Mr. Thanatphorn Pranomphat လို့ခေါ်တဲ့ အမျိုးသားဟာ Loei ပြည်နယ်က သူ့ဇာတိမြို့ကို လမ်းလျောက်ပြန်နေတဲ့ အိမ်ခြေမဲ့အမျိုးသားတစ်ဦးနဲ့ ခွေးတစ်ကောင်ရဲ့ အဖြစ်အပျက်ကို ဝေမျှလာခဲ့ပါတယ် ။ ထို့ကြောင့် သူက အနည်းငယ်ကူညီရန်နဲ့ အခြားသူများလည်း ကူညီနိုင်ရန် ဆိုရှယ်မီဒီယာမှာ တင်ခဲ့လိုက်ရာမှ မကြာသေးမီက ပရဟိတ စိတ်ရှိတဲ့ဇနီးမောင်နှံနှစ်ဦးက ဒီအိမ်ခြေမဲ့လူကို ကူညီရန်ရောက်ရှိလာခဲ့ပါတယ် ။ “မနေ့က ငါ့အမေနဲ့အတူ Phu Khieo ဈေးကို ဝင်တုန်းက ခွေးနက်ကြီးနဲ့မြို့အနှံ့လမ်းလျှောက်နေတဲ့ အိမ်ခြေမဲ့လူကြီးကို တွေ့ပြီး အစက ငါဂရုမစိုက်ခဲ့ဘူး ။ ငါထင်တာက အဲဒီနားက လူတွေဖြစ်နိုင်တယ် ။
အမေနဲ့ ဈေးကပြန်လာတဲ့အခါ မီးနီပြနေလို့ ခွေးနဲ့အတူ လမ်းလျောက်နေတဲ့ ဒီအိမ်ခြေမဲ့လူကို ကြည့်ပြီး သူဘယ်သွားမလို့လဲလို့ အမေက တိတ်တဆိတ်တွေးမိဒါကြောင့် ကျွန်တော် ကားရပ်ပြီး အမေက သူ့ကိုဆင်းမေးလိုက်ပါတယ် ။ အမေကမေးခဲ့တယ် ဒါပေမယ့် သူ့နာမည်/အသက်ကို မေးဖို့မေ့နေတယ် ။
အမေသိတာက ဒီနေ့သူဟာ Kaeng Kro ကနေ သူ့အမေကိုတွေ့ဖို့ မြို့ကိုသွားမယ် လို့ပြောခဲ့ပါတယ် ။ ” လို့ Mr. Thanatphorn Pranomphat က ပြန်လည်ပြောပြခဲ့ပါတယ် ။
ဒီအိမ်ခြေမဲ့အမျိုးသားမှာ ပလတ်စတစ်အိတ်ထဲမှာ စောင်တစ်ထည်ပါရှိပြီး စားစရာတွေ ပိုက်ဆံတွေလည်းမရှိသလို သူ့နားမှာ သူအရမ်းချစ်ရတဲ့ခွေးတစ်ကောင်ဘဲ ရှိခဲ့ပါတယ် ။ ဒီအိမ်ခြေမဲ့လူက သူ့မိခင်ဆီသွားဖို့ ပိုက်ဆံမရှိတာကြောင့် ခွေးကလေးနဲ့အတူ လမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ ။ Mr. Thanatphorn ရဲ့ မိခင်က ဒီအိမ်ခြေမဲ့လူနဲ့ ခွေးအတွက် ထမင်းတွေကျွေးပြီး သူ့တို့ရဲ့ခရီးလမ်းစရိတ်အတွက် ပိုက်ဆံအနည်းငယ်ပါပေးခဲ့ပါတယ် ။
Mr. Thanatphorn တို့သားအမိက ဒီအိမ်ခြေမဲ့အမျိုးသားရဲ့အကြောင်း တင်ပြီး မကြာသေးမီက ပို့စ်ကိုမြင်တာနဲ့ သတင်းကြားတဲ့ ပရဟိတပရဟိတစုံတွဲက Loei ပြည်နယ်ရှိ အိမ်သို့ခေါ်ဆောင်ရန် အိမ်ခြေမဲ့အမျိုးသားနဲ့ ခွေးကိုတွေ့ရန်အပြေးအလွှားသွားပြီး ကူညီခဲ့လိုက်ပါတယ် ။
Netizens တွေက သူတို့ရဲ့ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားပြီး သူတို့စုံတွဲနှစ်ဦး ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ် ။
“ထိုင်းလူမျိုးတွေက ကြင်နာပြီးသနားကြင်နာမှုရှိနေသေးတဲ့အတွက် ဝမ်းသာမိပါတယ် ။ အန္တရာယ်ကင်းတဲ့ခရီးဖြစ်ပါစေ ။ သူနဲ့သူ့ခွေးကိုကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းသာပျော်ရွှင်မှုကို ရှာတွေ့နိုင်မှာပါ ” လူအများက စုတောင်းပေးနေကြပါတယ် ။
JRose (Mckzone Daily)
Source : thainewsonline
Be the first to comment on "လမ်းဘေးမှာ ခွေးတစ်ကောင်နဲ့အတူ လမ်းလျှောက်နေတဲ့ အိမ်ခြေမဲ့အမျိုးသားကို အကူအညီပေးခဲ့တဲ့ သဒ္ဒါတရားအပြည့်နဲ့ ဇနီးမောင်နှံနှစ်ဦး"