တစ်နေ့ကို ၈နာရီဆက်တိုက်အပြည့်အိပ်စက်နိုင်မဲ့ဝန်ထမ်းများကိုရှာဖွေကာ လုပ်အားခအနေနဲ့ ဒေါ်လာ ၁,၁၁၈ ပေးမဲ့ ကုမ္ပဏီ

ကူးစက်ရောဂါဟာ ကျွန်ုပ်တို့၏ဘဝနေထိုင်ပုံကို အသေအချာပြောင်းလဲစေခဲ့ပြီး ယခုကျွန်ုပ်တို့အားလုံးဟာ ကျွန်ုပ်တို့၏အိမ်မှလုပ်ရိုးလုပ်စဉ်အသစ်များနှင့် (ကံမကောင်းစွာဖြင့်) တစ်နေ့တာကို ကုန်ဆုံးလာခဲ့ရပါတယ်။ သို့ပေမဲ့ သင် အမှန်တစ်ကယ်အိပ်ပျော်သွားရင် အခကြေးငွေရရှိနိုင်ပြီး အစီအစဉ်ကနေ မွေ့ယာတစ်ခုကို အခမဲ့ရရှိနိုင်တဲ့အစီအစဉ်တစ်ခုရှိနေမယ်ဆိုရင်ကော ။ စင်္ကာပူနိုင်ငံ၌ မွေ့ယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Sonno ကုမ္ပဏီဟာ ၎င်းတို့၏မွေ့ယာပေါ်တွင် တစ်နေ့ရှစ်နာရီအိပ်စက်နိုင်မဲ့ ‘ အိပ်စက်ခြင်းအမှုဆောင်များ’ အား ရှာဖွေနေပါတယ်။ သို့ပေမယ့် အားလုံးထဲမှာအကောင်းဆုံးအစိတ်အပိုင်းတစ်ခုကတော့ ရွေးချယ်ခံရတဲ့ကိုယ်စားလှယ်လောင်းတွေက အလုပ်ဝင်ဖို့ ဒေါ်လာ ၁,၁၁၈ ( ၁၈ သိန်းကျော်) ရမည်ဆိုတဲ့အချက်ပါပဲ။

အိပ်နေရုံနဲ့ ပိုက်ဆံရမယ်ဆိုတော့ ဒီအလုပ်က ဘယ်လောက်တောင်မိုက်လိုက်မလဲဗျာ။ အိပ်စက်ခြင်းအမှုဆောင်တစ်ဦး၏အလုပ်နယ်ပယ်က အတိအကျဘယ်လိုလဲဆိုတော့ ကံမကောင်းစွာဘဲ အလုပ်အတွင်း သင်မဖြစ်မနေအိပ်ပျော်သွားဖို့ပါဘဲ၊ ဒါမှမဟုတ် ဒီသဘောတူညီချက်က မှန်ဖို့ကောင်းလွန်းနေပေမဲ့ သင်ပြီးမြောက်ရမည့်အခြားအလုပ်များမှာ မခက်ခဲပါဘူး။

ထို့ကြောင့် သင့်အတွက် ဘာကိုမှအမှန်တကယ်ဆုံးရှုံးစရာမရှိပါဘူး။ ဒါဟာတကယ်ကိုရိုးရှင်းပါတယ်။ အိပ်စက်ခြင်းအမှုဆောင်တစ် ဦး အနေနှင့်သင်လိုအပ်သည်မှာ – တစ်ညကိုရှစ်နာရီဆက်တိုက်အိပ်ပါ။ ဆိုရှယ်မီဒီယာတွင်သင်၏အိပ်စက်ခြင်းခရီးစဉ်ကို ပြန်မျှဝေကာ မှတ်တမ်းတင်ခြင်း(Sonno က နည်းပညာကျွမ်းကျင်သူများကို ပိုအားပေးပါတယ် ) ။

