စမတ်ဖုန်းမရှိလို့ဆိုပြီး ကျောင်းထွက်ပစ်ခဲ့တဲ့သမီးအတွက် မရှိ၊ရှိတဲ့ပိုက်ဆံလေးနဲ့ ဖုန်းတစ်လုံးဝယ်ပေးခဲ့တဲ့ လမ်းဘေးဈေးသည်ဖခင်

Social Media ဟာ သုံးတတ်ရင် ကောင်းပေမဲ့ မသုံးတတ်ရင်တော့ ဘေးပါဘဲ ။ Social Media ဟာ သူငယ်ချင်းများထံမှ အပြုသဘောဆောင်တဲ့ feedback များနှင့် Like များစွာရရှိတဲ့လူတစ်ဦးလာအောင် ကျွန်တော်တို့အား အစစ်အမှန်မဟုတ်ဘဲ online ပေါ်မှာ popular ဖြစ်ပြီးချမ်းသာချင်ယောင်ဆောင်ရန် ပုံသွင်းထားခြင်းက ဝမ်းနည်းစရာကောင်းလှပါတယ်။ အလားတူ ဝမ်းနည်းစရာအဖြစ်မျိုးဟာ မလေးရှားနိုင်ငံရှိမရှိဆင်းရဲသားမိသားစုတစ်စုကို ထိခိုက်စေခဲ့ပါတယ်။

လမ်းဘေးဈေးသည်ဖခင်တစ်ဦးရဲ့သမီးဖြစ်သူဟာ စာသင်ခန်းထဲမှာ သူမတစ်ဦးတည်းသာ စမတ်ဖုန်းမရှိတာကြောင့် သူမဟာ ကျောင်းထွက်ပစ်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်သူမဟာ စမတ်ဖုန်းမဝယ်နိုင်လို့ မိသားစုဆင်းရဲတာကိုအရှက်ရကာ ကျောင်းထွက်ခဲ့ပြီး ဖခင်ဖြစ်သူက စမတ်ဖုန်းမဝယ်ပေးသေးသ၍ ကျောင်းပြန်တက်ဖို့ ငြင်းဆန်နေခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ လမ်းဘေးဈေးသည်ဖြစ်တာကြောင့် များပြားတဲ့ဝင်ငွေလည်း မရှိနေခဲ့ပါဘူး။ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကို ငြင်းပစ်လိုက်ဖို့ အခွင့်အရေးရှိပေမဲ့ သမီးဖြစ်သူရဲ့အနာဂတ်မှာ ပိုကောင်းမွန်တဲ့ဘဝကို ရရှိဖို့ သူမကို ဘွဲ့ရစေချင်ခဲ့တာကြောင့် မသက်သာတဲ့အဆုံး စမတ်ဖုန်းဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ထို့ကြောင့် ဆင်းရဲတဲ့ဖခင်ဟာ သူ့ရဲ့စုဆောင်းငွေကို ယူသုံးပြီး သမီးဖြစ်သူရဲ့စမတ်ဖုန်းအတွက် IDR 6M (ဒေါ်လာ ၆၄၀ )ကို သုံးစွဲခဲ့ရပါတယ်။ ဖုန်းဆိုင်ဝန်ထမ်းများက ဖခင်ရဲ့တန်ဖိုးနည်းငွေစက္ကူရွက်များကြောင့် ငွေရေတွက်ရာတွင် အချိန်တော်တော်ပေးခဲ့ရပါသေးတယ်။

အဖြစ်အပျက်သတင်းများက အဆိုပါဆယ်ကျော်သက်ကောင်မလေးဟာ ဘယ်လိုဖုန်းမျိုးကိုဝယ်ခဲ့ပြီး အခုလက်ရှိမှာ သူမကျောင်းဆက်တက်နေလား ၊ မတက်သေးဘူးလားဆိုတာကိုတော့ မဖော်ပြခဲ့ပေမယ့် သူမရဲ့ဖခင်အပေါ်မတရားတဲ့တောင်းဆိုမှုတွေရှိနေပေမယ့် ပညာရေးကိုပြီးဆုံးသည့်တိုင်အောင်လုပ်ဖို့ သူမနားလည်လာလိမ့်မယ်လို့သာ မျှော်လင့်မိပါတယ်။

နောက်ဆုံးမှာ သူမဟာ သူမရဲ့ပျက်စီးယိုယွင်းနေတဲ့စိတ်သဘောထားကို ပြောင်းလဲပစ်ပြီး သူမဟာ ဆင်းရဲတဲ့မိသားစုကဆင်းသက်လာတာကိုလက်ခံဖို့ သင်ယူပြီး ဖခင်ဖြစ်သူကိုလည်း ကျေးဇူးပြန်ဆပ်နိုင်အောင် သူမကိုယ်တိုင်ကြိုးစားလိမ့်မယ်လို့လည်း မျှော်လင့်ဆုတောင်းနေမိပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "စမတ်ဖုန်းမရှိလို့ဆိုပြီး ကျောင်းထွက်ပစ်ခဲ့တဲ့သမီးအတွက် မရှိ၊ရှိတဲ့ပိုက်ဆံလေးနဲ့ ဖုန်းတစ်လုံးဝယ်ပေးခဲ့တဲ့ လမ်းဘေးဈေးသည်ဖခင်"

Leave a comment

Your email address will not be published.


*