ့ ခြင်ထောင်များကို ဝယ်နိုင်ရန် Nothing But Nets သို့ ဒေါ်လာ ၁,၅၀၀ ကိုလှူဒါန်းခဲ့ပါတယ်။

Katherine ဟာ ခြင်ထောင်တစ်လုံးစာ အလှူငွေထည့်ပေးတဲ့သူတိုင်း မေတ္တာလက်ဆောင်အဖြစ် သူမရဲ့ handmade အလှလက်ဆောင်ပြားတစ်ခုပြန်ပေးမဲ့စိတ်ကူးကိုလည်း ဖန်တီးခဲ့ပါတယ်။ သူမရဲ့တောက်ပတဲ့စိတ်ကူးဆီမှ ဒေါ်လာ ၈,၀၀၀ ရခဲ့ပါသေးတယ်။

သူမရဲ့ကြိုးစားမှုဟာ သမ္မတဟောင်း Bill Clinton ကို အာရုံစိုက်မိသွားစေခဲ့ပြီး အသက် ၁၀ နှစ်အရွယ်မှာ Katherine ဟာ သူမရဲ့ပထမဆုံးငှက်ဖျားရောဂါအသိပညာပေးဖို့အတွက် အိမ်ဖြူတော်သို့ဖိတ်ကြားခြင်းခံရပါတယ်။ ယခုအချိန်ထိ Katherine ဟာ ငှက်ဖျားရောဂါကာကွယ်ရေးအတွက် ဒေါ်လာ ၃ သန်းနီးပါးအထိရန်ပုံငွေများစွာကူညီခဲ့ပါတယ်။

ယခုအသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Katherine ဟာ ငှက်ဖျားရောဂါအကြောင်းရန်ပုံငွေများနှင့်အသိပညာပေးမှုများဆက်လက်ပြုလုပ်နေစဉ် စာအုပ်များစွာတွင်ပါ ၀င်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်လည်း မိန့်ခွန်းများပြောကြားနေဆဲဖြစ်ပါတယ်။

JRose (Mckzone Daily)

Source : gtgoodtimes

Be the first to comment on "၅နှစ်အရွယ်ကတည်းကပင် ဌက်ဖျားရောဂါတိုက်ဖျက်ဖို့အတွက် သန်းနှင့်ချီတဲ့ရန်ပုံငွေများဖြင့် ကူညီပေးခဲ့တဲ့ နှလုံးလှတဲ့မိန်းကလေးငယ်"

Leave a comment

Your email address will not be published.


*