ဗီယက္နမ္ႏိုင္ငံက အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦးဟာ Ba Na လူမ်ိဳးမ်ားရဲ႕ ႐ိုးရာဝတ္စုံကို ဝတ္ဆင္ၿပီး Gia Lai ျပည္နယ္ရွိ စပါးစိုက္ခင္းအလယ္မွာ ရပ္ေနစဥ္သူမဟာ အလြန္ၾကည့္ေကာင္းေနခဲ့ပါတယ္ ။ ဒီမိန္းကေလးငယ္မွာ ႀကီးမားၿပီး လုံးဝန္းတဲ့ အနက္ေရာင္လို႔ ေဖာ္ျပတဲ့ သူမရဲ႕ မ်က္လုံးမ်ားက သူမရဲ႕ ဆြဲေဆာင္မႈအရွိဆုံးမ်က္ႏွာသြင္ျပင္လကၡဏာမ်ားလို႔ ဆိုၾကပါတယ္ ။ လူမ်ားစြာက သူမရဲ႕ Pleiu မ်က္လုံးမ်ားနဲ႔ သူမရဲ႕ နတ္သမီးအလား မ်က္ႏွာမ်ားေၾကာင့္ အလြန္ႏွစ္သက္ၾကပါတယ္ ။ ဓာတ္ပုံ႐ိုက္ကူးသူ Thanh Nam က “ ကြၽန္ေတာ္ သူမအေၾကာင္းကို မေတာ္တဆသိခဲ့တာပါ ။ သူမရဲ႕ မ်က္လုံးေတြကို အရမ္းအထင္ႀကီးမိခဲ့ၿပီး ဒီေကာင္မေလးကို ဓာတ္ပုံ႐ိုက္ခ်င္တယ္လို႔ သူ႔အေမကိုေျပာခဲ့တယ္။” ဆိုၿပီး ဓာတ္ပုံ ဆရာက ဆိုခဲ့ပါတယ္ ။
မိခင္ျဖစ္သူက သူမရဲ႕ သမီးေလးအတြက္ Ba Na လူမ်ိဳးမ်ားရဲ႕ ႐ိုးရာဝတ္စုံကိုေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္ ။ မိခင္က Nam ကို သူမရဲ႕သမီးေလး စပါးခင္းမွာ ကစားေနတဲ့ပုံကို ႐ိုက္ေပးဖို႔ အႀကံျပဳခဲ့ပါတယ္ ။ “ ေကာင္မေလးက ပထမေတာ့ရွက္မိတယ္ ၊ သူမအေမေနာက္မွာ ပုန္းေနခဲ့ေတာ့ ေနာက္ပိုင္း သူမစကားအနည္းငယ္ေျပာၿပီးေနာက္ ဓာတ္ပုံဟာ ပိုသဘာဝက်လာခဲ့ပါတယ္ ။ ဒီအဖိုးတန္အခ်ိန္ေတြကို ငါခ်က္ခ်င္းဖမ္းမိခဲ့တယ္ ။ ဓာတ္ပုံေတြက အမ်ားႀကီးအခ်စ္ခံရၿပီး လူအမ်ားခ်စ္ခင္ၾကမယ္လို႔ ငါမေမွ်ာ္လင့္ခဲ့ဘူး” လို႔ Nam က Vietnamnet သို႔ ေျပာၾကားခဲ့ပါတယ္ ။
ဓာတ္ပုံဆရာ Thanh Nam က လက္ရွိမွာ Da Nang ၿမိဳ႕လယ္ Duy Tan တကၠသိုလ္မွာ အႀကီးတန္းေက်ာင္းသားျဖစ္ပါတယ္ ။ Gia Lai ျပည္နယ္က ဓာတ္ပုံ႐ိုက္ရတာ အလြန္ေကာင္းတဲ့ ေနျဖစ္တဲ့အတြက္ သူက သူ႔ရဲ႕ ဇာတိၿမိဳ႕ျဖစ္တဲ့ ဒီျပည္နယ္ကို လွည့္လည္သြားလာေလ့ရွိပါတယ္ ။ အျပစ္ကင္းစင္တဲ့ ကေလးမ်ားကို Nam က အဓိက႐ိုက္ကူးခ်င္ခဲ့တာပါ ။ “ Gia Lai ျပည္နယ္ဟာ ခရီးသြားလုပ္ငန္းအတြက္ အျမတ္မထုတ္ရေသးတဲ့ ျမင္ကြင္းေတြ အမ်ားႀကီးရွိပါတယ္ ။ ဒီေနရာက သဘာဝနဲ႔ေဒသခံေတြကို ဝမ္းေျမာက္ေလးစားမိပါတယ္” လို႔ သူကဆက္ေျပာခဲ့ပါတယ္ ။
JRose (Mckzone Daily)
Source : vietnamtimes
Unicode
