အိမ်မှာ ၄နှစ်ကြာအလုပ်လုပ်လာခဲ့တဲ့ အိမ်ဖော်မလေးကို မယားအဖြစ်လက်ထပ်ယူရန် ခင်ပွန်းကို တောင်းဆိုခဲ့တဲ့ အမျိုးသမီး




.

.

.

.

JRose (Mckzone Daily)

Source : thainewsonline

Unicode

အသက် ၂၆ နှစ်အရွယ်မလေးရှားအမျိုးသမီးတစ်ဦးက သူမရဲ့ အသက် ၃၄ နှစ်အရွယ်ခင်ပွန်းကို အိမ်မှာ ၄ နှစ်အကြာ အိမ်ဖော်လာလုပ်တဲ့ ၁၈ နှစ်အရွယ် မိန်းကလေးနဲ့ လက်ထပ်ရန် တောင်းဆိုခဲ့ပါတယ် ။ “ကျွန်မရဲ့ခင်ပွန်းကို ပထမဆုံးအကြိမ်ပြောပြတဲ့အခါ သူအရမ်းအံ့သြတုန်လှုပ်သွားခဲ့တယ် ” လို့ သူမက ဆိုပါတယ် ။ ၎င်းဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလို့ ခေါ်နိုင်ပါတယ် ။ နိုင်ငံခြားသတင်းဝက်ဘ်ဆိုက်များက Zarifa Salmah Tuan Embong လို့ခေါ်တဲ့ အသက် ၂၆ နှစ်အရွယ်မလေးရှားအမျိုးသမီးတစ်ဦးက အွန်လိုင်းပေါ်မှ ခံစားချက်တစ်ခုကို ဖန်တီးခဲ့ပြီး သူမဟာ အသက် (၃၄) နှစ်အရွယ်ခင်ပွန်းကို သူမရဲ့အသက် (၁၈) နှစ်အရွယ် ကလေးထိန်းအမျိုးသမီးနဲ့ မယားအဖြစ်လက်ထပ်ဖို့ တောင်းဆိုခဲ့ပါတယ် ။

သူမနဲ့ သူမရဲ့ခင်ပွန်းတို့က အိမ်ထောင်ကျပြီးအသက် ၇ နှစ်အရွယ် သားတစ်ယောက်ရှိနေပါပြီ ။ ကလေးထိန်းအမျိုးသမီးက သူနဲ့ သူမရဲ့ခင်ပွန်းတို့နဲ့အတူ မိသားစုဝင်များကဲ့သို့ ချစ်ခင်နှောင်ကြိုးမဝင်မှီ ၄ နှစ်ကျော်သူတို့ မိသားစုနဲ့ အတူတူ အလုပ်လုပ်နေခဲ့တာပါ ။ ဒါ့အပြင် သူမရဲ့ခင်ပွန်းက ကလေးပိုလိုချင်ခဲ့တယ်လို့ ပြောပြီး ဒါပေမယ့် သူမဟာ ကိုယ်ဝန်ပျက်ကျတာကို ရင်ဆိုင်ခဲ့ရပါတယ် ။ ဒါကြောင့် သူမကို ဒီထူးဆန်းတဲ့စိတ်ကူးတစ်ခု ရစေခဲ့ပါတယ် ။

သူမရဲ့ခင်ပွန်းကို ဒီစိတ်ကူး ပထမဆုံးအကြိမ်ဖြင့် ပြောပြတဲ့အခါမှာ ခင်ပွန်းက အနည်းငယ်ထိတ်လန့်သွားခဲ့ပါတယ် ။ ဒါပေမယ့် သူမအကြောင်းပြချက်ကို ရှင်းပြတဲ့အခါ အဆုံးမှာတော့ ဒါဟာဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တာကြောင့် ခင်ပွန်းကလည်း ကျေနပ်စွာသဘောတူခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အိမ်မှာ ၄နှစ်ကြာအလုပ်လုပ်လာခဲ့တဲ့ အိမ်ဖော်မလေးကို မယားအဖြစ်လက်ထပ်ယူရန် ခင်ပွန်းကို တောင်းဆိုခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*