စက္ဘီးကိုခိုးယူၿပီးတက္စီးေနခဲ့တဲ့ ေမ်ာက္ႏွင့္ ေနာက္ကေန ေဟာင္ရင္းေျပးလိုက္ေနခဲ့တဲ့ေခြးေလးတို႔ရဲ႕ရယ္စရာျမင္ကြင္း (႐ုပ္သံ)

စက္ဘီးတစ္စိီးကိုခိုးယူၿပီး အပီအျပင္စီးေနခဲ့တဲ့ ေမ်ာက္တစ္ေကာင္ဟာ သူ႔အားလိုက္ဖမ္းေနတဲ့ေခြးေလးဆီကေန လြတ္ေျမာက္ေအာင္ ထြက္ေျပးေနခဲ့တဲ့ ဒီရယ္စရာဗီဒီယိုတစ္ခုဟာ မၾကာေသးမီက အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဒီရယ္စရာေကာင္းတဲ့အျဖစ္အပ်က္က တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းျပည္နယ္ ျဖစ္တဲ့ Shanxi ျပည္နယ္မွာ ျဖစ္ပြါးခဲ့တာပါ။ အေဆာ့မွတ္ၿပီး ခုန္ေပါက္ျမဴးထူးေနတဲ့ ေမ်ာက္တစ္ေကာင္ဟာ စက္ဘီးကို ေကာက္ကိုင္ရန္မတြန႔္ဆုတ္ေနဘဲ ေခြးေလးက သူ႔အနားသို႔မေျပးလာမီ စက္ဘီးကို လ်င္ျမန္စြာ တက္စီးလိုက္ပါတယ္။ ထို႔ေနာက္ ေခြးေလးက ေမ်ာက္ရဲ႕လုပ္ရပ္ကို ၾကည့္ရင္း စတင္ေဟာင္လိုက္တဲ့အခါ ၎ေမ်ာက္က သူ႔ရဲ႕ေျခႏွစ္ေခ်ာင္းကို စက္ဘီးရဲ႕ေျခနင္းတံေပၚသို႔ လ်င္ျမန္စြာ တင္လိုက္ၿပီး လ်င္ျမန္စြာ စက္ဘီးကို ပတ္ေမာင္းထုတ္ပစ္လိုက္ပါတယ္။

ေခြးေလးက ေမ်ာက္ရဲ႕ေနာက္ကို ေျပးလိုက္ရင္း အဆက္မပ်က္ေဟာင္ေနခဲ့ေပမဲ့လည္း စက္ဘီးကိုနင္းေနတဲ့ေမ်ာက္ ကေတာ့ ရပ္တန႔္ေပးမဲ့လကၡဏာလုံးဝမျပဘဲ သူေဌးတစ္ေယာက္လို ေခ်ၿပီး ဆက္နင္းေနခဲ့ပါတယ္။ ဒီေတာ့ ကေလးစက္ဘီးတစ္စီးကို ခိုးယူၿပီး ေခြးရဲ႕ရန္ကေန လြတ္ေအာင္ စက္ဘီးအား ပတ္တြန္းရင္း တက္စီးခဲ့တဲ့ေမ်ာက္တစ္ေကာင္ႏွင့္ သူမ်ားစက္ဘီးအား ခိုးယူရေကာင္းလားဆိုၿပီး ေမ်ာက္အား ေနာက္ကေန ေျပးလိုက္ဖမ္းေနခဲ့တဲ့ေခြးေလးတို႔ရဲ႕ရယ္စရာျမင္ကြင္းဗီဒီယိုကို စာဖတ္သူတို႔အတြက္ပါ ေဖာ္ျပေပးခဲ့လိုက္ပါတယ္ဗ်ာ။

Mia (Mckzone Daily)

Source : gtgoodtimes

Unicode

စက်ဘီးတစ်စိီးကိုခိုးယူပြီး အပီအပြင်စီးနေခဲ့တဲ့ မျောက်တစ်ကောင်ဟာ သူ့အားလိုက်ဖမ်းနေတဲ့ခွေးလေးဆီကနေ လွတ်မြောက်အောင် ထွက်ပြေးနေခဲ့တဲ့ ဒီရယ်စရာဗီဒီယိုတစ်ခုဟာ မကြာသေးမီက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီရယ်စရာကောင်းတဲ့အဖြစ်အပျက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဖြစ်တဲ့ Shanxi ပြည်နယ်မှာ ဖြစ်ပွါးခဲ့တာပါ။ အဆော့မှတ်ပြီး ခုန်ပေါက်မြူးထူးနေတဲ့ မျောက်တစ်ကောင်ဟာ စက်ဘီးကို ကောက်ကိုင်ရန်မတွန့်ဆုတ်နေဘဲ ခွေးလေးက သူ့အနားသို့မပြေးလာမီ စက်ဘီးကို လျင်မြန်စွာ တက်စီးလိုက်ပါတယ်။ ထို့နောက် ခွေးလေးက မျောက်ရဲ့လုပ်ရပ်ကို ကြည့်ရင်း စတင်ဟောင်လိုက်တဲ့အခါ ၎င်းမျောက်က သူ့ရဲ့ခြေနှစ်ချောင်းကို စက်ဘီးရဲ့ခြေနင်းတံပေါ်သို့ လျင်မြန်စွာ တင်လိုက်ပြီး လျင်မြန်စွာ စက်ဘီးကို ပတ်မောင်းထုတ်ပစ်လိုက်ပါတယ်။

ခွေးလေးက မျောက်ရဲ့နောက်ကို ပြေးလိုက်ရင်း အဆက်မပျက်ဟောင်နေခဲ့ပေမဲ့လည်း စက်ဘီးကိုနင်းနေတဲ့မျောက် ကတော့ ရပ်တန့်ပေးမဲ့လက္ခဏာလုံးဝမပြဘဲ သူဌေးတစ်ယောက်လို ချေပြီး ဆက်နင်းနေခဲ့ပါတယ်။ ဒီတော့ ကလေးစက်ဘီးတစ်စီးကို ခိုးယူပြီး ခွေးရဲ့ရန်ကနေ လွတ်အောင် စက်ဘီးအား ပတ်တွန်းရင်း တက်စီးခဲ့တဲ့မျောက်တစ်ကောင်နှင့် သူများစက်ဘီးအား ခိုးယူရကောင်းလားဆိုပြီး မျောက်အား နောက်ကနေ ပြေးလိုက်ဖမ်းနေခဲ့တဲ့ခွေးလေးတို့ရဲ့ရယ်စရာမြင်ကွင်းဗီဒီယိုကို စာဖတ်သူတို့အတွက်ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျာ။

Mia (Mckzone Daily)

Be the first to comment on "စက္ဘီးကိုခိုးယူၿပီးတက္စီးေနခဲ့တဲ့ ေမ်ာက္ႏွင့္ ေနာက္ကေန ေဟာင္ရင္းေျပးလိုက္ေနခဲ့တဲ့ေခြးေလးတို႔ရဲ႕ရယ္စရာျမင္ကြင္း (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*