ဗီယက်နမ်နိုင်ငံက အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ Ba Na လူမျိုးများရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး Gia Lai ပြည်နယ်ရှိ စပါးစိုက်ခင်းအလယ်မှာ ရပ်နေစဉ်သူမဟာ အလွန်ကြည့်ကောင်းနေခဲ့ပါတယ် ။ ဒီမိန်းကလေးငယ်မှာ ကြီးမားပြီး လုံးဝန်းတဲ့ အနက်ရောင်လို့ ဖော်ပြတဲ့ သူမရဲ့ မျက်လုံးများက သူမရဲ့ ဆွဲဆောင်မှုအရှိဆုံးမျက်နှာသွင်ပြင်လက္ခဏာများလို့ ဆိုကြပါတယ် ။ လူများစွာက သူမရဲ့ Pleiu မျက်လုံးများနဲ့ သူမရဲ့ နတ်သမီးအလား မျက်နှာများကြောင့် အလွန်နှစ်သက်ကြပါတယ် ။ ဓာတ်ပုံရိုက်ကူးသူ Thanh Nam က “ ကျွန်တော် သူမအကြောင်းကို မတော်တဆသိခဲ့တာပါ ။ သူမရဲ့ မျက်လုံးတွေကို အရမ်းအထင်ကြီးမိခဲ့ပြီး ဒီကောင်မလေးကို ဓာတ်ပုံရိုက်ချင်တယ်လို့ သူ့အမေကိုပြောခဲ့တယ်။” ဆိုပြီး ဓာတ်ပုံ ဆရာက ဆိုခဲ့ပါတယ် ။
မိခင်ဖြစ်သူက သူမရဲ့ သမီးလေးအတွက် Ba Na လူမျိုးများရဲ့ ရိုးရာဝတ်စုံကိုရွေးချယ်ခဲ့တယ်လို့ သိရပါတယ် ။ မိခင်က Nam ကို သူမရဲ့သမီးလေး စပါးခင်းမှာ ကစားနေတဲ့ပုံကို ရိုက်ပေးဖို့ အကြံပြုခဲ့ပါတယ် ။ “ ကောင်မလေးက ပထမတော့ရှက်မိတယ် ၊ သူမအမေနောက်မှာ ပုန်းနေခဲ့တော့ နောက်ပိုင်း သူမစကားအနည်းငယ်ပြောပြီးနောက် ဓာတ်ပုံဟာ ပိုသဘာဝကျလာခဲ့ပါတယ် ။ ဒီအဖိုးတန်အချိန်တွေကို ငါချက်ချင်းဖမ်းမိခဲ့တယ် ။ ဓာတ်ပုံတွေက အများကြီးအချစ်ခံရပြီး လူအများချစ်ခင်ကြမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး” လို့ Nam က Vietnamnet သို့ ပြောကြားခဲ့ပါတယ် ။
ဓာတ်ပုံဆရာ Thanh Nam က လက်ရှိမှာ Da Nang မြို့လယ် Duy Tan တက္ကသိုလ်မှာ အကြီးတန်းကျောင်းသားဖြစ်ပါတယ် ။ Gia Lai ပြည်နယ်က ဓာတ်ပုံရိုက်ရတာ အလွန်ကောင်းတဲ့ နေဖြစ်တဲ့အတွက် သူက သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဒီပြည်နယ်ကို လှည့်လည်သွားလာလေ့ရှိပါတယ် ။ အပြစ်ကင်းစင်တဲ့ ကလေးများကို Nam က အဓိကရိုက်ကူးချင်ခဲ့တာပါ ။ “ Gia Lai ပြည်နယ်ဟာ ခရီးသွားလုပ်ငန်းအတွက် အမြတ်မထုတ်ရသေးတဲ့ မြင်ကွင်းတွေ အများကြီးရှိပါတယ် ။ ဒီနေရာက သဘာဝနဲ့ဒေသခံတွေကို ဝမ်းမြောက်လေးစားမိပါတယ်” လို့ သူကဆက်ပြောခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "လုံးဝန္းၿပီး မဲနက္တဲ့ မ်က္လုံးတစ္စုံကို ပိုင္ဆိုင္ထားတာေၾကာင့္ လႈမႈမီဒီယာတစ္ခြင္လုံးမွာ အခ်စ္ခံေနရတဲ့ ၇ႏွစ္အ႐ြယ္ကေလး"