တက္ကသိုလ်မှဂုဏ်ထူးဆောင်ဘွဲ့များရရှိပြီး မြင်နိုင်သူများထက် ကမ္ဘာကြီးကို ပိုမြင်နိုင်ခဲ့တဲ့ မျက်မမြင်မိန်းကလေးတစ်ဦး



.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : sanook

Unicode

ငါတို့က မပြည့်မစုံနဲ့ မွေးဖွားလာတယ်ဆိုတဲ့ အချက်က အခြားသူတွေလို ငါတို့ရဲ့တန်ဖိုးက သူများထက် နိမ့်တယ်လို့ ထင်မြင်တက်ကြပါတယ် ။ ဒါပေမဲ့ Ploy-Sarocha လို့ခေါ်တဲ့ မသန်စွမ်းမိန်းကလေးတစ်ယောက်က သူမမျက်လုံးများ မမြင်နိုင်ပေမယ့် Kittisiri Chulalongkorn တက္ကသိုလ်အနုပညာဌာနမှ ပထမတန်းဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုကို ဂုဏ်ယူစွာရရှိခဲ့ပြီး ယခု သူမဟာ စိတ်ပညာမဟာဘွဲ့ကိုဆက်လက် ဆည်းပူးနေပါတယ် ။ မျက်လုံးများ မမြင်နိုင်သော်လည်း သူမက မျက်မမြင်ကလေးမပေါက်မီအထိ ခေတ်ပြိုင်စာပေအမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားနိုင်ခဲ့ပါတယ် ။ ထိုစာအုပ်ကို ၂နှစ်ပြည့်နီးပါး ပုံမှန်ရေးသားခဲ့တဲ့ သူမရဲ့ ကိုယ်ပိုင်ဒိုင်ယာရီ ပုံပြင်ဖြစ်ပါတယ် ။

သူမဟာအကန့်အသတ်မရှိဘဲ သူမရဲ့ဘဝဇာတ်လမ်းကို ထုတ်လွှင့်ပြသခဲ့ပြီး အရာတွေအပေါ်ရှုထောင့်ကနေမြင်ရတဲ့အမြင်တွေ၊ သင်ခန်းစာတွေကနေရလာတဲ့အတွေ့အကြုံတွေကို ရေးသားခဲ့တာပါ ။ သူမရေးသားချက်များက နှစ်သိမ့်ဆုရရှိတဲ့ ကလေးများ၊ အသက် ၁၂ မှ ၁၈ အတွင်းဆယ်ကျော်သက်များအတွက် စာအုပ်တစ်အုပ်ဖြစ်ပါတယ် ။ သူမဟာ မျက်မမြင်ဖြစ်နေပေမဲ့ မြင်နိုင်သူများထက် ကမ္ဘာကြီးကို ပိုမြင်နိုင်ခဲ့ပြီး စာအုပ်တွေများစွာ ရေသားခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "တက္ကသိုလ်မှဂုဏ်ထူးဆောင်ဘွဲ့များရရှိပြီး မြင်နိုင်သူများထက် ကမ္ဘာကြီးကို ပိုမြင်နိုင်ခဲ့တဲ့ မျက်မမြင်မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*