.
.
.
.
.
JRose (Mckzone Daily)
Source : thainewsonline
Unicode
ဆိုရှယ်မီဒီယာမှာ အလွန်စိတ်ဝင်စားပြီးအထင်ကြီးလေးစားခံရသောအခြားဇာတ်လမ်းတစ်ပုဒ်ဟုဆိုနိုင်ပါသည်။ အသက် ၂၁ နှစ်အရွယ်မလေးမိန်းကလေးတစ်ယောက်က သူမရဲ့အောင်မြင်မှုကို ဆိုရှယ်မီဒီယာမှာ ပြသလာခဲ့ပါတယ် ။ သူမဟာ ဇိမ်ခံကား အနီရောင်တံဆိပ် နဲ့ ၁၄ သန်းဖြစ် ဝယ်ယူထားတဲ့ အိမ်တစ်လုံးကို ပြသလာခဲ့တာပါ ။ ၎င်းဟာ ဆိုရှယ်မီဒီယာမှာ အလွန်စိတ်ဝင်စားပြီး အထင်ကြီးလေးစားခံရတဲ့ သတင်းများထဲမှ တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ နိုင်ငံခြားဝက်ဘ်ဆိုက်များက သတင်းထုတ်ပြန်တဲ့အခါ မလေးရှားမှ YouTuber လူငယ်တစ်ဦးဟာ အသက် ၂၁ နှစ်သာရှိသေးပြီး အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ ။ ၎င်းဟာ YouTube channel တစ်ခုမှ ဝင်ငွေ ရှာပြီး ထိုင်းဘတ်ငွေ ၁၄ သန်းကျော်တန်အိမ်သစ်တစ်လုံးဝယ်ပြီး သူမက ဒုတိယမြောက် ဇိမ်ခံကားတစ်စီးကိုပါ ဝယ်ယူခဲ့ပါတယ် ။
Findy Yong လို့ခေါ်တဲ့ ဒီ အသက် ၂၁ နှစ် မိန်းကလေးက Youtube channel Findy Yong ကို ပိုင်ဆိုင်တဲ့ YouTuber တစ်ဦးဖြစ်ပြီး follower ၇၂၈ သိန်းကျော်ရှိပြီး သူမရဲ့ကလစ်အများစုက ဘဝပုံစံအကြောင်းအရာများပါဝင်ပါတယ် ။ သူမရဲ့ရည်းစားနဲ့သူမရဲ့အမေကို လှောင်ပြောင်ခြင်းအပါအဝင် စိန်ခေါ်မှုမျိုးစုံကိုဖြည့်ဆည်းရင်း Findy Yong ဟာအထက်တန်းကျောင်းမှာ YouTuber တစ်ယောက်အနေနဲ့စတင်လာခဲ့ပါတယ် ။ သူမက ဝင်ငွေရရန် နဲ့ အောင်မြင်ရန် နှစ်အနည်းငယ်သာအချိန်ယူခဲ့ရပါတယ် ။
မကြာသေးမီက သူမဟာ သူမရဲ့ဒုတိယမြောက်ကားတစ်စီးဝယ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီကားက သူမရဲ့မွေးနေ့မှာ သူမကိုယ်တိုင်ပေးတဲ့ လက်ဆောင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကထက် ယခု သူမက အဆ ၁၀၀ ပိုကြိုးစားချင်တယ်လို့လည်း ဆိုခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "မိမိကိုယ်တိုင်ဝယ်ယူထားတဲ့ ဇိမ်ခံကားတစ်စီးနဲ့ အိမ်တစ်လုံးကို social media ပေါ် ပြသပြီး လူများစွာကို လေးစားအားကျစေခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်မိန်းကလေး"