ပျော်စရာကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးရှိတဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတစ်ယောက်ဖြစ်ပါစေ။ သင်၏အိပ်စက်မှုအလေ့အထများကိုလှည့်ပတ်သောဖန်တီးမှုအကြောင်းအရာများနှင့်အတူ အိပ်စက်တတ်ပါစေ ။ စတဲ့အချက်များသာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သင်၏အိပ်စက်ခြင်းအားလုံးကို Sonno queen-sized မွေ့ရာတစ်ခု၊ ခေါင်းအုံးနှစ်လုံးနှင့် Sonno အိပ်ယာခင်းတစ်စုံတို့ပါဝင်သောအခမဲ့ Sonno Sleep Set ဖြင့် အိပ်စက်ရပါလိမ့်မယ်။

သင့်ရဲ့ညပေါင်း ၁၀၀ အိပ်စက်ခြင်းမစ်ရှင်ကို အောင်မြင်စွာပြီးမြောက်သွားတဲ့အခါ သင်ဟာ ၎င်း Sonno Sleep Set ကို အပိုင်ရရှိနိုင်ပါတယ်။ “ ဒီနှစ်တွေမှာ ကျွန်တော်တို့အားလုံးအတွက် ခက်ခဲစေခဲ့တယ်၊ အိပ်စက်ခြင်းက ကျွန်တော်တို့လုပ်ဆောင်ရမဲ့အကြိုက်ဆုံးအရာဖြစ်ပြီး ၎င်းကလည်း ကျွန်တော်တို့အပေါ်ကို အကျိုးများစွာသက်ရောက်စေပါတယ်၊

ဒါကြောင့် ဒီအစီအစဉ်က ကူးစက်ရောဂါဟာ သင်တို့ရဲ့အိပ်စက်မှုကို ဘယ်လောက်ပြောင်းလဲသွားစေခဲ့လဲ ၊ သင်တို့ပိုပြီးကောင်းကောင်းအိပ်ပျော်စေရန် ဘယ်လိုကူညီရမလဲဆိုတာကိုလုပ်ဆောင်ပေးရန်အတွက်ဘဲဖြစ်ပါတယ် ” ဟု Sonno ဝက်ဆိုက်က ဖော်ပြထားခဲ့ပါတယ်။ ထို့အပြင် ၎င်းကဲ့သို့တူညီသောအလုပ်အကိုင်ကိုလည်း မလေးရှားနိုင်ငံတွင် စိတ်ဝင်စားသောလျှောက်ထားသူများအတွက် လျှောက်ထားခွင့်ပေးထားပါသေးတယ်။

ရွေးချယ်ခံရသောကိုယ်စားလှယ်လောင်းများဟာ ၎င်းတို့၏စင်္ကာပူနိုင်ငံသားများကဲ့သို့တူညီသောအလုပ်များကို လုပ်ရမည်ဖြစ်ပြီး ၎င်းတို့ဟာ ဒေါ်လာ ၇၂၃ ရရှိမည်ဖြစ်ပါတယ်။ လျှောက်လွှာများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ အထိ ဖွင့်ထားပြီး အိပ်စက်ခြင်းအမှုဆောင်ကိုယ်စားလှယ်လောင်းများကို အောက်တိုဘာ ၁ ရက်နေ့နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးမှာပါ။ ဒီအလုပ်ကတော့ ကမ္ဘာ့အကောင်းဆုံးအလုပ်လို့ဘဲ ဆိုရမလားဗျာ။

Mia (Mckzone Daily)

Source :

Be the first to comment on "တစ်နေ့ကို ၈နာရီဆက်တိုက်အပြည့်အိပ်စက်နိုင်မဲ့ဝန်ထမ်းများကိုရှာဖွေကာ လုပ်အားခအနေနဲ့ ဒေါ်လာ ၁,၁၁၈ ပေးမဲ့ ကုမ္ပဏီ"

Leave a comment

Your email address will not be published.


*