သဘာဝတရားကြီးက ကျွန်တော်တို့အား အံ့ဩစရာတွေပေးစွမ်းဖို့ အမြဲလိုလို မပျက်ကွက်နေခဲ့ပါဘူး။ သဘာဝတရားကြီးဟာ သင်တစ်ခါမှမတွေးဖူးတဲ့အရာတစ်ခုကို သင့်အား မျက်မြင်ကိုယ်တွေ့မြင်တွေ့စေပြီး အဲဒါကလည်း တစ်သက်မှာ တစ်ခါသာရမယ့်အခွင့်အရေးတစ်ခုဖြစ်နေပါလိမ့်မယ်။ Douglas Craft အမည်ရှိဓာတ်ပုံဆရာတစ်ဦးဟာ အမေရိကန်နိုင်ငံ California ပြည်နယ် Monterey Bay ရေပိုင်နက်၌ငါးဖမ်းနေတဲ့ ငါးဖမ်းတံငါသည်ရဲ့လှေတစ်စင်းရဲ့အရှေ့သို့ ရေအောက်ပင်လယ်ရေပြင်မှခုန်ထွက်လာတဲ့ ဧရာမ humpback ဝေလငါးကြီးတစ်ကောင်ရဲ့ ရင်သပ်ရှုမောဖွယ်အခိုက်အတန့်ကို အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ Douglas ဟာ သူ့စက်လှေကနေ အဆိုပါဧရာမအဏ္ဏဝါနို့တိုက်သတ္တဝါရဲ့ မယုံကြည်နိုင်စရာ ရှားပါးဓာတ်ပုံများကို ရိုက်ယူနိုင်ခဲ့ပါတယ်။
.
အစပိုင်းမှာ ထိုမြင်ကွင်းက သူ့အား စက္ကန့်အနည်းငယ်ကြာအောင် အံ့ဩသွားစေခဲ့ပေမယ့်လည်း သူဟာ ချက်ချင်းကင်မရာကိုထုတ်ကာ ရိုက်ယူနိုင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ရိုက်ချက်က ဝေလငါးကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပါတယ်။ ငါးဖမ်းလှေက မယုံနိုင်လောက်အောင် သိသာထင်ရှားစွာသေးငယ်သွားတာကို သင် တွေ့မြင်နိုင်ပါတယ်။
.
အခြားဓာတ်ပုံဆရာများက Douglas ရဲ့personal acc ပေါ်ရှိ အဆိုပါဧရာမ humpback ဝေလငါးကြီးရဲ့ဓာတ်ပုံများကို တစ်ဆင့် ပြန်လည်ဝေမျှခဲ့ပြီးတဲ့နောက်မှာ ၎င်းဓာတ်ပုံများဟာ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပါတယ်။
.
လူများစွာက Douglas ရဲ့ကင်မရာရိုက်ချက်များနှင့် ဧရာမဝေလငါးကြီးကို အံ့ဩလို့မဆုံးဖြစ်ခဲ့ကြရပါတယ်။ ထို့အပြင် Kate Cummings အမည်ရှိဝေလငါးစောင့်ကြည့်သူရဲ့အကူအညီကြောင့်လည်း Douglas ဟာ အဆိုပါဝေလငါးကြီးရဲ့ ရေအောက်မှပေါ်ထွက်လာခဲ့တဲ့ဗီဒီယိုကိုပါ ဖမ်းယူနိုင်ခဲ့ပါတယ်။
“ ဒီဗွီဒီယိုရိုက်ရတာ ပျော်စရာကောင်းပါတယ်။ ဝေလငါးကြီးတွေက ငါးဖမ်းသမားတွေနဲ့ အနေမနီးတော့ဘဲ တစ်ဖြည်းဖြည်းဝေးကွာလာနေပြီဖြစ်ပေမဲ့ တစ်ခါတစ်လေတော့ ဝေလငါးကြီးတွေက ငါးဖမ်းလှေတွေနား မထင်ရင်၊ထင်သလို ရုတ်တရက်ပေါ်လာတတ်ကြတယ် ” ဟု Kate က မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။
Mia (Mckzone Daily)
Source : pawsplanet
Be the first to comment on "ရေပြင်ပေါ်သို့ခုန်ထွက်လာတဲ့ ဧရာမဝေလငါးကြီးတစ်ကောင်ရဲ့ရင်သပ်ရှုမောဖွယ်အခိုက်အတန့်ကို ရှားရှားပါးပါးမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ (ရုပ်သံ)"