သမီးလေးအတွက် လှပတဲ့ ကျစ်ဆံမြီးရဖို့ ၁ နှစ်နဲ့ ၆ လလောက် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ရတဲ့ မိခင်တစ်ဦး
.
JRose (Mckzone Daily)
Source : thainewsonline
.
Unicode
မိခင်တွေက သူတို့ရဲ့ ကလေးငယ်များ ကြီးထွားမှုကို အဆက်မပြတ်ကြည့်ရှုစောင့်ကြည့် နေကြတဲ့ သူတွေပါ ။ အထူးသဖြင့် တစ်စုံတစ်ဦးမှာ သမီးတစ်ယောက်ရှိလျှင် မိခင်တွေက သူတို့ကလေးအတွက် ဝတ်စုံလှလှလေးတွေ ဝတ်စေချင်ကြပါတယ် ။ ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ဆံပင်ပုံစံကို ရှာပြီး သူတို့ရဲ့ကလေးလေးအတွက် သူတို့ပြင်ဆင်ပေးတက်ကြပါတယ် ။ Facebook သုံးစွဲသူ “Wansita Singla” ကဲ့သို့ သူမရဲ့သမီးငယ် ဆံပင်ကို ကျစ်ပေးလို့ရမယ့််အချိန်ကို သူမမျှော်လင့်ကြောင်း Facebook “HerKid Gathering the Children” သို့ တင်ခဲ့ပါတယ် ။ Post ပိုင်ရှင်ဖော်ပြထားတာကတော့ “နောက်ဆုံးတော့ …….. ငါစောင့်နေတဲ့နေ့ရောက်လာပြီ။ လှပတဲ့ကျစ်ဆံမြီးလေးတွေရဖို့အတွက် ၁နှစ်နဲ့ ၆လ စောင့်ဆိုင်းခဲ့ရတယ် ။ ဒါဟာ တကယ်ကိုချစ်စရာကောင်းပြီး ချစ်ဖို့ကောင်းတယ်လို့ပြောနိုင်ပါတယ်။” ဆိုပြီး ရေးသားထားပါတယ် ။
ဒီဇာတ်လမ်းကိုထုတ်ဝေပြီးတဲ့နောက် ၎င်းကို လူအများက မှတ်ချက်ပေးပြီး သူမရဲ့သမီးက အလွန်ချစ်စရာကောင်းတယ်လို့ ဆိုကြပါတယ် ။ နောက်ပြီး Netizen တွေ့က ” မင်းအမေရဲ့ကြိုးစားမှုကိုတန်ဖိုးထားပါ။ အမေရဲ့လက်ရာကို ချီးကျူးရင်းကျစ်ဆံမြီးက တကယ်ကို လှပတယ် ” လို့ မှတ်ချက်ပေးကြပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "သမီးလေးအတွက် လှပတဲ့ ကျစ်ဆံမြီးရဖို့ ၁ နှစ်နဲ့ ၆ လလောက် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ရတဲ့ မိခင်တစ်ဦး"
Leave a comment
Your email address will not be published.
*