ရက်ပေါင်းများစွာ ရေလျှံမှုဖြစ်ပြီးနောက် ရေနဲ့အတူစီးလာတဲ့ ငါးကို ဖမ်းယူပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့တဲ့ ရွာသားများ


.

.

JRose (Mckzone Daily)

Source : thainewsonline

.

.

Unicode

အင်ဒိုနီးရှားရွာသားများက ရက်သတ္တပတ်ပေါင်းများစွာ ရေကြီးရေလျှံမှုကာလအတွင်းမှာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့ကြပါတယ် ။ Facebook စာမျက်နှာတစ်ခုမှာ ရေကြီးရေလျှံပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ရွာသားများက ရေနဲ့အတူစီးဆင်းလာတဲ့ ငါးများကို ဖမ်းယူခဲ့ပါတယ် ။ ဖမ်းမိသော ငါးများထဲမှ အိမ်မွေးငါကလေးများလည်း ပါဝင်ခဲ့ပါတယ် ။ Facebook စာမျက်နှာမှာ ရေးသားခဲ့တဲ့ စာက “လွန်ခဲ့သောတစ်ပတ်ကျော်က ဂျာကာတာမြို့တော်မှာ ရေလျှံမှုကြောင့် ရွာသားများအားလုံး ရေနဲ့အတူ စီးလာတဲ့ ငါးဖမ်းယူပြီး ဟင်းကောင်းများစားနေကြတယ်” လို့ ရေးသားခဲ့ပါတယ် ။ ဒါဟာ အခွင့်အရေးကို ကောင်းကောင်းအသုံးချတက်တဲ့ ရွာသားတွေလို့ ချီးကျူးရမယ်နဲ့တူပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ရက်ပေါင်းများစွာ ရေလျှံမှုဖြစ်ပြီးနောက် ရေနဲ့အတူစီးလာတဲ့ ငါးကို ဖမ်းယူပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့တဲ့ ရွာသားများ"

Leave a comment

Your email address will not be published.


*