လူတိုင္းမွာ အိပ္မက္ကိုယ္စီရွိၾကပါတယ္ ။ သို႔ေသာ္ ၁၇ ႏွစ္သားအ႐ြယ္ လက္ႏွစ္ဖက္မရွိတဲ့ မသန္စြမ္းမိန္းကေလး “Nong Fai Bunthida Chinwong” လိုလူက သူရဲ႕ အိပ္မက္မ်ားကို ဘယ္လိုအေကာင္အထည္ေဖာ္မလဲ ။ Nong Fai ဟာ ေမြးကတည္းက လက္မ်ားမပါဘဲ ေမြးဖြားလာၿပီး ေျခေထာက္တစ္ဖက္တို တစ္ဖက္ရွည္ျဖစ္ေနပါတယ္ ။ သူမဟာ မိတ္ကပ္ပညာရွင္တစ္ေယာက္ျဖစ္ဖို႔ အိပ္မက္မက္ခဲ့ၿပီး ဒီေန႔မွာေတာ့ သူမရဲ႕အိပ္မက္ကို ေအာင္ျမင္စြာ ျဖည့္ဆည္းႏိုင္ခဲ့ပါတယ္ ။ ကိုယ္အဂၤါ ၃၂ ခုမရွိေသာ္လည္း Nong Fai က မည္သည့္အခါမွ လက္ေလွ်ာ့ျခင္းမရွိဘဲ သူမက YouTube ေပၚမွာ မိတ္ကပ္လိမ္းျခယ္ျခင္းကို ေလ့လာျခင္းျဖစ္ စတင္ခဲ့ပါတယ္ ။ အဲ့ဒီေနာက္ သူမက ေျခဖဝါးမိတ္ကပ္သုံးၿပီး youtube က video clip တစ္ခုျပဳလုပ္ကာ သူမရဲ႕ မိတ္ကပ္ပညာကို ျပန္လည္ေဝမွ်ေပးခဲ့ပါတယ္ ။
မၾကာေသးမီက သူမဟာ “Tim Ten Day” အစီအစဥ္မွာ ပါဝင္ခဲ့ၿပီး “Pat Napapha” အတြက္ သူမရဲ႕ေျခဖဝါးေတြ အသုံးျပဳႏိုင္စြမ္းကို ျပသခဲ့ပါတယ္ ။ အခု Nong Fai မွာ အလုပ္ေတြအမ်ားႀကီးဝင္လာၿပီး ေဝဖန္သုံးသပ္ဖို႔ အဆက္အသြယ္ေတြေရာ၊ ႏႈတ္ခမ္းနီတံဆိပ္ေရာ သူတို႔ကဓါတ္ပုံ႐ိုက္ဖို႔ တင္ဆက္ဖို႔ဆက္သြယ္လာၾကပါတယ္ ။ မိသားစုအေတာ္ေလးဆင္းရဲေသာေၾကာင့္ Nong Fai က သူမရဲ႕ မိဘမ်ားကို အခက္အခဲမရွိေအာင္ ေနထိုင္ႏိုင္ရန္နဲ႔ အိမ္တစ္လုံးဝယ္ဖို႔အတြက္ သူမေငြေတြရရွိဖို႔ အလုပ္လုပ္ခဲ့ရပါတယ္ ။
ခႏၶာကိုယ္က တျခားသူေတြလို မျပည့္စုံေပမယ့္လည္း Nong Fai က သူမႏွစ္သက္တဲ့အရာကိုလုပ္ဖို႔ အခိုင္အမာဆုံးျဖတ္ထားပါတယ္ ။ သူမက ထက္ျမက္ၿပီး အလြန္ခိုင္မာတဲ့ စိတ္ရွိတယ္ ။ စိတ္ဓာတ္က်ေနသူမ်ားအတြက္ ဒီမိန္းကေလးက သင္တို႔ကို inspire ျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ပါတယ္ ။
.
.
.
JRose (Mckzone Daily)
Source : sanook
Unicode
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် ။ သို့သော် ၁၇ နှစ်သားအရွယ် လက်နှစ်ဖက်မရှိတဲ့ မသန်စွမ်းမိန်းကလေး “Nong Fai Bunthida Chinwong” လိုလူက သူရဲ့ အိပ်မက်များကို ဘယ်လိုအကောင်အထည်ဖော်မလဲ ။ Nong Fai ဟာ မွေးကတည်းက လက်များမပါဘဲ မွေးဖွားလာပြီး ခြေထောက်တစ်ဖက်တို တစ်ဖက်ရှည်ဖြစ်နေပါတယ် ။ သူမဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပြီး ဒီနေ့မှာတော့ သူမရဲ့အိပ်မက်ကို အောင်မြင်စွာ ဖြည့်ဆည်းနိုင်ခဲ့ပါတယ် ။ ကိုယ်အင်္ဂါ ၃၂ ခုမရှိသော်လည်း Nong Fai က မည်သည့်အခါမှ လက်လျှော့ခြင်းမရှိဘဲ သူမက YouTube ပေါ်မှာ မိတ်ကပ်လိမ်းခြယ်ခြင်းကို လေ့လာခြင်းဖြစ် စတင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူမက ခြေဖဝါးမိတ်ကပ်သုံးပြီး youtube က video clip တစ်ခုပြုလုပ်ကာ သူမရဲ့ မိတ်ကပ်ပညာကို ပြန်လည်ဝေမျှပေးခဲ့ပါတယ် ။
မကြာသေးမီက သူမဟာ “Tim Ten Day” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး “Pat Napapha” အတွက် သူမရဲ့ခြေဖဝါးတွေ အသုံးပြုနိုင်စွမ်းကို ပြသခဲ့ပါတယ် ။ အခု Nong Fai မှာ အလုပ်တွေအများကြီးဝင်လာပြီး ဝေဖန်သုံးသပ်ဖို့ အဆက်အသွယ်တွေရော၊ နှုတ်ခမ်းနီတံဆိပ်ရော သူတို့ကဓါတ်ပုံရိုက်ဖို့ တင်ဆက်ဖို့ဆက်သွယ်လာကြပါတယ် ။ မိသားစုအတော်လေးဆင်းရဲသောကြောင့် Nong Fai က သူမရဲ့ မိဘများကို အခက်အခဲမရှိအောင် နေထိုင်နိုင်ရန်နဲ့ အိမ်တစ်လုံးဝယ်ဖို့အတွက် သူမငွေတွေရရှိဖို့ အလုပ်လုပ်ခဲ့ရပါတယ် ။
ခန္ဓာကိုယ်က တခြားသူတွေလို မပြည့်စုံပေမယ့်လည်း Nong Fai က သူမနှစ်သက်တဲ့အရာကိုလုပ်ဖို့ အခိုင်အမာဆုံးဖြတ်ထားပါတယ် ။ သူမက ထက်မြက်ပြီး အလွန်ခိုင်မာတဲ့ စိတ်ရှိတယ် ။ စိတ်ဓာတ်ကျနေသူများအတွက် ဒီမိန်းကလေးက သင်တို့ကို inspire ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "လက္မ်ားမရွိေပမဲ့ မိတ္ကပ္လိမ္းျခယ္ရန္ ေျခကိုသုံးၿပီး မိဘေတြကို လုပ္ေကြၽးေနတဲ့ မသန္စြမ္းမိတ္ကပ္ပညာရွင္"