ကမ္ဘာ့အရပ်အမြင့် ကွာခြားမှုအရှိဆုံးစုံတွဲအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တဲ့ အရပ် ၁၀၁ စင်တီမီတာရှိသတို့သား နှင့် ၁၇၀ စင်တီမီတာရှိသတို့သမီး

UK ရှိ Rhos-on-Sea ကမ်းခြေမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် James Lusted အမည်ရှိအမျိုးသားနှင့် Chloe Roberts အမည်ရှိအမျိုးသမီးတို့စုံတွဲဟာ ကမ္ဘာပေါ်ရှိ အရပ်ပေအမြင့် ခြားနားမှုအရှိဆုံးစုံတွဲအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများမှ တရားဝင်အသိအမှတ်ပြုပေးခဲ့ပါတယ်။ James က ၁၀၁ စင်တီမီတာသာမြင့်ပေမဲ့လည်း Chloe က ၁၇၀စင်တီမီတာရှည်ပြီး ၎င်းတို့နှစ်ဦးဟာ ၆၀ စင်တီမီတာ အထိကွာခြားနေပါတယ်။ James ဟာ ကြီးမားလှတဲ့ metaplasia လို့ခေါ်တဲ့မျိုးရိုးလိုက် dwarfism ရောဂါနှင့် မွေးဖွားခဲ့တယ်လို့ သိရပြီး မိသားစုရှိ James ရဲ့အစ်ကိုဟာလည်း သူနှင့်အလားတူတဲ့ရောဂါရှိပါတယ်။ ဒါကြောင့် James ရဲ့အမြင့်က ၁ မီတာ ၁ လက်မအထိသာ ရှည်လာခဲ့ပြီးနောက် ထပ်မကြီးထွားလာနိုင်တော့ပါဘူး။ James အား တိုတောင်းပြီးပုံမှန်မဟုတ်တဲ့အရပ်ကြောင့် သူ့ပတ်ဝန်းကျင်မှ လှောင်ပြောင်ဝေဖန်ခြင်းတို့ခံခဲ့ရပြီး James အတွက် အလွန်ခက်ခဲတဲ့အချိန်များရှိခဲ့ရပါတယ်။

.

သို့ပေမဲ့ သူအသက်ကြီးလာတာနှင့်အမျှ James က သူ့ပတ်ဝန်းကျင်ကိုဂရုမစိုက်တော့ဘဲ သူ့ဘဝကိုသာအာရုံစိုက်နေထိုင်ပြီး လက်ရှမှာ အတော်အတန်အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

.

၂၀၁၁ ခုနှစ်မှာ James က ဆရာမ Chloe နှင့်တွေ့ဆုံခဲ့ပြီး ပွဲတစ်ခုမှာလျင်မြန်စွာရင်းနှီးသွားခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ အချစ်ရေးမစခင်တစ်နှစ်အလိုကတည်းကသူငယ်ချင်းများ ဖြစ်ခဲ့ကြပါတယ်။ ၎င်းတို့စုံတွဲဟာ အရပ် ၆၀ စင်တီမီတာအထိကွာခြားပေမဲ့လည်း အလွန်ပျော်ရွှင်သလို တစ်ဦးကိုတစ်ဦးချစ်နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးရဲ့အမြင့်ကွာခြားချက်က ၎င်းတို့၏အချစ်ကို မထိခိုက်စေကြောင်းပြောကြားခဲ့ကြပါတယ်။

.

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ James က အလွန်ချစ်စဖွယ်ကမ်းခြေမှာ Miss Chloe ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ထိုနှစ်မှာပင် သူတို့စုံတွဲဟာ တရားဝင်လက်ထပ်ခဲ့ပြီး James က သူ့နဲ့အလားတူတဲ့သူ့အစ်ကိုအတွက် စံပြတစ်ဦးဖြစ်လာခဲ့ပါတယ်။

“ Chloe နဲ့လက်ထပ်ခြင်းက ငါ့ဘ၀ရဲ့အကောင်းဆုံးနေ့ပဲ ” လို့လည်း James က ဆိုခဲ့ပါတယ်။၂၀၁၉ ခုနှစ်မှာတော့ ၎င်းတို့နှစ်ဦးဟာ ၎င်းတို့ရဲ့ပထမဆုံးသမီးဦးလေး Olivia Nevaeh ကို စိတ်လှုပ်ရှားစွာ ကြိုဆိုခဲ့ကြပါတယ်။ ကလေးမလေးဟာ ၃.၇ ကီလိုဂရမ်အလေးချိန်ရှိပြီး ကံကောင်းထောက်မစွာပဲ သူမအဖေဆီကနေ မွေးရာပါမျိုးရိုး dwarfism ဗီဇကို မဆက်ခံခဲ့ပါဘူး။

Mr. James နှင့် Ms. Chloe တို့ဟာ လမ်းပေါ်မှာ တစ်ဦးနှင့်တစ်ဦးရဲ့လက်ကိုတွဲကိုင်တဲ့အခါတိုင်း လူတိုင်းရဲ့အံ့ဩမှင်တက်တဲ့အကြည့်များကိုရတတ်ပြီး အနောက်ဘက်မှမြင်ရတဲ့အရပ်အမြင့်ကွာခြားချက်က ထိုစုံတွဲအား အမေနှင့်သားကဲ့သို့ပင် ထင်မှားစေခဲ့ပါတယ်။ Chloe ဟာ သူမခင်ပွန်းက သူမနှင့်အရပ်တူဖို့ ထိုင်ခုံခုရန်လိုအပ်ပေမဲ့လည်း အဲဒါက သူမရဲ့ခင်ပွန်းအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို မှေးမှိန်မသွားစေခဲ့ပါဘူး။

Mia (Mckzone Daily)

Source : everytruenews24

Be the first to comment on "ကမ္ဘာ့အရပ်အမြင့် ကွာခြားမှုအရှိဆုံးစုံတွဲအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တဲ့ အရပ် ၁၀၁ စင်တီမီတာရှိသတို့သား နှင့် ၁၇၀ စင်တီမီတာရှိသတို့သမီး"

Leave a comment

Your email address will not be published.


*