တောထဲမှာ နှစ်ပေါင်း 40 ခန့် လူတွေနဲ့ထိတွေ့ဆက်ဆံမှု လုံးဝမရှိဘဲ နေထိုင်ခဲ့ရတဲ့ အမျိုးသား
JRose (Mckzone Daily)
Source : thainewsonline
Unicode
“ The Real Tarzan” လို့ လူသိတဲ့များတဲ့ ဗီယက်နမ်အမျိူးသားဟာ အပြင်လောကထဲသို့ ဝင်မလာမီ တောထဲမှာ ၄၁ နှစ်အကြာနေထိုင်ခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီး သတင်းအကြောင်းအရာ တစ်ပုဒ် ဖြစ်လာခဲ့ပါတယ် ။ ဗီယက်နမ်လူမျိုး ဟိုဝံလန်း (Ho Wan Lang) ဟာ ကမ္ဘာကြီးကို မသိဘဲ တောထဲမှာ ၄၁ နှစ်ကြာအောင် နေထိုင်ခဲ့ပြီးနောက် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးဆိုးရွားတဲ့အခါမှာသာ ယဉ်ကျေးတဲ့ လူ့ဘောင်သို့ ပြန်လာခဲ့ပါတယ် ။ Ho Wan Lang ဟာ သူ့အသက်၂နှစ်သားကတည်းက တောမှာနေထိုင်ခဲ့ပြီး လူ့ဘောင်သို့ ပြန်ဝင်လာတဲ့အခါမှာ တောအုပ်အပြင်ဘက်မှာရှိတဲ့ ယဉ်ကျေးမှုကိုရှာဖွေခြင်းဟာ သူသင်ယူရန်နဲ့ လိုက်လျောညီထွေရှိရန် လိုအပ်တဲ့ အရာဖြစ်ပါတယ် ။
ဒီအစစ်အမှန် Ho Wan Lang Tarzan က အသက် ၅၂ နှစ်မှာ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့ပါတယ် ။ Ho Wan Lang နဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ခဲ့တဲ့ စူးစမ်းလေ့လာသူ Alvaro Cerezo က ခေတ်သစ်လူမှုဘဝနေထိုင်မှုပုံစံဟာ သူစတင်စားသောက်စဉ်က Tarzan ကိုဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ် ။ အစားအစာအသစ်များနဲ့ အရက်ကိုရံဖန်ရံခါစမ်းသပ်ကြည့်ရာ Cerezo က သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတာကို လွန်စွာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ် ။ ဒါပေမယ့်လည်း သူဟာ လွန်ခဲ့တဲ့လ အနည်းငယ်ကတည်းက သူခံစားခဲ့ရတာကို သိသောကြောင့် သူ့ရဲ့ထွက်ခွာမှုက လွတ်မြောက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "တောထဲမှာ နှစ်ပေါင်း 40 ခန့် လူတွေနဲ့ထိတွေ့ဆက်ဆံမှု လုံးဝမရှိဘဲ နေထိုင်ခဲ့ရတဲ့ အမျိုးသား"
Leave a comment
Your email address will not be published.
*