ဘရာဇီး street artist တစ်ဦးဖြစ်တဲ့ Fábio Gomes Trindade ဟာ ပန်းချီကားနှင့်သဘာဝကိုပေါင်းစပ်ကာ တစ်ခုတည်းပေါင်းကြည့်လိုက်လျှင် ပြီးပြည့်စုံပြီးတစ်မူထူးခြားစေတဲ့လက်ရာများကို ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့တက်ကြွတဲ့နံရံဆေးရေးပန်းချီကားတွေရဲ့အပေါ်မှာ ရှိနေတဲ့သစ်ပင်သစ်ကိုင်းတွေရဲ့အကူအညီနှင့် လူ့မျက်နှာနဲ့ဆံပင်တစ်ခြမ်းကဲ့သို့ ဦးခေါင်းပိုင်းသာပါရှိတဲ့ရပ်ပုံတူတွေကို ဖန်တီးပြခဲ့ပါတယ်။ သို့သော် ရောင်စုံဆေးကာလာများနှင့်အစိမ်းရောင်အရွက်တို့ကို ဒွန်တွဲစေလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ပုံတူဟာ ပြည့်ပြည့်စုံစုံနဲ့လှပတဲ့ပုံသဏ္ဍာန်ရှိပြီး ၎င်းဟာ မြို့ပြပတ်ဝန်းကျင်၏အစိတ်အပိုင်းများကို သဘာဝတစ်ခုနှင့် ပေါင်းစပ်စေပြီး ဆွဲဆောင်မှုရှိတဲ့နည်းလမ်းတစ်ခုဖြစ်စေခဲ့ပါတယ်။ Trindade ရဲ့နောက်ဆုံးထွက် ပန်းချီကားနှစ်ခုဟာ Egypt Sarai အမည်ရှိကလေးမော်ဒယ်တစ်ဦးအား inspire ယူထားခဲ့တာပါ။
.
မိန်းကလေးငယ်ကို Trinidade က ပုံစံနှစ်မျိုးဖြင့် သရုပ်ဖော်ထားပါတယ်။ တစ်ပုံမှာ ပန်းပွင့်များပါဝင်တဲ့ အာဖရိကသူတစ်ဦးအဖြစ် နှင့် အခြားတစ်ပုံမှာ သူမရဲ့ပင်ကိုယ်ဆံပင်နှင့် သူမရဲ့ခေါင်းပေါ်မှာ အစိမ်းရောင်ဆံပင် poofs နှစ်ခုကို ခွဲထားပါတယ်။
.
ပန်းချီကားတစ်ချပ်စီတွင် Trindade ဟာ ဖြန်းဆေးရည်မှတဆင့် Sarai ရဲ့နူးညံ့ပျော့ပျောင်းတဲ့လက္ခဏာများကို ဖမ်းယူကာ သစ်ပင်များဖြင့် သူမရဲ့အလှကို တိုးစေခဲ့ပါတယ်။ Street artist တွေဟာ လွတ်လပ်တဲ့အသွင်ရှိပြီး ၎င်းတို့ရဲ့ပန်းချီကားများကို စိတ်တိုင်းကျ ပုံဖော်နိုင်တာကြောင့် ၎င်းတို့ရဲ့ပန်းချီကားများဟာ အတော်လေးကို ဆန်းကျယ်လှပပါတယ်။
.
ဒီတော့ Trindade ရဲ့ ကလေးမော်ဒယ်အား inspire ယူထားပြီး ကလေးမလေးရဲ့ရုပ်ပုံသဏ္ဍာန်ကို ဘယ်လိုနှစ်မျိုးကွဲသွားစေခဲ့တဲ့ပုံတူများကို စာဖတ်သူတို့အတွက်ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျ။
Mia (Mckzone Daily)
Source : mymodernmet
Be the first to comment on "မိန်းကလေးငယ်တို့ရဲ့ပုံတူပန်းချီများကို ပြီးပြည့်စုံသွားစေရန် ပန်းပင်များအား သဘာဝဆံပင်များအဖြစ် သုံးပြသွားခဲ့တဲ့ ပန်းချီဆရာတစ်ဦး"