ပျားအကောင်ရေ ၂၀၀၀၀ နဲ့အတူ ကိုယ်ဝန်ဆောင်ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ရူးသွပ်မှုကြောင့် လူအများ အံ့အားသင့်ခဲ့ရ



.

.

.

JRose (Mckzone Daily)

Source : pupperish

.

.

.

Unicode

လှပတဲ့မိခင်တစ်ဦးဖြစ်တဲ့ Emily Mueller ဟာ ဒီအံ့သြဖွယ်ကောင်းတဲ့ ရူးသွပ်မှုဓာတ်ပုံများရိုက်ကူးပြီးနောက် အင်တာနက်ကို လုံးဝအံ့အားသင့်သွားစေခဲ့ပါတယ် ။ Emily နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ၂၀၁၅ ခုနှစ်မှာ “ Mueller Honey Bee” လို့ခေါ်တဲ့ ကုမ္ပဏီကို ဦးဆောင်ပြုလုပ်ပြီး ပျားများအားလုံးမျိုးသုဉ်းခြင်းမှ ကာကွယ်ခဲ့ပါတယ် ။ သူတို့ရဲ့ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု၊ အထူးသဖြင့် အိုဟိုင်းယိုးပြည်နယ်မှာ အခြေစိုက်ပြီး ၎င်းနယ်ပယ်နဲ့ ဆက်စပ်တဲ့ ထုတ်ကုန်မျိုးစုံကို ထုတ်လုပ်ခြင်းဖြင့် ၎င်းတို့အနက်မှ တစ်ခုမှာ ပျားရည်ရောင်းချခြင်းဖြစ်ပါတယ် ။ ကုမ္ပဏီဟာ မလိုလားအပ်တဲ့ နေရာများမှာ ဖြစ်ပျက်နေတဲ့ ကိုလိုနီများနဲ့ အင်ပျဉ်များနေရာပြောင်းရွှေ့မှုကိုလည်း ဂရုစိုက်ခဲ့ပါတယ် ။ တစ်နေ့မှာ Emily က ပန်းခြံတစ်ခုမှ ပျားအချို့ကို အသုံးပြုခဲ့ပြီး အံ့သြဖွယ်ဓာတ်ပုံများကို ဖန်တီးခဲ့ပါတယ် ။

ဒီအံ့သြဖွယ်ရာဓာတ်ပုံတွေကို ရိုက်ကူးပြီးနောက် သူမရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဝေမျှခဲ့လိုက်ပါတယ် ။ ကလေးတစ်ယောက်ကိုပြုစုရတာကခက်ခဲသလောက်ဖြစ်နေပေမယ့် အဲဒီဓာတ်ပုံရိုက်ခြင်းက Emily အတွကာ အဲဒီ့ကလေးအပေါ် သူမခံစားရတဲ့အချစ်တွေကြောင့် တခြားအရာတွေကိုတောင် အများကြီးအရေးမစိုက်ဘဲဖြစ်သွားတာကို ပြသတဲ့သဘောဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ပျားအကောင်ရေ ၂၀၀၀၀ နဲ့အတူ ကိုယ်ဝန်ဆောင်ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ရူးသွပ်မှုကြောင့် လူအများ အံ့အားသင့်ခဲ့ရ"

Leave a comment

Your email address will not be published.


*