.
.
.
JRose (Mckzone Daily)
Source : thainewsonline
Unicode
လူတိုင်းက ပိုက်ဆံကို အများကြီး ချွေတာစုဆောင်းချင်ကြပါတယ် ။ ဒါပေမယ့် နေ့စဉ်ဘဝမှာ အလေ့အကျင့်ရလာတဲ့အခါ တစ်ခါတစ်ရံမှာ ငါတို့စုဆောင်းထားတဲ့ငွေတွေ နည်းနည်းလေးမှ မကျန်တဲ့အထိ ပိုက်ဆံကို မတော်တဆသုံးမိခဲ့ပါတယ် ။ အခုဖော်ပြမယ့် သတင်းအကြောင်းအရာတစ်ခုက လူငယ်စုံတွဲများဟာ ကလေးများရဲ့ အနာဂတ်အတွက် အိုးတစ်လုံးမှာ ငွေစုရန်ရည်ရွယ်ခဲ့ပါတယ် ။ Facebook သုံးစွဲသူ Rittidej Nilket ဟာ လွန်ခဲ့တဲ့၂၀၂၁ ပြည့်နှစ်က သူ့ရဲ့ကလေးများအတွက် သူစုဆောင်းခဲ့တဲ့ ငွေများကို ရေတွက်နေစဉ် Clip နဲ့ အတူ သူ့ရဲ့ ချစ်လှစွာသော ကလေးနှစ်ယောက်အတွက် ဘဏ်ထဲသို့ မထည့်မီ သူရရှိခဲ့တဲ့ ငွေပမာဏကို Clip ဖြင့် ပြထားပါတယ် ။
ဒီ Facebook သုံးစွဲသူမှ ကြည်နူးစရာကောင်းတဲ့ massager တစ်ခုကိုလည်း ထုတ်ဖော်ပြောကြားခဲ့တာက “မနှစ်က ငါတို့ရဲ့ ကလေးအတွက် ငွေစုစုပေါင်း ၃၆၅၀၀၀ ကို စုဆောင်းလိုက်တယ် ။ မင်းတို့လည်း ကလေးအတွက်ဆိုပြီး ပိုက်ဆံ အများကြီး၊ အများကြီးစုဆောင်းပါ၊ လုံ့လစိုက်ပါ၊ အစားအစာ မမက်မောပါနဲ့၊ ဒီလိုသာဆိုရင် မင်းလည်း တစ်နေ့ငါ့လို စုဆောင်းနိုင်မာပါ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒီအကြောင်းကို တင်ပြီးတဲ့နောက်မှာ netizens တွေက သူ့အဖေရဲ့ကြိုးစားအားထုတ်မှုကို တန်ဖိုးထားချီးကျူး လာကြပါတယ် ။ သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် ရှေ့ကိုမျှော်တွေးခဲ့တဲ့ ဒီစုံတွဲနှစ်ဦးက သူတို့ရဲ့ ကလေးများအတွက် ငွေစုဆောင်းနေခဲ့တာက ၂ နှစ်ရှိပြီလို ဆိုပါတယ် ။ ဒါဟာ မိဘတွေက သူတို့သားသမီးတွေအတွက် လုပ်ပေးတဲ့ နောက်ထပ်ပန်းတိုင်တစ်ခုပါ ။
JRose (Mckzone Daily)
Be the first to comment on "ကလေးများရဲ့ အနာဂတ်လှပဖို့အတွက် ကြိုတင်မျှော်တွေးပြီး ပိုက်ဆံများစွာကို စုဆောင်းထားခဲ့တဲ့ စုံတွဲနှစ်ဦး"