“လူငယ်များသည်အမိမြေ၏မျှော်လင့်ချက်ဖြစ်သည်။ ” ဆိုတဲ့စကားက ဖိလစ်ပိုင်နိုင်ငံရဲ့အမျိုးသားသူရဲကောင်းတွေထဲကတစ်ယောက်က နောင်လာမဲ့မျိုးဆက်လူငယ်တွေအတွက်ပြောခဲ့တဲ့စကားဘဲဖြစ်ပါတယ်။ လူငယ်များဟာ ၎င်းတို့ထိုက်တန်တဲ့ပညာရေးကိုသာရရှိခဲ့လျှင် ၎င်းတို့ဟာ တိုင်းပြည်အတွက်ကြီးမားတဲ့အရာတစ်ခုဖြစ်လိမ့်မည်ဟုသူက အခိုင်အမာပြောဆိုယုံကြည်ခဲ့ပါတယ်။ မိဘအများစုဟာ ၎င်းတို့ရဲ့ကလေးများအတွက် တူညီတဲ့မျှော်လင့်ချက်ရှိသော်လည်း မိဘတိုင်းဟာ ဤ ၇ နှစ်အရွယ်မိန်းကလေးကဲ့သို့ပင် ၎င်းတို့ရဲ့သားသမီးများကို ကျောင်းထားပေးရန် လုံလောက်တဲ့အခွင့်ထူးကို မရခဲ့ကြပါဘူး။ သူမနှင့်ရွယ်တူများက စာသင်ကျောင်းတွင် အသစ်သောအရာများကို သင်ယူနေစဉ် အဆိုပါဖိလစ်ပိုင်မိန်းကလေးငယ်ဟာ ငရုတ်ကောင်းနှင့်အခြားကုန်ပစ္စည်းများကို လမ်းများပေါ်တွင်ရောင်းချခြင်းမှတဆင့် သူမရဲ့ဆင်းရဲတဲ့မိသားစုကိုကူညီရန် အခြားရွေးချယ်စရာမရှိနေခဲ့ပါဘူး။
Facebook သုံးစွဲသူ Joepring Galicia Sales က အလုပ်ရှုပ်နေတဲ့လမ်းပေါ်တွင် ကိုယ်တိုင်တစ်ဦးတည်းဖြင့် ၀င်ငွေရရန်ကြိုးစားနေခဲ့တဲ့ ဆင်းရဲတဲ့အဆိုပါမိန်းကလေးငယ်ရဲ့အဖြစ်အပျက်ကို ပြန်လည်ဝေမျှပေးခဲ့တာပါ။ Joepring ဟာ သူမအား သူမရဲ့မိသားစုအကြောင်း ၊ သူမရဲ့နေထိုင်ရာအရပ် နှင့် ကျောင်းသွားရမဲ့အသက်အရွယ်မှာ ဘာကြောင့်ဈေးရောင်းနေတာကို မေးမြန်းကြည့်ခဲ့ပါတယ်။
နောက်ပိုင်းသူတို့ရဲ့စကားဝိုင်းမှာ အဆိုပါ ၇ နှစ်အရွယ်ကောင်မလေးက သူမဟာ တတိယတန်းကျောင်းသူဖြစ်ပြီး အဖေဖြစ်သူက အလုပ်သွားနေစဉ် အမေဖြစ်သူက သူများအိမ်တွေမှာ အဝတ်သွားလျှော်ကြောင်းပြောပြခဲ့ပါတယ်။
သူမလိုအရွယ်မှာကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားနေရမဲ့အစား လမ်းပေါ်မှာ ကျင်လည်နေခဲ့ရတဲ့ကောင်မလေးရဲ့ဇာတ်လမ်းဟာ Joepring ရဲ့နှလုံးသားကို ကွဲအက်သွားစေခဲ့ပါတယ်။ နိုင်ငံရဲ့ပြဌာန်းဥပဒေအမှတ် ၇၆၅၈ အရ အသက် ၁၅ နှစ်အောက်ကလေးများအားလုံးကို အစိုးရ သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းနှစ်ခုလုံး၌ အလုပ်ခန့်ခြင်းကိုတားမြစ်ထားပါတယ်။
ထို့ကြောင့် ကံမကောင်းစွာ ဖိလစ်ပိုင်မှာ ၎င်းတို့မိသားစုကို ထောက်ပံ့ဖို့ငယ်ငယ်ရွယ်ရွယ်နဲ့အပြင်အလုပ်စလုပ်ရတဲ့ကလေးတွေဟာ အမြင်မဆန်းနေတော့ပါဘူး။ ဆင်းရဲတဲ့ မိဘများအနေနဲ့လည်း ၎င်းတို့၏သားသမီးများကို ကျောင်းအစား အလုပ်သို့စေလွှတ်ရန်မှတပါး အခြားရွေးချယ်စရာမရှိနေပါဘူး။
ကောင်မလေးရဲ့ဇာတ်လမ်းဟာ ဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားခဲ့ပြီးနောက်မှာဘအင်တာနက်ပေါ်ရှိလူတော်တော်များများက သူမကို သနားခဲ့ကြပြီး သူမအား အကူအညီပေးနိုင်ရန် စုံးစမ်းခဲ့ကြပါတယ်။
အကယ်လို့ သင်သာ ၎င်းတို့ရဲ့မိသားစုကို ထောက်ပံ့နိုင်ရန် လမ်းပေါ်မှာ တစ်ခုခုရောင်းနေတဲ့ ဆင်းရဲပြီး မသန်စွမ်းတဲ့ကလေးတွေကို တွေ့တဲ့အခါ ၎င်းတို့ရဲ့ပစ္စည်းများကို အကုန်ဝယ်ယူခြင်းဖို့ ၎င်းတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ထိုကဲ့သို့ဝယ်ယူခြင်းဟာ အနည်းဆုံးတော့ ၎င်းတို့ရဲ့ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်သက်သာသွားစေမှာပါ။
Mia (Mckzone Daily)
Source : goodtimes
Be the first to comment on "ကျောင်းသွားရမဲ့အစား လမ်းဘေးမှာ ငရုတ်ကောင်းတွေသာလိုက်ရောင်းနေခဲ့ရတဲ့ ၇နှစ်အရွယ်ကလေးမလေးတစ်ဦး"